သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် စီးပွားအကူအညီပေးရေးအစီအစဉ် ကန် လွှတ်တော် သဘောတူညီမှုရဖို့ နီးစပ်


အမေရိကန် ကွန်ကရက်လွှတ်တော်အဆောက်အအုံ
အမေရိကန် ကွန်ကရက်လွှတ်တော်အဆောက်အအုံ

{{Zawgyi/Unicode}}

အမေရိကန် ဒေါ်လာ ၇၅၀ ဘီလီယံ တန်ဖိုး ရှိတဲ့ ကိုဗစ်ကာလ စီးပွားရေး အကူအညီပေးရေး အစီအစဉ်တစ်ရပ်ကို အတည်ပြုနိုင်ဖို့ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တွေကြား သဘောတူညီလုနီးပါး အခြေအနေကို ရောက်ရှိနေပါပြီ။

အထက်အောက်လွှတ်တော်နှစ်ရပ်လုံးက သဘောတူ အတည်ပြုပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ ကပ်ရောဂါ အကူအညီပေးရေး အစီအစဉ်ကို သဘောတူညီမှုရဖို့ အတော်လေး ခရီးရောက်နေပါပြီလို့ အထက်လွှတ်တော် လူများစု ခေါင်းဆောင် Mitch McConnell က အထက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဒီ အစီအစဉ်က ပါတီနှစ်ခုစလုံးက အထက်လွှတ်တော်အမတ်တွေ တနင်္လာနေ့က အဆိုပြုထားတဲ့ ၉၀၈ ဘီလီယံ တန်ဖိုးရှိတဲ့ အစီအစဉ်ကို အခြေခံထားတာ ဖြစ်ပါတယ်။ ပါတီ နှစ်ခုအကြား အဓိက သဘောကွဲလွဲနေတဲ့ စီးပွားရေးလုပ်ငန်းတွေ တာဝန်ခံရမှုကို အကာအကွယ်ပေးမယ့် အချက်နဲ့ ဒေသဆိုင်ရာ အစိုးရတွေကို အကူအညီပေးမယ့် အချက်နှစ်ချက်ကို ဒီအစီအစဉ်ထဲကနေ ဖယ်ထုတ်ပစ်ဖွယ် ရှိပါတယ်။

လုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်တဲ့အခါ ကပ်ရောဂါနဲ့ဆက်နွယ်ပြီး တရားစွဲခံရမှုတွေကနေ စီးပွားရေး လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ရစ်ပတ်ဘလင်ကန်တွေက လိုလားနေပြီး ဒီမိုကရက်တွေကတော့ ပြည်နယ်နဲ့ ဒေသဆိုင်ရာ အစိုးရတွေကို ငွေကြေး အကူအညီ ပိုပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။

ဒီမိုကရက်တွေ အနေနဲ့ သဘောတူညီချက်ရရှိရေး ရှေ့ဆက်လှမ်းနိုင်ဖို့ လိုလားကြောင်း၊ ဒါပေမဲ့ ဒီတစ်ကြိမ်က ကိုဗစ် အကူအညီပေးရေးကိစ္စကို ကွန်ဂရက်အနေနဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးတာ မဟုတ်ကြောင်း အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Chuck Schumer က ပြော ပါတယ်။

အင်္ဂါနေ့နှောင်းပိုင်းက အစည်းအဝေး စိတ်အားတက်ဖွယ် ပြီးဆုံးခဲ့ပြီးတဲ့နောက် အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ၊ Schumer နဲ့ McConnell တို့ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းမှာ ထပ်မံတွေ့ဆုံဆွေးနွေးနေပါတယ်။

ကိုဗစ် အကူအညီပေးရေး အစီအစဉ်သစ်အပေါ် သဘောတူညီချက်မရဘူးဆိုရင်တော့ လက်ရှိ အကူအညီပေးရေး အစီအစဉ်တွေ ဒီလကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်တွေထဲ အလုပ်လက်မဲ့ ထောက်ပံ့ကြေးပေးနေတာနဲ့ အိမ်ဌားတွေကို နှင်မချရေး အကူအညီ ပေးနေတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်

အမေရိကန် ပြည်ထောင်စု အစိုးရအသုံးစရိတ်အတွက် သက်တမ်းတိုးပေးထားတဲ့ ရက်ကလည်း သောကြာနေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

...........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}









XS
SM
MD
LG