သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ခုႏွစ္အတြက္ အထူးျခားဆုံးပုဂၢဳိလ္ေတြအျဖစ္ Joe Biden နဲ႔ Kamala Harris ကုိ Time မဂၢဇင္း ေရြးခ်ယ္


၂၀၂၀ ခုႏွစ္အတြက္ အထူးျခားဆုံးပုဂၢဳိလ္ေတြအျဖစ္ Joe Biden နဲ႔ Kamala Harris ကုိ Time မဂၢဇင္း ေရြးခ်ယ္

(Zawgyi/Unicode)

နာမည္ႀကီး Time မဂၢဇင္းႀကီးက “2020 Person of the Year ” ၂၀၂၀ အတြက္ အလႊမ္းမိုးႏိုင္ဆံုး ထူးျခားတဲ့ ပုဂၢိဳလ္ အျဖစ္ အေမရိကန္ႏိုင္ငံရဲ့ အေရြးေကာက္ခံသမၼတ Joe Biden နဲ႔ အေရြးေကာက္ခံ ဒုသမၼတ Kamala Harris တို႔ကိုပူးတြဲ ေရြးခ်ယ္လိုက္ပါတယ္။

အဆင္မေျပျဖစ္ေနတဲ့ ကမာၻႀကီးကို ကုစားႏိုင္ဖို႔၊ ႀကီးမားတဲ့ကြဲျပားမႈေတြထက္ စာနာမႈအင္အားေတြေပးၿပီး အေမရိကန္သမိုင္းကို ေျပာင္းလဲေပးႏိုင္မယ့္ သူေတြအျဖစ္ ဂုဏ္ျပဳတဲ့ အေနနဲ႔ သူတို႔ ၂ ဦးကို အခုလို ခ်ီးျမွင့္တာ ျဖစ္ေၾကာင္း Time မဂၢဇင္းအယ္ဒီတာခ်ဳပ္ Edward Felsenthal ကေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ သမၼတေရြးေကာက္ပြဲ က်င္းပတဲ့ ႏွစ္တိုင္း အေရြးေကာက္ခံ သမၼတကို အဲဒီႏွစ္အတြက္ ပုဂၢိဳလ္ထူးအျဖစ္ ေရြးခ်ယ္ခဲ့တာဟာ ၃၂ ဆက္ေျမာက္ သမၼတ Franklin Delano Roosevelt လက္ထက္ကစခဲ့တာ ျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ဒုသမၼတကိုပါပူးတြဲၿပီး ပထမဆံုး အႀကိမ္ ခ်ီးျမွင့္တာ ျဖစ္ေၾကာင္းလည္း Felsenthal ကေျပာပါတယ္။

Time မဂၢဇင္းရဲ့ Person of the Year စာရင္းထဲမွာ သမၼတေဒၚနယ္ထရမ့္၊ ထိပ္တန္းကူးစက္ေရာဂါပညာရွင္ ေဒါက္တာ Anthony Fauci နဲ႔ မတူကြဲျပားမႈေတြအတြက္ တရားမ ွ်တမႈရွိဖို႔ိ လႈပ္ရွားမႈ ေတြလည္း ပါဝင္ပါတယ္။ သမၼတထရမ့္ဟာ ၂၀၁၆ သမၼတေရြးေကာက္ပြဲမွာ အႏိုင္ရခဲ့တုန္းက အဲဒီႏွစ္အတြက္ ပုဂၢိဳလ္ထူး အျဖစ္အေရြးခ်ယ္ခံခဲ့ရတာပါ။

ကိုရီးယားက BTS ဂီတအဖြဲ႔ကိုလည္း ဒီႏွစ္အတြက္ေဖ်ာ္ေျဖေရးမွာ ထူးျခားတဲ့အဖြဲ႔အျဖစ္ Time မဂၢဇင္းက ၾကာသပေတးေန႔မွာ ေရြးခ်ယ္ခဲ့သလို ဒီႏွစ္အတြက္ ထူးျခားတဲ့ အားကစားသမား အျဖစ္ LeBron James ကို ဂုဏ္ျပဳခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

၂၀၂၀ ခုနှစ်အတွက် အထူးခြားဆုံးပုဂ္ဂိုလ်တွေအဖြစ် Joe Biden နဲ့ Kamala Harris ကို Time မဂ္ဂဇင်း ရွေးချယ်
(Unicode)

နာမည်ကြီး Time မဂ္ဂဇင်းကြီးက “2020 Person of the Year ” ၂၀၂၀ အတွက် အလွှမ်းမိုးနိုင်ဆုံး ထူးခြားတဲ့ ပုဂ္ဂိုလ် အဖြစ် အမေရိကန်နိုင်ငံရဲ့ အရွေးကောက်ခံသမ္မတ Joe Biden နဲ့ အရွေးကောက်ခံ ဒုသမ္မတ Kamala Harris တို့ကိုပူးတွဲ ရွေးချယ်လိုက်ပါတယ်။

အဆင်မပြေဖြစ်နေတဲ့ ကမ္ဘာကြီးကို ကုစားနိုင်ဖို့၊ ကြီးမားတဲ့ကွဲပြားမှုတွေထက် စာနာမှုအင်အားတွေပေးပြီး အမေရိကန်သမိုင်းကို ပြောင်းလဲပေးနိုင်မယ့် သူတွေအဖြစ် ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ ၂ ဦးကို အခုလို ချီးမြှင့်တာ ဖြစ်ကြောင်း Time မဂ္ဂဇင်းအယ်ဒီတာချုပ် Edward Felsenthal ကပြောပါတယ်။

အမေရိကန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပတဲ့ နှစ်တိုင်း အရွေးကောက်ခံ သမ္မတကို အဲဒီနှစ်အတွက် ပုဂ္ဂိုလ်ထူးအဖြစ် ရွေးချယ်ခဲ့တာဟာ ၃၂ ဆက်မြောက် သမ္မတ Franklin Delano Roosevelt လက်ထက်ကစခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ ဒုသမ္မတကိုပါပူးတွဲပြီး ပထမဆုံး အကြိမ် ချီးမြှင့်တာ ဖြစ်ကြောင်းလည်း Felsenthal ကပြောပါတယ်။

Time မဂ္ဂဇင်းရဲ့ Person of the Year စာရင်းထဲမှာ သမ္မတဒေါ်နယ်ထရမ့်၊ ထိပ်တန်းကူးစက်ရောဂါပညာရှင် ဒေါက်တာ Anthony Fauci နဲ့ မတူကွဲပြားမှုတွေအတွက် တရားမ ျှတမှုရှိဖို့ိ လှုပ်ရှားမှု တွေလည်း ပါဝင်ပါတယ်။ သမ္မတထရမ့်ဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တုန်းက အဲဒီနှစ်အတွက် ပုဂ္ဂိုလ်ထူး အဖြစ်အရွေးချယ်ခံခဲ့ရတာပါ။

ကိုရီးယားက BTS ဂီတအဖွဲ့ကိုလည်း ဒီနှစ်အတွက်ဖျော်ဖြေရေးမှာ ထူးခြားတဲ့အဖွဲ့အဖြစ် Time မဂ္ဂဇင်းက ကြာသပတေးနေ့မှာ ရွေးချယ်ခဲ့သလို ဒီနှစ်အတွက် ထူးခြားတဲ့ အားကစားသမား အဖြစ် LeBron James ကို ဂုဏ်ပြုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG