သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ကာကြယ္ေရး အသုံးစရိတ္ ဥပေဒ မူၾကမ္းကို သမၼတ Trump ဗီတိုသုံး ပယ္ခ်


အေမရိကန္ သမၼတ Donald Trump

{{Zawgyi/Unicode}}

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ကြန္ဂရက္က သေဘာတူ အတည္ျပဳထားတဲ့ အေမရိကန္ ကာကြယ္ေရး အသုံးစရိတ္ ဥပေဒမူၾကမ္းကို ဗီတိုအာဏာသုံးၿပီး ပယ္ခ် လိုက္ပါတယ္။

ဒီဥပေဒမူၾကမ္းက တ႐ုတ္နဲ႔ ႐ုရွားတို႔အတြက္ လက္ေဆာင္ျဖစ္ေနတယ္လို႔ လည္း သူက ေျပာပါတယ္။

အမ်ိဳးသား ကာကြယ္ေရး အခြင့္အာဏာေပးအပ္ေရး ဥပေဒ (NDAA)အရ အေမရိကန္ ေဒၚလာဘီလီယံ ၇၄၀ကို ကာကြယ္ေရးအသုံးစရိတ္အျဖစ္ ခြင့္ျပဳေပးအပ္မွာ ျဖစ္ပါတယ္။ အဲဒီအထဲ အေမရိကန္ စစ္မႈထမ္းေတြအတြက္ လစာေငြ ၃ ရာခိုင္ႏႈန္း တိုးျမႇင့္ေပးမယ့္အခ်က္လည္းပါဝင္ပါတယ္။

ဒီဥပေဒမူၾကမ္းကို သမၼတက ပယ္ခ်တာဟာ အေမရိကန္တပ္ဖြဲ႕ဝင္ေတြကို ထိခိုက္နစ္နာေအာင္ လုပ္တဲ့လုပ္ရပ္လို႔ ေအာက္လႊတ္ေတာ္ ဥကၠဌNancy Pelosiက ေျပာပါတယ္။

အဲဒီ ဥပေဒ မူၾကမ္းမွာ ပုဒ္မ ၂၃၀ ကို မပယ္ဖ်က္ဘူးဆိုရင္ လက္မွတ္မထိုးဘဲ ပယ္ခ်မယ္လို႔ သမၼတ ထရမ့္က အရင္ကတည္းက ၿခိမ္းေျခာက္ထားတာပါ။ ၁၉၉၆ ခုႏွစ္ ဆက္သြယ္ေရးဆိုင္ရာ ဥပေဒမွာပါရွိတဲ့ အဲဒီ ဥပေဒပုဒ္မ ၂၃၀က ဆိုရွယ္ မီဒီယာ ကုမၸဏီေတြကို တရားစြဲမခံရေအာင္ အကာအကြယ္ေပးထားတဲ့ ျပဌာန္းခ်က္တစ္ခု ျဖစ္ပါတယ္။

သမၼတ ထရမ့္ရဲ့ ရစ္ပတ္ဘလင္ကန္ပါတီက ဆီးနိတ္ အထက္လႊတ္ေတာ္ ေခါင္းေဆာင္ Mitch McConnellအပါအဝင္ ရစ္ပတ္ဘလင္ကန္ အမတ္ေတာ္ေတာ္မ်ားမ်ားက ဒီဥပေဒကို လက္မွတ္ေရးထိုးေပးဖို႔ သမၼတကို တိုက္တြန္းေျပာဆိုေနခဲ့တာပါ။

ဒီဥပေဒကို ဗီတိုအာဏာကို ေက်ာ္လႊားပယ္ဖ်က္နိုင္တဲ့ အမတ္အမ်ားစုက ေထာက္ခံ အတည္ျပထားတာ ျဖစ္ပါတယ္။

ကြန္ဂရက္ အေနနဲ႔ သမၼတ ထရမ့္ရဲ့ ဒီဗီတိုကို အမ်ားစုမဲနဲ႔ ပယ္ဖ်က္နိုင္ဖို႔ ဇန္နဝါရီလ ၃ ရက္ေန႔အထိ အခ်ိန္ရမွာ ျဖစ္ပါတယ္။

...........................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကွန်ဂရက်က သဘောတူ အတည်ပြုထားတဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေမူကြမ်းကို ဗီတိုအာဏာသုံးပြီး ပယ်ချ လိုက်ပါတယ်။

ဒီဥပဒေမူကြမ်းက တရုတ်နဲ့ ရုရှားတို့အတွက် လက်ဆောင်ဖြစ်နေတယ်လို့ လည်း သူက ပြောပါတယ်။

အမျိုးသား ကာကွယ်ရေး အခွင့်အာဏာပေးအပ်ရေး ဥပဒေ (NDAA)အရ အမေရိကန် ဒေါ်လာဘီလီယံ ၇၄၀ကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် ခွင့်ပြုပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီအထဲ အမေရိကန် စစ်မှုထမ်းတွေအတွက် လစာငွေ ၃ ရာခိုင်နှုန်း တိုးမြှင့်ပေးမယ့်အချက်လည်းပါဝင်ပါတယ်။

ဒီဥပဒေမူကြမ်းကို သမ္မတက ပယ်ချတာဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထိခိုက်နစ်နာအောင် လုပ်တဲ့လုပ်ရပ်လို့ အောက်လွှတ်တော် ဥက္ကဌNancy Pelosiက ပြောပါတယ်။

အဲဒီ ဥပဒေ မူကြမ်းမှာ ပုဒ်မ ၂၃၀ ကို မပယ်ဖျက်ဘူးဆိုရင် လက်မှတ်မထိုးဘဲ ပယ်ချမယ်လို့ သမ္မတ ထရမ့်က အရင်ကတည်းက ခြိမ်းခြောက်ထားတာပါ။ ၁၉၉၆ ခုနှစ် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေမှာပါရှိတဲ့ အဲဒီ ဥပဒေပုဒ်မ ၂၃၀က ဆိုရှယ် မီဒီယာ ကုမ္ပဏီတွေကို တရားစွဲမခံရအောင် အကာအကွယ်ပေးထားတဲ့ ပြဌာန်းချက်တစ်ခု ဖြစ်ပါတယ်။

သမ္မတ ထရမ့်ရဲ့ ရစ်ပတ်ဘလင်ကန်ပါတီက ဆီးနိတ် အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnellအပါအဝင် ရစ်ပတ်ဘလင်ကန် အမတ်တော်တော်များများက ဒီဥပဒေကို လက်မှတ်ရေးထိုးပေးဖို့ သမ္မတကို တိုက်တွန်းပြောဆိုနေခဲ့တာပါ။

ဒီဥပဒေကို ဗီတိုအာဏာကို ကျော်လွှားပယ်ဖျက်နိုင်တဲ့ အမတ်အများစုက ထောက်ခံ အတည်ပြထားတာ ဖြစ်ပါတယ်။

ကွန်ဂရက် အနေနဲ့ သမ္မတ ထရမ့်ရဲ့ ဒီဗီတိုကို အများစုမဲနဲ့ ပယ်ဖျက်နိုင်ဖို့ ဇန်နဝါရီလ ၃ ရက်နေ့အထိ အချိန်ရမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG