သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် တောင်ကိုရီးယားမှာ တွေ့ရှိ


တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၇၊ ၂၀၂၀)
တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

တောင်ကိုရီးယားနိုင်ငံမှာတော့ ဗြိတိန်မှာစတွေ့ခဲ့တဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုး စတွေ့ခဲ့လို့၊ ထပ်မပြန့်ခင် အမြန် ကာကွယ်ဆေးထိုးနိုင်ဖို့ လုံးပမ်းနေပါပြီ။

ဗြိတိန်မှာ ကူးစက်မှု မြန်နေတဲ့ အခုမျိုးကွဲဗိုင်းရပ်စ်ပိုးသစ်ပိုး ပထမဆုံးကူးစက်ခံရသူတချို့ စတွေ့လိုက်တယ်လို့ တောင်ကိုရီးယားအရာရှိတွေအနေနဲ့ ဒီနေ့မှာပဲ ကြေညညာလိုက်အပြီးမှာ၊ အခုလိုလူထုအကြား ကာကွယ်ဆေးထိုးအစီအစဉ်အမြန်လုပ်ဖို့ ကတိပြုလိုက်ကြတာပါ။

တောင်ကိုရီးယားရဲ့ KCDC ကိုရီးယားရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက၊ လက်ရှိထက်ကူးစက်မြန်နေတဲ့ ဒီဗီဇပြောင်းမျိုးကွဲသစ်ကို၊ ဒီဇင်ဘာ ၂၂ ရက်တုန်းက လန်ဒန်ကနေဝင်လာတဲ့ ခရီးသည် ၃ ဦးမှာ စတွေ့ခဲ့တာလို့ ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ဒီ KCDC ဌာန ညွှန်ကြားရေးမှူး Jeong Eun-Kyeong က

“ဗြိတိန်က တိုက်ရိုက်လေယာဉ်တွေကို နောက်ထပ်တစ်ပတ် ဆက်ပိတ်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တချိန်ထဲမှာ ဒီလေယာဉ်တွေရပ်ထားတာကို ဆက်ထားမထား အခြေအနေကို ဆက်လက်စောင့်ကြည့်စစ်ဆေးသွားပါမယ်။” လို့ ကိုရီးယားလိုပြောသွားတာပါ။

ဒီ ဗြိတိန်ကလေယာဉ်တွေ ပိတ်ပင်မှုကို ဇန်နဝါရီ ၇ ရက်အထိ တိုးမြင့်ထားပြီး၊ ဗြိတိန်အပြင် ဒီဗီဇပြောင်းမျိုးကွဲသစ်တွေ့ထားတဲ့ တောင်အာဖရိကက ခရီးသည်တွေအနေနဲ့လည်း၊ မထွက်ခွာလာခင် ပိုးစစ်ဆေးမှုခံယူရမယ်လို့လည်း၊ ဒီ ကိုရီးယားရောဂါကာကွယ်ထိန်းချုပ်ရေးအရာရှိတွေက ကြေညာထားပါတယ်။

တကယ်တော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမျိုးမှာ၊ ဒီကာကွယ်ဆေးစထိုးနေချိန်၊ တောင်ကိုရီးယားမှာတော့ ရှေ့နှစ်ပထမ ၄ လ ပိုင်းထဲကျမှ ထိုးဖို့ပြင်နေတာအတွက် အစိုးရအပေါ် ဝေဖန်မှုတွေမြင့်တာလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG