သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ျပည္သူတဦးကို ေဒၚလာ ၆၀၀ ေပးမယ့္ အစီအစဥ္ သေဘာတူညီခ်က္ရ


Las Vegas ၿမိဳ႕မွာ အလုပ္လက္မဲ့ခံစားခြင့္ လာေလွ်ာက္တဲ့ အေမရိကန္ျပည္သူမ်ား။ (မတ္ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ေဒၚလာ ၁ ထရီလီယံနီးပါး သံုးစြဲမယ့္ COVID-19 ေထာက္ပံ့ေရး အစီအစဥ္သစ္ ခ်မွတ္ႏုိင္ဖို႔ ဦးေဆာင္ေဆြးေႏြးေနၾကတဲ့ ထိပ္တန္း လႊတ္ေတာ္အမတ္ေတြၾကား တနဂၤေႏြေန႔က သေဘာတူညီမႈ ရရွိလိုက္ပါၿပီ။

ရက္ေတြနဲ႔ခ်ီ ေစ့စပ္ညႇိႏိႈင္းခဲ့ၾကၿပီးတဲ့ေနာက္ ခုလို သဘာတူညီမႈ ရရွိလိုက္တာလုိ႔ လႊတ္ေတာ္အမတ္ေတြက ေၾကညာပါတယ္။

ဒီသေဘာတူညီခ်က္အရ တပတ္ ေဒၚလာ ၃၀၀ အလုပ္လက္မဲ့ အက်ိဳးခံစားခြင့္ ယာယီေထာက္ပံ့ေပးႏိုင္မွာ ျဖစ္သလို အေမရိကန္အမ်ားစုလက္ထဲ ေငြသားေထာက္ပံ့ေငြ ေဒၚလာ ၆၀၀ တိုက္႐ိုက္ေပးႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ကိုဗစ္ေၾကာင့္ ဆိုးဆိုးရြားရြား ထိခိုက္ခဲ့ရတဲ့ စီးပြားေရး လုပ္ငန္းေတြအတြက္ ေနာက္တေက်ာ့ ေငြေၾကးေထာက္ပံ့မႈေတြ ေပးႏုိင္မယ့္အျပင္ စာသင္ေက်ာင္းေတြ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ အိမ္ငွားခမေပးႏိုင္လို႔ ႏွင္ခ်ခံရသူေတြအတြက္လည္း ေငြေၾကး ကူညီေထာက္ပံ့ေပးႏိုင္မွာ ျဖစ္ပါတယ္။

ခုလို သေဘာတူညီမႈရလိုက္ၿပီး ေနာက္မွာေတာ့ ဒီဥပေဒမူၾကမ္းကို ေအာက္လႊတ္ေတာ္မွာ ဒီကေန႔ တနလၤာေန႔မွာ မဲခြဲဆံုးျဖတ္ႏုိင္ဖြယ္ရွိတယ္လို႔ ေအောက္လႊတ္ေတာ္ ဒီမိုကရက္ လူမ်ားစုေခါင္းေဆာင္ Steny Hoyer ရဲ႕ ေျပာခြင့္ရက ေျပာပါတယ္။

အလားတူ အထက္လႊတ္ေတာ္မွာလည္း တနလၤာေန႔မွာပဲ မဲခြဲဆြံုးျဖတ္လိမ့္မယ္လို႔ ခန္႔မွန္းရၿပီး အထက္နဲ႔ ေအာက္လႊတ္ေတာ္ ႏွစ္ရပ္စလံုးက အတည္ျပဳၿပီးရင္ေတာ့ သမၼတ Donald Trump က လက္မွတ္ထိုး အတည္ျပဳေပးရမွာ ျဖစ္ပါတယ္။

ဒီဥပေဒမူၾကမ္းကို အတည္ျဖစ္ရင္ေတာ့ ၿပီးခဲ့တဲ့မတ္လက ျပ႒ာန္းခဲ့တဲ့ ေဒၚလာ ၁ ဒသမ ၈ ထရီလီယံ (ေဒၚလာသန္းေပါင္း ၁ သန္း ၈ သိန္း) သုံးစြဲတဲ့ ေထာက္ပံ့ေရး အစီအစဥ္ၿပီးရင္ COVID-19 ကာလ အကူအညီေပးေရး ဒုတိယအစီအစဥ္ပဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကန်ပြည်သူတဦးကို ဒေါ်လာ ၆၀၀ ပေးမယ့် အစီအစဉ် သဘောတူညီချက်ရ

အမေရိကန်ပြည်ထောင်စုမှာ ဒေါ်လာ ၁ ထရီလီယံနီးပါး သုံးစွဲမယ့် COVID-19 ထောက်ပံ့ရေး အစီအစဉ်သစ် ချမှတ်နိုင်ဖို့ ဦးဆောင်ဆွေးနွေးနေကြတဲ့ ထိပ်တန်း လွှတ်တော်အမတ်တွေကြား တနင်္ဂနွေနေ့က သဘောတူညီမှု ရရှိလိုက်ပါပြီ။

ရက်တွေနဲ့ချီ စေ့စပ်ညှိနှိုင်းခဲ့ကြပြီးတဲ့နောက် ခုလို သဘာတူညီမှု ရရှိလိုက်တာလို့ လွှတ်တော်အမတ်တွေက ကြေညာပါတယ်။

ဒီသဘောတူညီချက်အရ တပတ် ဒေါ်လာ ၃၀၀ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ယာယီထောက်ပံ့ပေးနိုင်မှာ ဖြစ်သလို အမေရိကန်အများစုလက်ထဲ ငွေသားထောက်ပံ့ငွေ ဒေါ်လာ ၆၀၀ တိုက်ရိုက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရတဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် နောက်တကျော့ ငွေကြေးထောက်ပံ့မှုတွေ ပေးနိုင်မယ့်အပြင် စာသင်ကျောင်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အိမ်ငှားခမပေးနိုင်လို့ နှင်ချခံရသူတွေအတွက်လည်း ငွေကြေး ကူညီထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

ခုလို သဘောတူညီမှုရလိုက်ပြီး နောက်မှာတော့ ဒီဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ ဒီကနေ့ တနင်္လာနေ့မှာ မဲခွဲဆုံးဖြတ်နိုင်ဖွယ်ရှိတယ်လို့ အေောက်လွှတ်တော် ဒီမိုကရက် လူများစုခေါင်းဆောင် Steny Hoyer ရဲ့ ပြောခွင့်ရက ပြောပါတယ်။

အလားတူ အထက်လွှတ်တော်မှာလည်း တနင်္လာနေ့မှာပဲ မဲခွဲဆွုံးဖြတ်လိမ့်မယ်လို့ ခန့်မှန်းရပြီး အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုပြီးရင်တော့ သမ္မတ Donald Trump က လက်မှတ်ထိုး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကို အတည်ဖြစ်ရင်တော့ ပြီးခဲ့တဲ့မတ်လက ပြဋ္ဌာန်းခဲ့တဲ့ ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံ (ဒေါ်လာသန်းပေါင်း ၁ သန်း ၈ သိန်း) သုံးစွဲတဲ့ ထောက်ပံ့ရေး အစီအစဉ်ပြီးရင် COVID-19 ကာလ အကူအညီပေးရေး ဒုတိယအစီအစဉ်ပဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG