သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Joe Biden နဲ႔ မကၠဆီကိုသမၼတ ေရႊ႕ေျပာင္းအလုပ္သမားအေရး ဖုန္းစကားေျပာ


အေမရိကန္ ေရြးေကာက္ခံသမၼတ Joe Biden. (ဒီဇင္ဘာ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ေဒသတြင္း ေရႊ႕ေျပာင္းသူမ်ားအေရးကို ေဆာင္ရြက္တဲ့အခါမွာ အေမရိကန္ အလယ္ပိုင္းနဲ႔ မကၠဆီကို ေတာင္ပိုင္းေဒသေတြရဲ႕ အရင္းအျမစ္ျပႆနာကို ေျဖရွင္းျခင္းအားျဖင့္ လူေတြအေပၚ က႐ုဏာထား ကိုင္တြယ္သြားဖို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ ေရြးေကာက္ခံသမၼတ Joe Biden နဲ႔ မကၠဆီကိုႏုိင္ငံသမၼတ Andres Manuel Lopez Obrador တို႔ စေနေန႔က ေဆြးေႏြးခဲ့ၾကပါတယ္။

ႏွစ္ႏိုင္ငံေခါင္းေဆာင္ႏွစ္ဦးရဲ႕ တယ္လီဖုန္းနဲ႔ ေဆြးေႏြးခ်က္ေတြထဲ ေဒသတြင္းကေန အေမရိကန္ျပည္ေထာင္စုဆီအထိ ေရာက္ေအာင္ အႏၱရာယ္ေတြမ်ိဳးစံုနဲ႔ ရင္ဆိုင္ၿပီး ခရီးႏွင္လာခဲ့ၾကရတဲ့ ေရႊ႕ေျပာင္းလာသူေတြအေရး နည္းလမ္းမ်ိဳးစံုနဲ႔ အသြင္သစ္နဲ႔ ခ်ဥ္းကပ္အေျဖရွာဖို႔ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ ေရြးေကာက္ခံသမၼတ Joe Biden ရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႔က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုဆီ ေရႊ႕ေျပာင္းလာသူေတြရဲ႕ ခိုလံႈခြင့္ ေလွ်ာက္ထားမႈေတြကိုလည္း ႏုိင္ငံတကာလက္ခံတဲ့ စံႏႈန္းနဲ႔အညီ ေဆာင္ရြက္ဖို႔နဲ႔ ေဒသတြင္းနဲ႔ နယ္စပ္ေဒသ တည္ေဆာက္ေရးေတြ ဖြံ႔ၿဖိဳးေရးေတြအတြက္ မူဝါဒသစ္နဲ႔ လူသားဆန္တဲ့ ခ်ဥ္းကပ္မႈေတြနဲ႔ ေျဖရွင္းဖို႔လိုတယ္လို႔ Joe Biden ရဲ႕ အုပ္ခ်ဳပ္ေရးဆိုင္ရာအဖြဲ႔က ထုတ္ျပန္ေၾကညာပါတယ္။

ေရြးေကာက္ခံသမၼတ Joe Biden ရဲ႕ ဒီမိုကရက္တစ္ အစိုးရသစ္လက္ထက္ အေမရိကန္နဲ႔ မကၠဆီကို အိမ္နီးခ်င္းႏွစ္ႏုိင္ငံၾကား ဒီေရႊ႕ေျပာင္းသူတို႔ရဲ႕အေရး လက္တြဲေဆာင္ရြက္ၾကဖို႔ မကၠဆီကိုႏုိင္ငံသမၼတ Andres Manuel Lopez Obrador က ဒီသီတင္းပတ္ အေစာပိုင္းကပဲ အႀကံျပဳ တုိက္တြန္းထားပါတယ္။

လက္ရွိသမၼတ Donald Trump လက္ထက္မွာေတာ့ ဒီလို တရားမဝင္ ဝင္ေရာက္လာသူေတြကို တားဆီးေလွ်ာ့ခ်ႏိုင္ေရး ေနာက္ နယ္စပ္တံတိုင္း တည္ေဆာက္ေရးကို မကၠဆီကုိဘက္က က်ခံဖို႔ ေျပာဆိုမႈေတြေၾကာင့္ တင္းမာမႈေတြ ရွိခဲ့တာပါ။

ေရြးေကာက္ခံသမၼတ Joe Biden ကေတာ့ ကပ္ေရာဂါ ကိုဗစ္ကာလတြင္း စီးပြားေရးေတြ၊ နယ္စပ္လံုၿခံဳေရးကိစၥ အပါအဝင္ ေရႊ႕ေျပာင္းလာသူေတြရဲ႕အေရး အေမရိကန္-မကၠဆီကို ႏွစ္ႏုိင္ငံ ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရးေတြကို ပံုစံသစ္ မူသစ္ေတြနဲ႔ ျပန္လည္တည္ေဆာက္ဖို႔ လိုလားေနပါတယ္။

ႏွစ္ႏုိင္ငံလံုးအတြက္ေရာ ႏွစ္ႏုိင္ငံ ျပည္သူေတြအတြက္ အခုလို ႏွစ္ႏုိင္ငံ ျပန္ၿပီး ပူးေပါင္းေဆာင္ရြက္ၾကမွာ ျဖစ္တယ္လို႔ မကၠဆီကိုႏုိင္ငံသမၼတ Andres Manuel Lopez Obrador ကလည္း သူ႔ရဲ႕တြစ္တာ လူမႈကြန္ရက္ကလည္း ေဖာ္ျပထားသလို မကၠဆီကိုႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးဘက္ကလည္း အေမရိကန္နဲ႔ မကၠဆီကို ေခါင္းေဆာင္ႏွစ္ဦးၾကား ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိတာဟာ သေဘာတူညီမႈ ပူးေပါင္းေဆာင္ရြက္မႈေတြ ျဖစ္ေပၚလာေစမယ္လို႔လည္း တြစ္တာကေန ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

Joe Biden နဲ့ မက္ကဆီကိုသမ္မတ ရွှေ့ပြောင်းအလုပ်သမားအရေး ဖုန်းစကားပြော

ဒေသတွင်း ရွှေ့ပြောင်းသူများအရေးကို ဆောင်ရွက်တဲ့အခါမှာ အမေရိကန် အလယ်ပိုင်းနဲ့ မက္ကဆီကို တောင်ပိုင်းဒေသတွေရဲ့ အရင်းအမြစ်ပြဿနာကို ဖြေရှင်းခြင်းအားဖြင့် လူတွေအပေါ် ကရုဏာထား ကိုင်တွယ်သွားဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ Joe Biden နဲ့ မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador တို့ စနေနေ့က ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးရဲ့ တယ်လီဖုန်းနဲ့ ဆွေးနွေးချက်တွေထဲ ဒေသတွင်းကနေ အမေရိကန်ပြည်ထောင်စုဆီအထိ ရောက်အောင် အန္တရာယ်တွေမျိုးစုံနဲ့ ရင်ဆိုင်ပြီး ခရီးနှင်လာခဲ့ကြရတဲ့ ရွှေ့ပြောင်းလာသူတွေအရေး နည်းလမ်းမျိုးစုံနဲ့ အသွင်သစ်နဲ့ ချဉ်းကပ်အဖြေရှာဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ရွေးကောက်ခံသမ္မတ Joe Biden ရဲ့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဆီ ရွှေ့ပြောင်းလာသူတွေရဲ့ ခိုလှုံခွင့် လျှောက်ထားမှုတွေကိုလည်း နိုင်ငံတကာလက်ခံတဲ့ စံနှုန်းနဲ့အညီ ဆောင်ရွက်ဖို့နဲ့ ဒေသတွင်းနဲ့ နယ်စပ်ဒေသ တည်ဆောက်ရေးတွေ ဖွံ့ဖြိုးရေးတွေအတွက် မူဝါဒသစ်နဲ့ လူသားဆန်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဖြေရှင်းဖို့လိုတယ်လို့ Joe Biden ရဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

ရွေးကောက်ခံသမ္မတ Joe Biden ရဲ့ ဒီမိုကရက်တစ် အစိုးရသစ်လက်ထက် အမေရိကန်နဲ့ မက္ကဆီကို အိမ်နီးချင်းနှစ်နိုင်ငံကြား ဒီရွှေ့ပြောင်းသူတို့ရဲ့အရေး လက်တွဲဆောင်ရွက်ကြဖို့ မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador က ဒီသီတင်းပတ် အစောပိုင်းကပဲ အကြံပြု တိုက်တွန်းထားပါတယ်။

လက်ရှိသမ္မတ Donald Trump လက်ထက်မှာတော့ ဒီလို တရားမဝင် ဝင်ရောက်လာသူတွေကို တားဆီးလျှော့ချနိုင်ရေး နောက် နယ်စပ်တံတိုင်း တည်ဆောက်ရေးကို မက္ကဆီကိုဘက်က ကျခံဖို့ ပြောဆိုမှုတွေကြောင့် တင်းမာမှုတွေ ရှိခဲ့တာပါ။

ရွေးကောက်ခံသမ္မတ Joe Biden ကတော့ ကပ်ရောဂါ ကိုဗစ်ကာလတွင်း စီးပွားရေးတွေ၊ နယ်စပ်လုံခြုံရေးကိစ္စ အပါအဝင် ရွှေ့ပြောင်းလာသူတွေရဲ့အရေး အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို ပုံစံသစ် မူသစ်တွေနဲ့ ပြန်လည်တည်ဆောက်ဖို့ လိုလားနေပါတယ်။

နှစ်နိုင်ငံလုံးအတွက်ရော နှစ်နိုင်ငံ ပြည်သူတွေအတွက် အခုလို နှစ်နိုင်ငံ ပြန်ပြီး ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador ကလည်း သူ့ရဲ့တွစ်တာ လူမှုကွန်ရက်ကလည်း ဖော်ပြထားသလို မက္ကဆီကိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဘက်ကလည်း အမေရိကန်နဲ့ မက္ကဆီကို ခေါင်းဆောင်နှစ်ဦးကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိတာဟာ သဘောတူညီမှု ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာစေမယ်လို့လည်း တွစ်တာကနေ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG