သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“၂၀၂၁ ကမၻာႀကီးေမွ်ာ္လင့္ခ်က္သန္း” ကုလအတြင္းေရးမွဴးခ်ဳပ္


ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

[Zawgyi/Unicode]

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က၂၀၂၀ ခုႏွစ္အတြင္း ကမၻာအရပ္ရပ္မွာ အမႈအခင္းေတြ၊ ၀မ္းနည္းေၾကကြဲစရာျဖစ္ရပ္ေတြနဲ႔ ႀကဳံေတြ႔ခဲ့ရသလို COVID-19 ကပ္ေရာဂါဒဏ္နဲ႔ ရင္ဆုိင္ရမယ့္သူေတြဆက္ၿပီး ရွိေနဦးမွာျဖစ္ေပမဲ့ ႏွစ္သစ္မွာေတာ့ ေမ ွ်ာ္လင့္ခ်က္ေရာင္ျခည္ေတြ ေတြ႔ျမင့္ေနရပါၿပီလို႔ ႏွစ္သစ္ကူး ႏႈတ္ခြန္းဆက္လႊာမွာ ေျပာထားပါတယ္။

“ေခတ္သစ္တခုက ေရွ ႔မွာေရာက္ေနပါၿပီ။ ေမ ွ်ာ္လင့္ခ်က္ေရာင္ျခည္ေတြ ေတြ႔ျမင္ေနရပါတယ္။ လူေတြကလည္း ကိုယ္႔ရဲ႕ အိမ္နီးခ်င္းေတြကိုေရာ၊ သူစိမ္းေတြကိုပါ ကူညီေနၾကသလို ကပ္ေရာဂါကို ေရွ႕တန္းကေန တုိက္ေပးေနတဲ့ သူေတြကေတာ့ အရာအားလုံး စြန္႔လြႊတ္အနစ္နာခံထားၾကပါတယ္။ သိပၸံပညာရွင္ေတြလည္း စံခ်ိန္တင္အျမန္နႈန္းနဲ႔ ကာကြယ္ေဆးေဖာ္စပ္ႏုိင္ခဲ့ၾကသလို နုိင္ငံေတြကာလည္း ဥတုရာသီေျပာင္းလဲေဖာက္ျပန္မႈေဘးဆိုးႀကီးကို ကာကြယ္ဖို႔ ကတိျပဳထားၾကပါၿပီ။" လို႔ အတြင္းေရးမွဴးခ်ဳပ္ Guterres ကႏွစ္သစ္ကူးမိန္႔ခြန္းမွာေျပာၾကားသြားတာပါ။

ဥတုရာသီေျပာင္းလဲမႈနဲ႔ ကပ္ေရာဂါကိုေတာ့ အလြယ္တကူ ေက်ာ္လႊားႏုိင္ဖို႔ မလြယ္ဘူးလို႔လည္း အတြင္းေရးမွဴးခ်ဳပ္က သတိေပးေျပာၾကားထားပါတယ္။ တူညီတဲ့ရည္မွန္းခ်က္တခုထဲကုိ အေရာက္လွမ္းႏုိင္ဖို႔ ႀကီးမားတဲ့လုပ္ငန္းေတြ၊ ကတိက၀တ္ေတြအျပင္ အဲဒီရည္မွန္ခ်က္ျပည့္မွီဖို႔ လူသားတိုင္း စိတ္ဆႏၵရွိဖို႔လိုပါတယ္လို႔လည္း အတြင္းေရးမွဴးခ်ဳပ္ကေျပာဆိုခဲ့ပါတယ္။ စီးပြါးေရးျခြတ္ၿခဳံက်မႈေတြနဲ႔ ကူးစက္ေရာဂါဆိုးႀကီးေၾကာင့္ ၂၀၂၀ ခုႏွစ္မွာစိတ္၀မ္းကြဲျပားမႈရွိခဲ့ေပမဲ့ လာမယ့္ႏွစ္မွာေတာ့ စည္းလုံးညီညႊတ္စြာ ပူးေပါင္းေဆာင္ရြက္ႏုိင္မယ့္ ႏွစ္ျဖစ္ႏုိင္ပါတယ္လို႔လည္း ဆုိပါတယ္။ ၂၀၂၁ ခုႏွစ္အတြက္ အေကာင္းဆုံး ႏွစ္သစ္ကူးဆုံးျဖတ္ခ်က္ New Year Resolution ကေတာ့ ကမၻာေျမႀကီးကို ကုစားေပးဖို႔ျဖစ္ပါတယ္လို႔လည္း အတြင္းေရးမွဴးခ်ဳပ္က ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္လႊာမွာ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

“၂၀၂၁ ကမ္ဘာကြီးမျှော်လင့်ချက်သန်း” ကုလအတွင်းရေးမှူးချုပ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာအရပ်ရပ်မှာ အမှုအခင်းတွေ၊ ဝမ်းနည်းကြေကွဲစရာဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရသလို COVID-19 ကပ်ရောဂါဒဏ်နဲ့ ရင်ဆိုင်ရမယ့်သူတွေဆက်ပြီး ရှိနေဦးမှာဖြစ်ပေမဲ့ နှစ်သစ်မှာတော့ မေ ျှာ်လင့်ချက်ရောင်ခြည်တွေ တွေ့မြင့်နေရပါပြီလို့ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာမှာ ပြောထားပါတယ်။

“ခေတ်သစ်တခုက ရှေ့မှာရောက်နေပါပြီ။ မေ ျှာ်လင့်ချက်ရောင်ခြည်တွေ တွေ့မြင်နေရပါတယ်။ လူတွေကလည်း ကိုယ့်ရဲ့ အိမ်နီးချင်းတွေကိုရော၊ သူစိမ်းတွေကိုပါ ကူညီနေကြသလို ကပ်ရောဂါကို ရှေ့တန်းကနေ တိုက်ပေးနေတဲ့ သူတွေကတော့ အရာအားလုံး စွန့်လွှတ်အနစ်နာခံထားကြပါတယ်။ သိပ္ပံပညာရှင်တွေလည်း စံချိန်တင်အမြန်နှုန်းနဲ့ ကာကွယ်ဆေးဖော်စပ်နိုင်ခဲ့ကြသလို နိုင်ငံတွေကာလည်း ဥတုရာသီပြောင်းလဲဖောက်ပြန်မှုဘေးဆိုးကြီးကို ကာကွယ်ဖို့ ကတိပြုထားကြပါပြီ။" လို့ အတွင်းရေးမှူးချုပ် Guterres ကနှစ်သစ်ကူးမိန့်ခွန်းမှာပြောကြားသွားတာပါ။

ဥတုရာသီပြောင်းလဲမှုနဲ့ ကပ်ရောဂါကိုတော့ အလွယ်တကူ ကျော်လွှားနိုင်ဖို့ မလွယ်ဘူးလို့လည်း အတွင်းရေးမှူးချုပ်က သတိပေးပြောကြားထားပါတယ်။ တူညီတဲ့ရည်မှန်းချက်တခုထဲကို အရောက်လှမ်းနိုင်ဖို့ ကြီးမားတဲ့လုပ်ငန်းတွေ၊ ကတိကဝတ်တွေအပြင် အဲဒီရည်မှန်ချက်ပြည့်မှီဖို့ လူသားတိုင်း စိတ်ဆန္ဒရှိဖို့လိုပါတယ်လို့လည်း အတွင်းရေးမှူးချုပ်ကပြောဆိုခဲ့ပါတယ်။ စီးပွါးရေးခြွတ်ခြုံကျမှုတွေနဲ့ ကူးစက်ရောဂါဆိုးကြီးကြောင့် ၂၀၂၀ ခုနှစ်မှာစိတ်ဝမ်းကွဲပြားမှုရှိခဲ့ပေမဲ့ လာမယ့်နှစ်မှာတော့ စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နှစ်ဖြစ်နိုင်ပါတယ်လို့လည်း ဆိုပါတယ်။ ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး နှစ်သစ်ကူးဆုံးဖြတ်ချက် New Year Resolution ကတော့ ကမ္ဘာမြေကြီးကို ကုစားပေးဖို့ဖြစ်ပါတယ်လို့လည်း အတွင်းရေးမှူးချုပ်က နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG