သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီဇေျပာင္း ကို႐ိုနာပိုးေတြ႕ရွိမႈ ပံုမွန္ျဖစ္စဥ္ဟု WHO ရွင္းလင္း


ေတာင္ကိုရီးယားႏိုင္ငံ Incheon ေလဆိပ္မွာေတြ႕ရတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးဗီဇဖြဲ႕စည္းပုံ ဆင့္ကဲ ေျပာင္းလဲတာက ပုံမွန္ ျဖစ္စဥ္တစ္ခုျဖစ္ၿပီး အနာဂတ္မွာ ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ေတြကို ပိုၿပီး ေတြ႕လာမွာ ျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ေျပာပါတယ္။

ယူေကနဲ႔ ေတာင္အာဖရိကႏိုင္ငံေတြမွာ ေတြ႕ရတဲ့ ဗိုင္းရပ္စ္က တစ္ခ်ိန္တည္းမွာ ေပၚလာတဲ့ မတူညီတဲ့ ဗီဇေျပာင္း ဗိုင္းရပ္စ္ေတြ ျဖစ္ေၾကာင္း၊ အဲဒီ ဗိုင္းရပ္စ္ ႏွစ္မ်ိဳးစလုံး ဗိုင္းရပ္စ္ရဲ႕ ပ႐ိုတိန္း လက္တံမွာ ဗီဇဆင့္ကဲေျပာင္းလဲသြားတာ ျဖစ္လို႔ မတူညီတဲ့ မ်ိဳးစိတ္ကြဲ ဗိုင္းရပ္စ္ေတြ ျဖစ္လာေၾကာင္း WHO ရဲ႕ အေရးေပၚ အစီအစဥ္ နည္းပညာဆိုင္ရာ အႀကီးအကဲ Maria Van Kerkhove က တနလၤာေန႔က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားတာ ျဖစ္ပါတယ္။

ဒါ့အျပင္၊ အဲဒီ မ်ိဳးဗီဇေျပာင္းဗိုင္းရပ္စ္မ်ိဳးစိတ္ကြဲ ႏွစ္မ်ိဳးစလုံးနဲ႔ ပတ္သက္ၿပီး ေဆး႐ုံတက္ရတဲ့ လူအေရအတြက္နဲ႔ ေသဆုံးမႈႏႈန္းေတြကို ၂၈ ရက္အတြင္း ေလ့လာခ်က္အရ မူလ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ကြာျခားမႈ မရွိေၾကာင္းနဲ႔ အနာဂတ္မွာ အဲဒီလို မ်ိဳးဗီဇေျပာင္း ဗိုင္းရပ္စ္ေတြ ပိုၿပီး ေတြ႕ လာႏိုင္မွာ ျဖစ္ေပမယ့္ လက္ရွိ ဗိုင္းရပ္စ္ေတြနဲ႔ မကြာျခားဘူးလို႔လည္း Maria Van Kerkhove က ေျပာပါတယ္။

WHO အေရးေပၚ က်န္းမာေရး အစီအစဥ္ရဲ႕ အမႈေဆာင္ ၫႊန္ၾကားေရးမႉး Michael Ryan ကလည္း ကို႐ိုနာဗိုင္းရပ္စ္ဟာ အနာဂတ္မွာ ကမာၻ႔ ကပ္ေရာဂါ အဆင့္ကေန ေဒသတြင္း ကူးစက္ေရာဂါ အဆင့္ကို ေရာက္ရွိသြားမွာ ျဖစ္ေၾကာင္း၊ ကာကြယ္ေဆးက ဗိုင္းရပ္စ္ေၾကာင့္ ေနထိုင္မေကာင္း ျဖစ္တာနဲ႔ အသက္ဆုံးရႈံးတာေတြကို ေလ်ာ့နည္းက်ဆင္းသြားေစလိမ့္မယ္လို႔လည္း ေျပာပါတယ္။ က်န္းမာေရး ဝန္ထမ္းေတြနဲ႔ ဗိုင္းရပ္စ္တားဆီးေရး ေရွ႕တန္းက ပါဝင္ေနတဲ့သူေတြကို ကာကြယ္ေဆးထိုးေပးရင္း ကပ္ေရာဂါကို အားနည္းသြားေအာင္ လုပ္ေဆာင္ႏိုင္မယ္လို႔ Michael Ryan က ေျပာပါတယ္။

မ်ိဳးဗီဇေျပာင္းကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေနမႈကို ယူေကႏိုင္ငံမွာ ပထမဦးဆုံး ေတြ႕ရွိခဲ့တာ ျဖစ္ၿပီး အဲဒီေနာက္ ေတာင္အာဖရိက၊ ဂ်ပန္၊ ကေနဒါနဲ႔ ေတာင္ကိုရီးယားႏိုင္ငံေတြမွာ ထပ္မံ ေတြ႕ရွိခဲ့လို႔ ကူးစက္မႈ ပိုျမန္တဲ့ ဗိုင္းရပ္စ္မ်ိဳးစိတ္နဲ႔ ပတ္သက္လို႔ ကမာၻတစ္ဝွမ္း လူထုက်န္းမာေရးဆိုင္ရာ စိုးရိမ္ပူပန္မႈေတြ ထြက္ေပၚလာေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗီဇပြောင်း ကိုရိုနာပိုးတွေ့ရှိမှု ပုံမှန်ဖြစ်စဉ်ဟု WHO ရှင်းလင်း

ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇဖွဲ့စည်းပုံ ဆင့်ကဲ ပြောင်းလဲတာက ပုံမှန် ဖြစ်စဉ်တစ်ခုဖြစ်ပြီး အနာဂတ်မှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေကို ပိုပြီး တွေ့လာမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

ယူကေနဲ့ တောင်အာဖရိကနိုင်ငံတွေမှာ တွေ့ရတဲ့ ဗိုင်းရပ်စ်က တစ်ချိန်တည်းမှာ ပေါ်လာတဲ့ မတူညီတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်တွေ ဖြစ်ကြောင်း၊ အဲဒီ ဗိုင်းရပ်စ် နှစ်မျိုးစလုံး ဗိုင်းရပ်စ်ရဲ့ ပရိုတိန်း လက်တံမှာ ဗီဇဆင့်ကဲပြောင်းလဲသွားတာ ဖြစ်လို့ မတူညီတဲ့ မျိုးစိတ်ကွဲ ဗိုင်းရပ်စ်တွေ ဖြစ်လာကြောင်း WHO ရဲ့ အရေးပေါ် အစီအစဉ် နည်းပညာဆိုင်ရာ အကြီးအကဲ Maria Van Kerkhove က တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင်၊ အဲဒီ မျိုးဗီဇပြောင်းဗိုင်းရပ်စ်မျိုးစိတ်ကွဲ နှစ်မျိုးစလုံးနဲ့ ပတ်သက်ပြီး ဆေးရုံတက်ရတဲ့ လူအရေအတွက်နဲ့ သေဆုံးမှုနှုန်းတွေကို ၂၈ ရက်အတွင်း လေ့လာချက်အရ မူလ ကိုရိုနာဗိုင်းရပ်စ်နဲ့ ကွာခြားမှု မရှိကြောင်းနဲ့ အနာဂတ်မှာ အဲဒီလို မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေ ပိုပြီး တွေ့ လာနိုင်မှာ ဖြစ်ပေမယ့် လက်ရှိ ဗိုင်းရပ်စ်တွေနဲ့ မကွာခြားဘူးလို့လည်း Maria Van Kerkhove က ပြောပါတယ်။

WHO အရေးပေါ် ကျန်းမာရေး အစီအစဉ်ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Michael Ryan ကလည်း ကိုရိုနာဗိုင်းရပ်စ်ဟာ အနာဂတ်မှာ ကမ္ဘာ့ ကပ်ရောဂါ အဆင့်ကနေ ဒေသတွင်း ကူးစက်ရောဂါ အဆင့်ကို ရောက်ရှိသွားမှာ ဖြစ်ကြောင်း၊ ကာကွယ်ဆေးက ဗိုင်းရပ်စ်ကြောင့် နေထိုင်မကောင်း ဖြစ်တာနဲ့ အသက်ဆုံးရှုံးတာတွေကို လျော့နည်းကျဆင်းသွားစေလိမ့်မယ်လို့လည်း ပြောပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဗိုင်းရပ်စ်တားဆီးရေး ရှေ့တန်းက ပါဝင်နေတဲ့သူတွေကို ကာကွယ်ဆေးထိုးပေးရင်း ကပ်ရောဂါကို အားနည်းသွားအောင် လုပ်ဆောင်နိုင်မယ်လို့ Michael Ryan က ပြောပါတယ်။

မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်နေမှုကို ယူကေနိုင်ငံမှာ ပထမဦးဆုံး တွေ့ရှိခဲ့တာ ဖြစ်ပြီး အဲဒီနောက် တောင်အာဖရိက၊ ဂျပန်၊ ကနေဒါနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ထပ်မံ တွေ့ရှိခဲ့လို့ ကူးစက်မှု ပိုမြန်တဲ့ ဗိုင်းရပ်စ်မျိုးစိတ်နဲ့ ပတ်သက်လို့ ကမ္ဘာတစ်ဝှမ်း လူထုကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG