သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူေတြကိုေပးမယ္႔ ေထာက္ပံ့ေၾကးပမာဏ တိုးျမွင္႔ဖို႔ သမၼတ Trump လိုလား


အေမရိကန္ သမၼတ ေဒၚနယ္ထရန္႔

{{Zawgyi/Unicode}}

အေမရိကန္ ကြန္ဂရက္ လႊတ္ေတာ္က အတည္ျပဳထားတဲ့ ေဒၚလာ ဘီလီယံ ၉၀၀ သုံးစြဲမယ့္ ကပ္ေရာဂါ ကာလ အကူအညီေပးေရး အစီအစဥ္က ျပည့္စုံလုံေလာက္မႈ မရွိေၾကာင္းနဲ႔ အဲဒီ ဥပေဒကို လက္မွတ္ ထိုးခ်င္မွ ထိုးမွာ ျဖစ္ေၾကာင္း သမၼတ ေဒၚနယ္ ထရမ့္က အဂၤါေန႔က ေျပာပါတယ္။

သမၼတ ထရမ့္က အေမရိကန္ ျပည္သူတစ္ဦးခ်င္းစီကို တိုက္ရိုက္ေပးမယ့္ ေဒၚလာ ၆၀၀ ကို တစ္ဦးကို ေဒၚလာ ၂ ေထာင္၊ အိမ္ေထာင္ စုံတြဲ တစ္တြဲကို ေဒၚလာ ၄၀၀၀ တိုးျမႇင့္ေပးဖို႔ ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

အဲဒီ ဥပေဒမွာ ေငြေၾကးေတြ အလဟသ သုံးစြဲတဲ့ အစီအစဥ္ေတြ အမ်ားအျပား ပါဝင္တယ္လို႔လည္း ဆိုရွယ္မီဒီယာေပၚတင္ထားတဲ့ ဗီဒီယိုကတဆင့္ သူကေျပာပါတယ္။

အဲဒီ ဥပေဒမူၾကမ္းကို အေမရိကန္ အထက္ေအာက္ လႊတ္ေတာ္ ႏွစ္ရပ္စလုံးက ေထာက္ခံမဲ အျပတ္အသတ္နဲ႔ အတည္ျပထားတာ ျဖစ္ၿပီး အေမရိကန္ျပည္သူ တစ္ဦးစီကို ေဒၚလာ ၆၀၀ စီ တိုက္ရိုက္ေငြေထာက္ပံ့မယ့္ အစီအစဥ္လည္းပါဝင္ပါတယ္။

ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi ကေတာ့ သမၼတ ထရမ့္ရဲ့ ေတာင္းဆိုခ်က္ကို ေအာက္လႊတ္ေတာ္မွာ တင္ျပၿပီး ဒီအပတ္ထဲ မဲခြဲ ဆုံးျဖတ္နိုင္ဖို႔ တစ္ျခား ဒီမိုကရက္ေတြ အမတ္ေတြနဲ႔အတူ ျပင္ဆင္ေနတယ္လို႔ အဂၤါေန႔မွာပဲ တုန္႔ျပန္ေျပာဆိုလိုက္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ အေမရိကန္ လုပ္သား ၈၀၃,၀၀၀ ဝန္းက်င္ အလုပ္လက္မဲ့ ခံစားခြင့္ ေလၽွာက္ထား ၾက တယ္လို႔ အေမရိကန္ အလုပ္သမား ဝန္ႀကီးဌာနက ဗုဒၶဟူးေန႔က ေၾကညာပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ အလုပ္လက္မဲ့ ျဖစ္ခဲ့ရသူ အေမရိကန္ ၂၂ သန္းထဲက ၁၀ သန္းနီးပါးေလာက္ အလုပ္လက္မဲ့ ျဖစ္ေနဆဲ အေၿခ အေနမွာ ရွိေနတာပါ။ နိုဝင္ဘာလထဲ အလုပ္လက္မဲ့ ႏႈန္းက ၆.၇ ရာခိုင္ႏႈန္းမွာ ရွိေနၿပီး အဲဒီႏႈန္းနဲ႔ အလုပ္လက္မဲ့ႏႈန္း လအေတာ္ၾကာ တဲ့အထိ ဆက္ရွိေနနိုင္တယ္လို႔လည္း စီးပြားေရး ပညာရွင္ေတြက ခန္႔မွန္းေနၾကပါတယ္။

ဧၿပီလကစလို႔ အလုပ္အကိုင္ ဖန္တီးနိုင္မႈ က်ဆင္းေနၿပီး နိုဝင္ဘာလမွာလည္း ငါးလေျမာက္အျဖစ္ ဆက္တိုက္ က်ဆင္းခဲ့ပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အမေရိကန် ကွန်ဂရက် လွှတ်တော်က အတည်ပြုထားတဲ့ ဒေါ်လာ ဘီလီယံ ၉၀၀ သုံးစွဲမယ့် ကပ်ရောဂါ ကာလ အကူအညီပေးရေး အစီအစဉ်က ပြည့်စုံလုံလောက်မှု မရှိကြောင်းနဲ့ အဲဒီ ဥပဒေကို လက်မှတ် ထိုးချင်မှ ထိုးမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရမ့်က အင်္ဂါနေ့က ပြောပါတယ်။

သမ္မတ ထရမ့်က အမေရိကန် ပြည်သူတစ်ဦးချင်းစီကို တိုက်ရိုက်ပေးမယ့် ဒေါ်လာ ၆၀၀ ကို တစ်ဦးကို ဒေါ်လာ ၂ ထောင်၊ အိမ်ထောင် စုံတွဲ တစ်တွဲကို ဒေါ်လာ ၄၀၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေမှာ ငွေကြေးတွေ အလဟသ သုံးစွဲတဲ့ အစီအစဉ်တွေ အများအပြား ပါဝင်တယ်လို့လည်း ဆိုရှယ်မီဒီယာပေါ်တင်ထားတဲ့ ဗီဒီယိုကတဆင့် သူကပြောပါတယ်။

အဲဒီ ဥပဒေမူကြမ်းကို အမေရိကန် အထက်အောက် လွှတ်တော် နှစ်ရပ်စလုံးက ထောက်ခံမဲ အပြတ်အသတ်နဲ့ အတည်ပြထားတာ ဖြစ်ပြီး အမေရိကန်ပြည်သူ တစ်ဦးစီကို ဒေါ်လာ ၆၀၀ စီ တိုက်ရိုက်ငွေထောက်ပံ့မယ့် အစီအစဉ်လည်းပါဝင်ပါတယ်။

အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ကတော့ သမ္မတ ထရမ့်ရဲ့ တောင်းဆိုချက်ကို အောက်လွှတ်တော်မှာ တင်ပြပြီး ဒီအပတ်ထဲ မဲခွဲ ဆုံးဖြတ်နိုင်ဖို့ တစ်ခြား ဒီမိုကရက်တွေ အမတ်တွေနဲ့အတူ ပြင်ဆင်နေတယ်လို့ အင်္ဂါနေ့မှာပဲ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမေရိကန် လုပ်သား ၈၀၃,၀၀၀ ဝန်းကျင် အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထား ကြ တယ်လို့ အမေရိကန် အလုပ်သမား ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူ အမေရိကန် ၂၂ သန်းထဲက ၁၀ သန်းနီးပါးလောက် အလုပ်လက်မဲ့ ဖြစ်နေဆဲ အခြေ အနေမှာ ရှိနေတာပါ။ နိုဝင်ဘာလထဲ အလုပ်လက်မဲ့ နှုန်းက ၆.၇ ရာခိုင်နှုန်းမှာ ရှိနေပြီး အဲဒီနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း လအတော်ကြာ တဲ့အထိ ဆက်ရှိနေနိုင်တယ်လို့လည်း စီးပွားရေး ပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။

ဧပြီလကစလို့ အလုပ်အကိုင် ဖန်တီးနိုင်မှု ကျဆင်းနေပြီး နိုဝင်ဘာလမှာလည်း ငါးလမြောက်အဖြစ် ဆက်တိုက် ကျဆင်းခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG