သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စင္ကာပူမွာ ကိုဗစ္ကာကြယ္ေဆး ပထမဆံုးထိုးႏွံ


စကၤာပူ သူနာျပဳဆရာမႀကီး Sarah Lim ကိုဗစ္ကာကြယ္ေဆးထိုးႏွံေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

စကၤာပူႏိုင္ငံမွာ ဒီကေန႔ ဗုဒၶဟူးေန႔ကစၿပီး က်န္းမာေရးဝန္ထမ္းေတြကို Pfizer နဲ႔ BioNTec ကုမၸဏီထုတ္ COVID 19 ကာကြယ္ေဆးေတြ စတင္ ထိုးေပးေနၿပီ ျဖစ္ပါတယ္။ တကမာၻလုံးအတိုင္းအတာနဲ႔ လူေပါင္း ၁.၇ သန္း ေသဆုံးခဲ့ရၿပီျဖစ္တဲ့ ကပ္ေရာဂါႀကီးကို တိုက္ဖ်က္ဖို႔ စကၤာပူႏိုင္ငံကကာကြယ္ ေဆးစတင္ ထိုးႏွံေပးတဲ့ ပထမဆုံး အာရွႏိုင္ငံ ျဖစ္လာပါတယ္။ စကၤာပူ သူနာျပဳဆရာမႀကီး Sarah Lim က ပထမဆုံး ကာကြယ္ေဆး ထိုးခံသူ ျဖစ္ပါတယ္။

"ပထမဆုံးအႀကိမ္ ကာကြယ္ေဆးထိုးရသူ ျဖစ္ရလို႔ သိပ္ကို ေက်းဇူးတင္မိေၾကာင္း၊ ကိုဗစ္ရန္ကေန ကာကြယ္ႏိုင္ဖို႔ တျခားလူေတြ ကာကြယ္ ေဆးထိုးဖို႔ကို စိတ္အားတက္ေအာင္ လုပ္ေပးႏိုင္လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။" လို႔ သူနာျပဳ ဆရာမႀကီး Sarah Lim ကေျပာပါတယ္။

အသက္ ၄၆ ႏွစ္အ႐ြယ္ သူနာျပဳဆရာမ Sarah Lim နဲ႔ အသက္ ၄၃ ႏွစ္အ႐ြယ္ ကူးစက္ေရာဂါဆရာဝန္ Kalisvar Marimuthu တို႔က စကၤာပူ အမ်ိဳးသား ကူးစက္ေရာဂါဗဟိုဌာနမွာ ပထမဆုံးေဆးထိုးခံသူ အေယာက္ ၃၀ ထဲ ပါဝင္ပါတယ္။ သူတို႔တေတြအားလုံး ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ ေနာက္ထပ္ ေဆးတစ္လုံးထပ္ထိုးၾကရမယ္လို႔ စကၤာပူ က်န္းမာေရးဌာနက ေျပာပါတယ္။

စကၤာပူႏိုင္ငံက အာရွမွာ Pfizer နဲ႔ BioNTec ကုမၸဏီထုတ္ COVID 19 ကာကြယ္ေဆး သုံးစြဲဖို႔ အတည္ျပဳ ခြင့္ျပဳခ်က္ေပးတဲ့ ပထမဆုံး ႏိုင္ငံ ျဖစ္ပါတယ္။ ႀကိဳတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ကာကြယ္ေဆးေတြမွာယူထားသလို ႀကိဳတင္ေငြေပးၿပီး Moderna နဲ႔ Sonovac ကာကြယ္ေဆးေတြ အပါအဝင္ အလားအလာ ရွိတဲ့ ကာကြယ္ေဆးေတြကို ဝယ္ယူထားပါတယ္။

၂၀၂၁ ခုႏွစ္တတိယသုံးလပတ္အေရာက္မွာ ႏိုင္ငံ့လူဦးေရ ၅.၇ သန္းအတြက္ လုံေလာက္တဲ့ ကာကြယ္ေဆးေတြ ရႏိုင္မယ္လို႔ ခန္႔မွန္းထားပါတယ္။

စင္ကာပူမွာ ကိုဗစ္ကာကြယ္ေဆး ပထမဆံုးထိုးႏွံ
please wait

No media source currently available

0:00 0:01:32 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စင်ကာပူမှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံးထိုးနှံ

စင်္ကာပူနိုင်ငံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေကို Pfizer နဲ့ BioNTec ကုမ္ပဏီထုတ် COVID 19 ကာကွယ်ဆေးတွေ စတင် ထိုးပေးနေပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူပေါင်း ၁.၇ သန်း သေဆုံးခဲ့ရပြီဖြစ်တဲ့ ကပ်ရောဂါကြီးကို တိုက်ဖျက်ဖို့ စင်္ကာပူနိုင်ငံကကာကွယ် ဆေးစတင် ထိုးနှံပေးတဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါတယ်။ စင်္ကာပူ သူနာပြုဆရာမကြီး Sarah Lim က ပထမဆုံး ကာကွယ်ဆေး ထိုးခံသူ ဖြစ်ပါတယ်။

"ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးရသူ ဖြစ်ရလို့ သိပ်ကို ကျေးဇူးတင်မိကြောင်း၊ ကိုဗစ်ရန်ကနေ ကာကွယ်နိုင်ဖို့ တခြားလူတွေ ကာကွယ် ဆေးထိုးဖို့ကို စိတ်အားတက်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။" လို့ သူနာပြု ဆရာမကြီး Sarah Lim ကပြောပါတယ်။

အသက် ၄၆ နှစ်အရွယ် သူနာပြုဆရာမ Sarah Lim နဲ့ အသက် ၄၃ နှစ်အရွယ် ကူးစက်ရောဂါဆရာဝန် Kalisvar Marimuthu တို့က စင်္ကာပူ အမျိုးသား ကူးစက်ရောဂါဗဟိုဌာနမှာ ပထမဆုံးဆေးထိုးခံသူ အယောက် ၃၀ ထဲ ပါဝင်ပါတယ်။ သူတို့တတွေအားလုံး ဇန်နဝါရီလ ၂၀ ရက်နေ့မှာ နောက်ထပ် ဆေးတစ်လုံးထပ်ထိုးကြရမယ်လို့ စင်္ကာပူ ကျန်းမာရေးဌာနက ပြောပါတယ်။

စင်္ကာပူနိုင်ငံက အာရှမှာ Pfizer နဲ့ BioNTec ကုမ္ပဏီထုတ် COVID 19 ကာကွယ်ဆေး သုံးစွဲဖို့ အတည်ပြု ခွင့်ပြုချက်ပေးတဲ့ ပထမဆုံး နိုင်ငံ ဖြစ်ပါတယ်။ ကြိုတင်စာချုပ်ချုပ်ဆိုပြီး ကာကွယ်ဆေးတွေမှာယူထားသလို ကြိုတင်ငွေပေးပြီး Moderna နဲ့ Sonovac ကာကွယ်ဆေးတွေ အပါအဝင် အလားအလာ ရှိတဲ့ ကာကွယ်ဆေးတွေကို ဝယ်ယူထားပါတယ်။

၂၀၂၁ ခုနှစ်တတိယသုံးလပတ်အရောက်မှာ နိုင်ငံ့လူဦးရေ ၅.၇ သန်းအတွက် လုံလောက်တဲ့ ကာကွယ်ဆေးတွေ ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG