သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အေထာက္အပံ့နဲ႔ အစိုးရအသံုးစရိတ္မူၾကမ္း သမၼတ Trump လက္မွတ္ထိုး


သမၼတ Donald Trump

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ထိခိုက္ေနသူေတြကို အေထာက္အပံ့ေပးဖို႔ ေဒၚလာ ၉၀၀ ဘီလီယံ အသံုးစရိတ္နဲ႔ အစိုးရလုပ္ငန္းေတြ စက္တင္ဘာလအထိ လည္ပါတ္ႏိုင္ႏိုင္ေရးအသံုးစရိတ္ ၁.၄ trillion ပါဝင္တဲ့ စုစုေပါင္း အစိုးရ အသံုးစရိတ္ ၂.၃ ထရီလီယံကို သမၼတ Donald Trump တနဂၤေႏြေန႔က လက္မွတ္ထိုးအတည္ျပဳလိုက္ပါတယ္။

သမၼတ အတည္ျပဳလိုက္တာမို႔ အသံုးစရိတ္ျပတ္ၿပီး အစုိးရလုပ္ငန္းေတြ လည္ပတ္မႈ အဂၤါေန႔ကစၿပီး ယာယီရပ္ဆိုင္းရမယ့္ အေျခအေနကို ေ႐ွာင္႐ွားလိုက္ႏုိင္ပါတယ္။ အထက္နဲ႔ ေအာက္လႊတ္ေတာ္ေတြမွာ ၿပီးခဲ့တဲ့ သီတင္းပတ္က အတည္ျပဳထားတဲ့ အသံုးစရိတ္မူၾကမ္းဟာ ႐ွက္စရာႀကီးျဖစ္တယ္လို႔ သမၼတက အရင္ကေျပာၿပီး လက္မွတ္ထိုးဖို႔ ျငင္းဆန္ေနခဲ့တာပါ။ ျပည္သူတဦးစီအတြက္ေပးမယ့္ ေထာက္ပံ့ေငြ ေဒၚလာ ၆၀၀ ဟာ သိပ္နည္းတဲ့အတြက္ ေဒၚလာ ၂,၀၀၀ အထိ တုိးေပးဖို႔ သမၼတက လႊတ္ေတာ္အမတ္ေတြကို ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမဲ့ ဘ႑ာေရးဝန္ႀကီးနဲ႔ Republican နဲ႔ Democrat လႊတ္ေတာ္အမတ္ေတြၾကား အႀကိတ္အနယ္ေဆြးေႏြး သေဘာတူၿပီး လႊတ္ေတာ္ ၂ ရပ္လံုးက ေထာက္ခံထားတဲ့ အသံုးစရိတ္မူၾကမ္းကို သမၼတ လက္မွတ္ထိုး အတည္ျပဳ ျပဌာန္းဖုိ႔ ပါတီ ၂ ခုလံုးရဲ႕ ေခါင္းေဆာင္ေတြက သမၼတကို တိုက္တြန္းခဲ့ၾကပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလ အလုပ္လက္မဲ့ျဖစ္သူေတြအတြက္ ျပည္ေထာင္စုအစိုးရ ေထာက္ပံ့ေၾကးေပးတဲ့အစီအစဥ္ တနဂၤေႏြေန႔ အေစာပိုင္း အဆံုးသတ္ခဲ့သလို၊ အိမ္လခမေပးႏိုင္သူေတြကို အိမ္႐ွင္က ႏွင္မခ်ေအာင္ အကာအကြယ္ေပးမႈကလည္း ဒီဇင္ဘာ ၃၁ ရက္မွာ အဆံုးသတ္ေတာ့မွာပါ။

သမၼတက အသံုးစရိတ္ကို လက္မွတ္ထိုးေပးလိုက္တဲ့အတြက္ အလုပ္လက္မဲ့ ေထာက္ပံ့ေၾကးအေပၚ မွီတည္ေနရသူ အေမရိကန္ ၁၄ သန္းအတြက္ သတင္းေကာင္းျဖစ္တယ္လို႔ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi က တနဂၤေႏြေန႔ ေႏွာင္းပိုင္းက ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ အစိုးရလုပ္ငန္းေတြ ရပ္ဆိုင္းလို႔မသင့္တဲ့ အေျခအေနမ်ဳိးမွာ ဒီအေျခအေနကို သမၼတက ေ႐ွာင္႐ွားလိုက္တဲ့အေပၚ အထက္လႊတ္ေတာ္လူမ်ားစုေခါင္းေဆာင္ Mitch McConnell ကသမၼတကို ခ်ီးက်ဴးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အထောက်အပံ့နဲ့ အစိုးရအသုံးစရိတ်မူကြမ်း သမ္မတ Trump လက်မှတ်ထိုး

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နေသူတွေကို အထောက်အပံ့ပေးဖို့ ဒေါ်လာ ၉၀၀ ဘီလီယံ အသုံးစရိတ်နဲ့ အစိုးရလုပ်ငန်းတွေ စက်တင်ဘာလအထိ လည်ပါတ်နိုင်နိုင်ရေးအသုံးစရိတ် ၁.၄ trillion ပါဝင်တဲ့ စုစုပေါင်း အစိုးရ အသုံးစရိတ် ၂.၃ ထရီလီယံကို သမ္မတ Donald Trump တနင်္ဂနွေနေ့က လက်မှတ်ထိုးအတည်ပြုလိုက်ပါတယ်။

သမ္မတ အတည်ပြုလိုက်တာမို့ အသုံးစရိတ်ပြတ်ပြီး အစိုးရလုပ်ငန်းတွေ လည်ပတ်မှု အင်္ဂါနေ့ကစပြီး ယာယီရပ်ဆိုင်းရမယ့် အခြေအနေကို ရှောင်ရှားလိုက်နိုင်ပါတယ်။အထက်နဲ့ အောက်လွှတ်တော်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အတည်ပြုထားတဲ့ အသုံးစရိတ်မူကြမ်းဟာ ရှက်စရာကြီးဖြစ်တယ်လို့ သမ္မတက အရင်ကပြောပြီး လက်မှတ်ထိုးဖို့ ငြင်းဆန်နေခဲ့တာပါ။ ပြည်သူတဦးစီအတွက်ပေးမယ့် ထောက်ပံ့ငွေ ဒေါ်လာ ၆၀၀ ဟာ သိပ်နည်းတဲ့အတွက် ဒေါ်လာ ၂,၀၀၀ အထိ တိုးပေးဖို့ သမ္မတက လွှတ်တော်အမတ်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ Republican နဲ့ Democrat လွှတ်တော်အမတ်တွေကြား အကြိတ်အနယ်ဆွေးနွေး သဘောတူပြီး လွှတ်တော် ၂ ရပ်လုံးက ထောက်ခံထားတဲ့ အသုံးစရိတ်မူကြမ်းကို သမ္မတ လက်မှတ်ထိုး အတည်ပြု ပြဌာန်းဖို့ ပါတီ ၂ ခုလုံးရဲ့ ခေါင်းဆောင်တွေက သမ္မတကို တိုက်တွန်းခဲ့ကြပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ အလုပ်လက်မဲ့ဖြစ်သူတွေအတွက် ပြည်ထောင်စုအစိုးရ ထောက်ပံ့ကြေးပေးတဲ့အစီအစဉ် တနင်္ဂနွေနေ့ အစောပိုင်း အဆုံးသတ်ခဲ့သလို၊ အိမ်လခမပေးနိုင်သူတွေကို အိမ်ရှင်က နှင်မချအောင် အကာအကွယ်ပေးမှုကလည်း ဒီဇင်ဘာ ၃၁ ရက်မှာ အဆုံးသတ်တော့မှာပါ။

သမ္မတက အသုံးစရိတ်ကို လက်မှတ်ထိုးပေးလိုက်တဲ့အတွက် အလုပ်လက်မဲ့ ထောက်ပံ့ကြေးအပေါ် မှီတည်နေရသူ အမေရိကန် ၁၄ သန်းအတွက် သတင်းကောင်းဖြစ်တယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က တနင်္ဂနွေနေ့ နှောင်းပိုင်းက ကြေညာချက်ထုတ်ပြန်ပါတယ်။ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းလို့မသင့်တဲ့ အခြေအနေမျိုးမှာ ဒီအခြေအနေကို သမ္မတက ရှောင်ရှားလိုက်တဲ့အပေါ် အထက်လွှတ်တော်လူများစုခေါင်းဆောင် Mitch McConnell ကသမ္မတကို ချီးကျူးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG