သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid ကာလ ေထာက္ပံ့ေၾကး တိုးျမႇင့္ေရး သမၼတ Trump ရဲ႕အစီအစဥ္ကို ရီဘတ္ပလစ္ကင္ အမတ္ေတြပယ္ခ်


အေမရိကန္ ကြန္ကရက္လႊတ္ေတာ္

{{Zawgyi/Unicode}}

အေမရိကန္ ေအာက္လႊတ္ေတာ္ ရစ္ပတ္ဘလင္ကန္အမတ္ေတြက ကိုဗစ္ကာလ စီးပြားေရး အကူအညီေပးေရး အစီအစဥ္မွာ အေမရိကန္ ျပည္သူေတြကို တိုက္ရိုက္ေပးမယ့္ ေငြေၾကးပမာဏ တိုးျမႇင့္ေရး အစီအစဥ္ကို ၾကာသပေတးေန႔က ပယ္ခ်လိုက္ပါတယ္။

အေမရိကန္ အထက္ေအာက္ လႊတ္ေတာ္ ႏွစ္ရပ္လုံးက သေဘာတူထားတဲ့ ေဒၚလာ ၆၀၀ အစား ေဒၚလာ ၂၀၀၀ အထိ တိုးျမႇင့္ေပးဖို႔ သမၼတ ေဒၚနယ္ထရမ့္ရဲ့ ေတာင္းဆိုခ်က္အေပၚ သေဘာတူနိုင္ေရး ဒီမိုကရက္ေတြက ႀကိဳးပမ္းခဲ့တာကို ရစ္ပတ္ပလင္ကန္အမတ္ေတြက အခုလို ပိတ္ဆို႔ပယ္ခ်လိုက္တာ ျဖစ္ပါတယ္။

ၾကာသပေတးေန႔မွာပဲ ေအာက္လႊတ္ေတာ္ ဒီမိုကရက္ အမတ္ေခါင္းေဆာင္ Steny Hoyer က သမၼတ ထရမ့္ရဲ့ အဆိုျပဳခ်က္ကို ေအာက္လႊတ္ေတာ္ အမတ္အားလုံး တညီတညြတ္တည္း သေဘာတူေရး ႀကိဳးပမ္းခဲ့တာပါ။ ဒါကို ေအာက္လႊတ္ေတာ္ လူနည္းစု ေခါင္းေဆာင္ ရစ္ပတ္ဘလင္ကန္အမတ္ Kevin McCarthy က သေဘာတူဖို႔ ျငင္းပယ္လိုက္တာ ျဖစ္ပါတယ္။

အဂၤါေန႔ သမၼတ ထရမ့္က အေမရိကန္ ျပည္သူတစ္ဦးခ်င္းစီကို တိုက္ရိုက္ေထာက္ပံ့မယ့္ ေငြေၾကး ပမာဏကို မတိုးျမႇင့္ဘူးဆိုရင္ အေမရိကန္ ေဒၚလာ ဘီလီယံ ၉၀၀ သုံးစြဲမယ့္ ကိုဗစ္ကာလအေရးေပၚ အကူအညီေပးေရးအစီအစဥ္ ကို လက္မွတ္ထိုးခ်င္မွ ထိုးမယ္လို႔ ေျပာထားခဲ့တာပါ။

သမၼတ ထရမ့္က ဒီကိုဗစ္ စီးပြားေရးအကူအညီေပးမယ့္ ဥပေဒမူၾကမ္းကို တခ်က္လႊတ္ ဗီတိုအာဏာသုံးၿပီး ပယ္ခ်မယ္ဆိုရင္ ဒီဇင္ဘာလ ၂၉ ရက္ေန႔က စၿပီး အေမရိကန္အစိုးရ တစိတ္တပိုင္း ပိတ္သြားနိုင္ေၿခရွိသလို အေမရိကန္ ျပည္သူေတြကို ေပးမယ့္ ေဒၚလာ ၆၀၀ လည္း ေႏွာင့္ေႏွးသြားဖို႔ ရွိပါတယ္။

ဒီ ေငြပမာဏကို ေဒၚလာ ၂၀၀၀ အထိ တိုးျမႇင့္ေပးဖို႔ ကိစၥကို ဆီးနိတ္အထက္ လႊတ္ေတာ္ ေခါင္းေဆာင္ ရစ္ပတ္ဘလင္ကန္ အမတ္ Mitch McConnell တျခား အထက္လႊတ္ေတာ္ အမတ္ေတြကလည္း ဆန္႔က်င္ေနတာ ျဖစ္ပါတယ္။

ဒီ ဥပေဒမူၾကမ္းကို သမၼတထရမ့္ လက္မွတ္မထိုးရင္ လက္ရွိ အလုပ္လက္မဲ့ ခံစားခြင့္ေတြ ဒီစေနေန႔မွာ သက္တမ္းကုန္ဆုံးသြားမွာ ျဖစ္ပါတယ္။

...............................................................

{{Unicode}}

အမေရိကန် အောက်လွှတ်တော် ရစ်ပတ်ဘလင်ကန်အမတ်တွေက ကိုဗစ်ကာလ စီးပွားရေး အကူအညီပေးရေး အစီအစဉ်မှာ အမေရိကန် ပြည်သူတွေကို တိုက်ရိုက်ပေးမယ့် ငွေကြေးပမာဏ တိုးမြှင့်ရေး အစီအစဉ်ကို ကြာသပတေးနေ့က ပယ်ချလိုက်ပါတယ်။

အမေရိကန် အထက်အောက် လွှတ်တော် နှစ်ရပ်လုံးက သဘောတူထားတဲ့ ဒေါ်လာ ၆၀၀ အစား ဒေါ်လာ ၂၀၀၀ အထိ တိုးမြှင့်ပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်အပေါ် သဘောတူနိုင်ရေး ဒီမိုကရက်တွေက ကြိုးပမ်းခဲ့တာကို ရစ်ပတ်ပလင်ကန်အမတ်တွေက အခုလို ပိတ်ဆို့ပယ်ချလိုက်တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာပဲ အောက်လွှတ်တော် ဒီမိုကရက် အမတ်ခေါင်းဆောင် Steny Hoyer က သမ္မတ ထရမ့်ရဲ့ အဆိုပြုချက်ကို အောက်လွှတ်တော် အမတ်အားလုံး တညီတညွတ်တည်း သဘောတူရေး ကြိုးပမ်းခဲ့တာပါ။ ဒါကို အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ရစ်ပတ်ဘလင်ကန်အမတ် Kevin McCarthy က သဘောတူဖို့ ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။

အင်္ဂါနေ့ သမ္မတ ထရမ့်က အမေရိကန် ပြည်သူတစ်ဦးချင်းစီကို တိုက်ရိုက်ထောက်ပံ့မယ့် ငွေကြေး ပမာဏကို မတိုးမြှင့်ဘူးဆိုရင် အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀၀ သုံးစွဲမယ့် ကိုဗစ်ကာလအရေးပေါ် အကူအညီပေးရေးအစီအစဉ် ကို လက်မှတ်ထိုးချင်မှ ထိုးမယ်လို့ ပြောထားခဲ့တာပါ။

သမ္မတ ထရမ့်က ဒီကိုဗစ် စီးပွားရေးအကူအညီပေးမယ့် ဥပဒေမူကြမ်းကို တချက်လွှတ် ဗီတိုအာဏာသုံးပြီး ပယ်ချမယ်ဆိုရင် ဒီဇင်ဘာလ ၂၉ ရက်နေ့က စပြီး အမေရိကန်အစိုးရ တစိတ်တပိုင်း ပိတ်သွားနိုင်ခြေရှိသလို အမေရိကန် ပြည်သူတွေကို ပေးမယ့် ဒေါ်လာ ၆၀၀ လည်း နှောင့်နှေးသွားဖို့ ရှိပါတယ်။

ဒီ ငွေပမာဏကို ဒေါ်လာ ၂၀၀၀ အထိ တိုးမြှင့်ပေးဖို့ ကိစ္စကို ဆီးနိတ်အထက် လွှတ်တော် ခေါင်းဆောင် ရစ်ပတ်ဘလင်ကန် အမတ် Mitch McConnell တခြား အထက်လွှတ်တော် အမတ်တွေကလည်း ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

ဒီ ဥပဒေမူကြမ်းကို သမ္မတထရမ့် လက်မှတ်မထိုးရင် လက်ရှိ အလုပ်လက်မဲ့ ခံစားခွင့်တွေ ဒီစနေနေ့မှာ သက်တမ်းကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG