သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အိန္ဒိယ စမ်းသပ်ပြင်ဆင်


(Zawgyi/Unicode)

အိန္ဒိယ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရေးကို လာမယ့် ဇန်နဝါရီလထဲ စတင်ဖို့ ခန့်မှန်းထားပြီး အစုလိုက် အပြုံလိုက် ကာကွယ်ဆေးထိုးနှံရေး အတွက် ၂ ရက်ကြာ အစမ်းလေ့ကျင့်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု ကမ္ဘာ့ ဒုတိယ အဆိုးဆုံး အိန္ဒိယမှာ နေ့စဉ် ကူးစက်မှုနှုန်းကတော့ အများအပြား ကျဆင်းလာတာကိုတွေ့ရပြီး ကာကွယ်ဆေးထိုးနှံမှုကြောင့် ဒုတိယ တကျော့ ကူးစက်မှု ဖြစ်မယ့် အရေးကနေ ကာကွယ်နိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။

Punjab, Assam, Gujarat နဲ့ Andhra Pradesh ပြည်နယ်တို့မှာ ကာကွယ်ဆေးထိုး လုပ်ငန်းတွေ အတွက် အစမ်းလေ့ကျင့် ခဲ့ကြတာမှာ အအေးခန်းဆိုင်ရာ အခြေခံ အဆောက်အဦးတွေ၊ သိုလှောင်မယ့် နေရာတွေကို ပို့ဆောင်ရေး စနစ်တွေကို တနလာၤနေ့နဲ့ အင်္ဂါနေ့က အာဏာပိုင်တွေ စမ်းသပ်ခဲ့ကြပါတယ်။

ဒီပြည်နယ် လေးခုက ဆေးရုံတွေနဲ့ ကျန်းမာရေး စင်တာတွေမှာတော့ ကာကွယ်ဆေးထိုးနှံပေးမယ့် အခန်းတွေနဲ့ အအေးခန်းသိုလှောင်တဲ့ နေရာတွေနဲ့ ချိတ်ဆက်ပြီးလည်း စီစဉ်ထားပါတယ်။

ကာကွယ်ဆေးထိုးပေးမယ့်သူတွေ အနေနဲ့ ဆေးကို ဘယ်လို ထားရမလဲ ဆိုတာနဲ့ ဆေးထိုးနည်းတွေကို ပြသပေးသလို ကာကွယ်ဆေး ထိုးနှံရေး အစမ်းလေ့ကျင့်မှုမှာ ကျန်းမာရေး ဝန်ထမ်းတွေ သရုပ်ပြ အနေနဲ့ ပါဝင်ခဲ့ကြပါတယ်။ ကာကွယ်ဆေး တခုကို အသုံးပြုခွင့်ပေးတာနဲ့ အချိန်တို အတွင်း ကာကွယ်ဆေးထိုးနှံမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

AstraZeneca, Pfizer/BioNTech နဲ့ အိန္ဒိယ ပြည်တွင်းထုတ် Bharat Biotech တို့က ကာကွယ်ဆေး သုံးမျိုးကို အရေးပေါ်သုံး ခွင့်ပြုချက် အတွက် ဆေးဝါးဆိုင်ရာ ကြီးကြပ်သူတွေ သုံးသပ်နေကြတာပါ။ AstraZeneca ကာကွယ်ဆေးက အသုံးပြုခွင့်ရမယ်လို့ ခန့်မှန်းကြောင်း Serum Institute of India ရဲ့ အမှုဆောင် အရာရှိချုပ် Adar Poonawalla က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG