သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူယံုလူရင္းေတြ သမၼတထရမ့္ပ္ လြတ္ၿငိမ္းခြင့္ထပ္ေပး


အေမရိကန္ သမၼတ Donald Trump။ (ဒီဇင္ဘာ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၁၆ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲမွာ ႐ု႐ွားဝင္စြက္ခဲ့သလားဆိုတဲ့ စံုစမ္းမႈအတြင္း အျပစ္႐ွိေၾကာင္း ေတြ႔႐ွိအေရးယူခံရသူေတြအပါအဝင္ ၃၀ နီးပါးကို သမၼတ Donald Trump က ဗုဒၶဟူးေန႔က လြတ္ၿငိမ္းခ်မ္းသာ ခြင့္ေပးလိုက္ပါတယ္။

အဲဒီထဲမွာ Trump ေအာင္ႏိုင္ေရးစည္း႐ံုးေရး မန္ေနဂ်ာ Paul Manafort၊ သမၼတရဲ႕ ရင္းႏွီးသူမိတ္ေဆြ Roger Stone တို႔ပါဝင္ပါတယ္။ လႊတ္ေတာ္မွာ လိမ္ညာထြက္ဆိုမႈနဲ႔ ျပစ္ဒဏ္က်ခဲ့တဲ့ Roger Stone ကိုေတာ့ သမၼတက အေစာပိုင္းထဲက ျပစ္ဒဏ္ေလ ွ်ာ့ေပါ့ လႊတ္ေပးထားတာပါ။ အထူးစံုစမ္းေရးမွဴး Robert Mueller ရဲ႕ စံုစမ္းမႈေတြအတြင္း အျပစ္႐ွိေၾကာင္း ပထမဆံုး တရားရင္ဆိုင္ခဲ့ရတဲ့ သမၼတရဲ႕ အတြင္းလူေတြထဲမွာ Paul Manafort ပါဝင္ခဲ့တာျဖစ္ပါတယ္။

သမၼတ လြတ္ၿငိမ္းခ်မ္းသာခြင့္ကို သမၼတ Trump ဒုတိယအႀကိမ္ ဗုဒၶဟူးေန႔က ေပးခဲ့တဲ့ထဲမွာ အျပည့္အဝ လြတ္ၿငိမ္းခ်မ္းသာခြင့္ရသူ ၂၆ ေယာက္နဲ႔ ျပစ္ဒဏ္တခ်ဳိ႕ ဒါမွမဟုတ္ ျပစ္ဒဏ္အားလံုး ေလ ွ်ာ့ေပါ့ေပးလိုက္သူ ၃ ေယာက္ပါဝင္ပါတယ္။ သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့သူေတြထဲမွာ သူနဲ႔ ခမည္းခမက္ေတာ္တဲ့ အိမ္ၿခံေျမေရာင္းဝယ္ေရးလုပ္ငန္း လုပ္သူ Charles Kushner လည္းပါဝင္ပါတယ္။ သူကေတာ့ အခြန္ေ႐ွာင္မႈ ၁၈ မႈ၊ သက္ေသေတြကို ေႏွာင့္ယွက္မႈ၊ တရားမဝင္နည္းနဲ႔ မဲဆြယ္စည္း႐ံုးေရး အလွဴေငြထည့္မႈ စတဲ့ အမႈေတြမွာ အျပစ္႐ွိေၾကာင္း ဝန္ခံခဲ့ၿပီးေနာက္ ၂၀၀၄ ခုႏွစ္က ေထာင္ဒဏ္ ၂ ႏွစ္က်ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူယုံလူရင်းတွေ သမ္မတထရမ့်ပ် လွတ်ငြိမ်းခွင့်ထပ်ပေး

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဝင်စွက်ခဲ့သလားဆိုတဲ့ စုံစမ်းမှုအတွင်း အပြစ်ရှိကြောင်း တွေ့ရှိအရေးယူခံရသူတွေအပါအဝင် ၃၀ နီးပါးကို သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပါတယ်။

အဲဒီထဲမှာ Trump အောင်နိုင်ရေးစည်းရုံးရေး မန်နေဂျာ Paul Manafort၊ သမ္မတရဲ့ ရင်းနှီးသူမိတ်ဆွေ Roger Stone တို့ပါဝင်ပါတယ်။ လွှတ်တော်မှာ လိမ်ညာထွက်ဆိုမှုနဲ့ ပြစ်ဒဏ်ကျခဲ့တဲ့ Roger Stone ကိုတော့ သမ္မတက အစောပိုင်းထဲက ပြစ်ဒဏ်လေ ျှာ့ပေါ့ လွှတ်ပေးထားတာပါ။ အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ စုံစမ်းမှုတွေအတွင်း အပြစ်ရှိကြောင်း ပထမဆုံး တရားရင်ဆိုင်ခဲ့ရတဲ့ သမ္မတရဲ့ အတွင်းလူတွေထဲမှာ Paul Manafort ပါဝင်ခဲ့တာဖြစ်ပါတယ်။

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ကို သမ္မတ Trump ဒုတိယအကြိမ် ဗုဒ္ဓဟူးနေ့က ပေးခဲ့တဲ့ထဲမှာ အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ရသူ ၂၆ ယောက်နဲ့ ပြစ်ဒဏ်တချို့ ဒါမှမဟုတ် ပြစ်ဒဏ်အားလုံး လေ ျှာ့ပေါ့ပေးလိုက်သူ ၃ ယောက်ပါဝင်ပါတယ်။ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သူတွေထဲမှာ သူနဲ့ ခမည်းခမက်တော်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း လုပ်သူ Charles Kushner လည်းပါဝင်ပါတယ်။ သူကတော့ အခွန်ရှောင်မှု ၁၈ မှု၊ သက်သေတွေကို နှောင့်ယှက်မှု၊ တရားမဝင်နည်းနဲ့ မဲဆွယ်စည်းရုံးရေး အလှူငွေထည့်မှု စတဲ့ အမှုတွေမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်က ထောင်ဒဏ် ၂ နှစ်ကျခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG