သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ Trump ရဲ႕ ေဒၚလာ ၂၀၀၀ ခ်က္လက္မွတ္အစီအစဥ္ ကန္ ေအာက္လႊတ္ေတာ္ အတည္ျပဳ


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကပ္ေဘးေၾကာင့္ အက်ပ္အတည္း ၾကံဳေနရတဲ့ အေမရိကန္ျပည္သူေတြအတြက္ ေငြသား တိုက္႐ိုက္ ေထာက္ပံ့ေၾကး တိုးေပးဖို႔ကိစၥ တနလၤာေန႔က ေအာက္လႊတ္မွာ မဲခြဲဆံုးျဖတ္ အတည္ျပဳလိုက္ပါတယ္။

အေမရိကန္ျပည္သူ အမ်ားစုအတြက္ တေယာက္ကို ေဒၚလာ ၆၀၀ ေငြေၾကးေထာက္ပံ့မယ့္ကိစၥကို နည္းလြန္းတယ္လို႔ သမၼတက ေ၀ဖန္ျပီး အေစာပိုင္း ပယ္ခ်ထားေပမဲ့၊ ေနာက္ပိုင္းမွာေတာ့ ဒီအစီအစဥ္ အပါအ၀င္ ကိုဗစ္ကာလ ေထာက္ပံ့ေရး နဲ႔ အစိုးရအသံုးစရိတ္ေတြအတြက္ ေဒၚလာ ၂.၃ ထရီလီရံသံုးစြဲဖို႔ တနလၤာေန႔က လက္မွတ္ထိုး ခဲ့ျပီးတဲ့ေနာက္ ဒီမိုကရက္အမ်ားစု လႊမ္းမိုးတဲ့ ေအာက္လႊတ္ေတာ္မွာ သမၼတ ေတာင္းဆိုခဲ့သလို တေယာက္ကို ေဒၚလာ ၆၀၀ အစား ေဒၚလာ ၂၀၀၀ အထိ တိုးျမွင့္ေထာက္ပံ့ဖို႔ တနလၤာေန႔က မဲခြဲ ဆံုးျဖတ္ခဲ့တာပါ။

ေအာက္လႊတ္ေတာ္မွာ ခုလို ဆံုးျဖတ္ေပမဲ့ ရီပတ္ဘလစ္ကန္အမ်ားစု လႊမ္းမိုးထားတဲ့ အထက္လႊတ္ေတာ္က ဒါကို အတည္ျပဳပါ့မလား ဆုိတာေတာ့ မေသခ်ာေသးပါဘူး။ သမၼတ ေတာင္းဆုိသလို ေထာက္ပံ့ေငြ တိုးေပးဖို႔ကိစၥကို ရီပတ္ဘလစ္ကန္ အမ်ားစုက မေထာက္ခံသလို၊ ဒီမိုကရက္ေတြရဲ႕ ညွိႏိႈင္းမႈကိုလည္း ပယ္ခ်ထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ် ကာလ Trump ရဲ့ ဒေါ်လာ ၂၀၀၀ ချက်လက်မှတ်အစီအစဉ် ကန် အောက်လွှတ်တော် အတည်ပြု

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ဘေးကြောင့် အကျပ်အတည်း ကြုံနေရတဲ့ အမေရိကန်ပြည်သူတွေအတွက် ငွေသား တိုက်ရိုက် ထောက်ပံ့ကြေး တိုးပေးဖို့ကိစ္စ တနင်္လာနေ့က အောက်လွှတ်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

အမေရိကန်ပြည်သူ အများစုအတွက် တယောက်ကို ဒေါ်လာ ၆၀၀ ငွေကြေးထောက်ပံ့မယ့်ကိစ္စကို နည်းလွန်းတယ်လို့ သမ္မတက ဝေဖန်ပြီး အစောပိုင်း ပယ်ချထားပေမဲ့၊ နောက်ပိုင်းမှာတော့ ဒီအစီအစဉ် အပါအဝင် ကိုဗစ်ကာလ ထောက်ပံ့ရေး နဲ့ အစိုးရအသုံးစရိတ်တွေအတွက် ဒေါ်လာ ၂.၃ ထရီလီရံသုံးစွဲဖို့ တနင်္လာနေ့က လက်မှတ်ထိုး ခဲ့ပြီးတဲ့နောက် ဒီမိုကရက်အများစု လွှမ်းမိုးတဲ့ အောက်လွှတ်တော်မှာ သမ္မတ တောင်းဆိုခဲ့သလို တယောက်ကို ဒေါ်လာ ၆၀၀ အစား ဒေါ်လာ ၂၀၀၀ အထိ တိုးမြှင့်ထောက်ပံ့ဖို့ တနင်္လာနေ့က မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။

အောက်လွှတ်တော်မှာ ခုလို ဆုံးဖြတ်ပေမဲ့ ရီပတ်ဘလစ်ကန်အများစု လွှမ်းမိုးထားတဲ့ အထက်လွှတ်တော်က ဒါကို အတည်ပြုပါ့မလား ဆိုတာတော့ မသေချာသေးပါဘူး။ သမ္မတ တောင်းဆိုသလို ထောက်ပံ့ငွေ တိုးပေးဖို့ကိစ္စကို ရီပတ်ဘလစ်ကန် အများစုက မထောက်ခံသလို၊ ဒီမိုကရက်တွေရဲ့ ညှိနှိုင်းမှုကိုလည်း ပယ်ချထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG