သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစိုးရယာယီအသံုးစရိတ္ ကန္လႊတ္ေတာ္ အတည္ျပဳ


အေမရိကန္လႊတ္ေတာ္အေဆာက္အဦ။ (မတ္ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္အစိုးရလုပ္ငန္းေတြ ဒီသီတင္းပတ္ကုန္မွာ တစိတ္တပိုင္း ရပ္ဆိုင္းသြားမယ့္အေရး ေရွာင္ရွားဖို႔အတြက္ ႏွစ္ရက္တာ ယာယီအသံုးစရိတ္ ဥပေဒကို ကြန္ဂရက္လႊတ္ေတာ္က ေသာၾကာေန႔ေႏွာင္းပိုင္းမွာ အတည္ျပဳ ျပ႒ာန္းခဲ့တယ္လို႔ AP သတင္းမွာ ေဖာ္ျပထားပါတယ္။

အစိုးရ ယာယီအသံုးစရိတ္ ဥပေဒကို ေအာက္လႊတ္ေတာ္က ေထာက္ခံမဲ ၃၂၀ မဲ၊ ကန္႔ကြက္မဲ ၆၀ နဲ႔ အတည္ျပဳခဲ့ပါတယ္။ အဲဒီေနာက္ အထက္လႊတ္ေတာ္ကလည္း ခ်က္ခ်င္းလို အတည္ျပဳခဲ့ၿပီး သမၼတ Donald Trump က ေသာၾကာေန႔ေနွာင္းပို္င္းမွာ လက္မွတ္ထိုး ျပ႒ာန္းခဲ့တာပါ။

ဒါဟာ COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္မႈကို ကုစားေရး ေဒၚလာ ဘီလီယံ ၉၀၀ ေက်ာ္ရွိတဲ့ ရန္ပံုေငြအစီအစဥ္ကို အတည္ျပဳေရး လႊတ္ေတာ္အမတ္ေတြ အျပင္းအထန္ ညႇိႏႈိင္းေဆြးေႏြးေနတာ အခ်ိန္ထပ္ရဖို႔ပဲ ျဖစ္ပါတယ္။

ဒီသေဘာတူညီခ်က္မူၾကမ္းကို တနဂၤေႏြေန႔မွာ မဲခြဲဆံုးျဖတ္မယ္လို႔ လႊတ္ေတာ္အမတ္ေတြက ရည္ရြယ္ထားပါတယ္။

ဗဟိုဘဏ္အေနနဲ႔ အေရးေပၚ ေငြထုတ္ေခ်းႏိုင္တဲ့ လုပ္ပိုင္ခြင့္အာဏာ ေပးေရး မေပးေရးအေပၚ အေခ်အတင္ ျဖစ္ေနတာကို ေျဖရွင္းဖို႔ ေစ့စပ္ညႇိႏိႈင္းသူေတြ ႀကိဳးစားေနၾကတာပါ။

ရီပတ္ဘလစ္ကန္ေတြရဲ႕ ဒီအဆိုျပဳခ်က္ဟာ တိုင္းျပည္စီးပြားေရးကို ေရြးေကာက္ခံသမၼတ Joe Biden စီမံခန္႔ခြဲေရးမွာ အေရးပါတဲ့ နည္းလမ္းေတြကို ထိခိုက္ေစမယ္လုိ႔ ဒီမိုကရက္ေတြက ေျပာပါတယ္။

ဒီသေဘာတူညီခ်က္ထဲမွာ စီးပြားေရးလုပ္ငန္းေတြအတြက္ အကူအညီ ေဒၚလာ ဘီလီယံ ၃၀၀၊ အလုပ္လက္မဲ့အတြက္ ဖက္ဒရယ္အစိုးရရဲ႕ ေထာက္ပံ့ေၾကး သီတင္းတပတ္အတြက္ ေဒၚလာ ၃၀၀ နဲ႔ အေမရိကန္ႏုိင္ငံသား တဦးခ်င္းစီအတြက္ ေထာက္ပံ့ေၾကး ေဒၚလာ ၆၀၀ စီေပးဖို႔တို႔ ပါဝင္ပါတယ္။

အစိုးရယာယီအသံုးစရိတ္ ကန္လႊတ္ေတာ္ အတည္ျပဳ
please wait

No media source currently available

0:00 0:01:13 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အစိုးရယာယီအသုံးစရိတ် ကန်လွှတ်တော် အတည်ပြု

အမေရိကန်အစိုးရလုပ်ငန်းတွေ ဒီသီတင်းပတ်ကုန်မှာ တစိတ်တပိုင်း ရပ်ဆိုင်းသွားမယ့်အရေး ရှောင်ရှားဖို့အတွက် နှစ်ရက်တာ ယာယီအသုံးစရိတ် ဥပဒေကို ကွန်ဂရက်လွှတ်တော်က သောကြာနေ့နှောင်းပိုင်းမှာ အတည်ပြု ပြဋ္ဌာန်းခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

အစိုးရ ယာယီအသုံးစရိတ် ဥပဒေကို အောက်လွှတ်တော်က ထောက်ခံမဲ ၃၂၀ မဲ၊ ကန့်ကွက်မဲ ၆၀ နဲ့ အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် အထက်လွှတ်တော်ကလည်း ချက်ချင်းလို အတည်ပြုခဲ့ပြီး သမ္မတ Donald Trump က သောကြာနေ့နှောင်းပိုင်းမှာ လက်မှတ်ထိုး ပြဋ္ဌာန်းခဲ့တာပါ။

ဒါဟာ COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုကို ကုစားရေး ဒေါ်လာ ဘီလီယံ ၉၀၀ ကျော်ရှိတဲ့ ရန်ပုံငွေအစီအစဉ်ကို အတည်ပြုရေး လွှတ်တော်အမတ်တွေ အပြင်းအထန် ညှိနှိုင်းဆွေးနွေးနေတာ အချိန်ထပ်ရဖို့ပဲ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်မူကြမ်းကို တနင်္ဂနွေနေ့မှာ မဲခွဲဆုံးဖြတ်မယ်လို့ လွှတ်တော်အမတ်တွေက ရည်ရွယ်ထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ အရေးပေါ် ငွေထုတ်ချေးနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ ပေးရေး မပေးရေးအပေါ် အချေအတင် ဖြစ်နေတာကို ဖြေရှင်းဖို့ စေ့စပ်ညှိနှိုင်းသူတွေ ကြိုးစားနေကြတာပါ။

ရီပတ်ဘလစ်ကန်တွေရဲ့ ဒီအဆိုပြုချက်ဟာ တိုင်းပြည်စီးပွားရေးကို ရွေးကောက်ခံသမ္မတ Joe Biden စီမံခန့်ခွဲရေးမှာ အရေးပါတဲ့ နည်းလမ်းတွေကို ထိခိုက်စေမယ်လို့ ဒီမိုကရက်တွေက ပြောပါတယ်။

ဒီသဘောတူညီချက်ထဲမှာ စီးပွားရေးလုပ်ငန်းတွေအတွက် အကူအညီ ဒေါ်လာ ဘီလီယံ ၃၀၀၊ အလုပ်လက်မဲ့အတွက် ဖက်ဒရယ်အစိုးရရဲ့ ထောက်ပံ့ကြေး သီတင်းတပတ်အတွက် ဒေါ်လာ ၃၀၀ နဲ့ အမေရိကန်နိုင်ငံသား တဦးချင်းစီအတွက် ထောက်ပံ့ကြေး ဒေါ်လာ ၆၀၀ စီပေးဖို့တို့ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG