သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္အစိုးရ အသုံးစရိတ္မူၾကမ္း သမၼတ လက္မွတ္မထိုးေသး


အေမရိကန္သမၼတ Donald Trump. (ဒီဇင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump က ကိုဗစ္ကာလ အကူအညီေပးေရး ပါဝင္တဲ့ အေမရိကန္အစိုးရ အသုံးစရိတ္ ဥပေဒမူၾကမ္းကို စေနေန႔ည သန္းေခါင္ယံ အခ်ိန္အထိ လက္မွတ္မထိုးတာေၾကာင့္ အလုပ္လက္မဲ့ ခံစားခြင့္နဲ႔ အိမ္ငွားခေပးဖို႔ အခက္အခဲေတြ႔ေနသူေတြအတြက္ ေပးအပ္ေနတဲ့ ခံစားခြင့္ေတြ တနဂၤေႏြေန႔က စလို႔ သက္တမ္းကုန္ဆုံးသြားခဲ့ၿပီ ျဖစ္ပါတယ္။

လႊတ္ေတာ္ႏွစ္ရပ္က အတည္ျပဳထားတဲ့ ဒီဥပေဒၾကမ္းကို သမၼတ Trump က ၿပီးခဲ့တဲ့ သီတင္းပတ္ထဲက ျပင္းျပင္းထန္ထန္ ေဝဖန္ကန္႔ကြက္ေနခဲ့တာျဖစ္ၿပီး မေန႔ စေနေန႔အထိလည္း ဆက္ၿပီး ကန္႔ကြက္ေနဆဲ ျဖစ္ပါတယ္။

ဥပေဒမူၾကမ္းမွာပါရွိတဲ့ အေမရိကန္ ျပည္သူေတြအတြက္ ေထာက္ပံ့ေငြ တဦးကို ေငြေၾကး ေဒၚလာ ၆၀၀ အစား ေဒၚလာ ၂,၀၀၀ စီေပးဖို႔ လိုလားသလို ဥပေဒမူၾကမ္းထဲက အလဟႆ သုံးစြဲတဲ့ ေငြေၾကးေတြကိုလည္း ရပ္ဆိုင္းပစ္ပါလို႔ သူက တြစ္တာမွာ စေနေန႔က ေရးထားပါတယ္။

ေဒၚလာ ၂,၀၀၀ တိုးျမႇင့္ေပးဖို႔ကို သူ႔ရဲ႕ ရီပတ္ဘလစ္ကန္ပါတီက အမတ္ေတြ ကိုယ္တိုင္က ကန္႔ကြက္ေနတာျဖစ္ၿပီး အခုလို ေထာက္ပံ့ေငြတိုးေပးဖို႔ ဒီမိုကရက္ေတြက ႀကိဳးပမ္းခ်က္ေတြကို ရီပတ္ဘလစ္ကန္ေတြက ပယ္ခ်ေနပါတယ္။

ဥပေဒမူၾကမ္းကို သမၼတ လက္မွတ္မထိုးတာေၾကာင့္ အေမရိကန္ျပည္သူ ၁၄ သန္း အလုပ္လက္မဲ့ခံစားခြင့္ ဆုံး႐ႈံးမွာျဖစ္တယ္လို႔ အေမရိကန္ အလုပ္သမား ဝန္ႀကီးဌာနရဲ႕ စာရင္းဇယားေတြအရ သိရပါတယ္။

အေမရိကန္ေဒၚလာ ၂.၃ ထရီလီယံ သုံးစြဲမယ့္ ဒီဥပေဒမူၾကမ္းကို သမၼတ Trump လက္မွတ္မထိုးရင္ အေမရိကန္အစိုးရ တစိတ္တပိုင္းပိတ္ရဖို႔ အေျခအေနကို ႀကဳံေတြ႔ရမွာ ျဖစ္ပါတယ္။

အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္အမတ္ေတြ ခရစၥမတ္ပိတ္ရက္ကို ဖ်က္သိမ္းၿပီး တနလၤာေန႔မွာ ေတြ႔ဆုံၿပီး ၾကားျဖတ္အစီအစဥ္တခုကို မဲခြဲဆုံးျဖတ္ အတည္ျပဳဖို႔ လိုအပ္လာမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ကန်အစိုးရ အသုံးစရိတ်မူကြမ်း သမ္မတ လက်မှတ်မထိုးသေး

အမေရိကန်သမ္မတ Donald Trump က ကိုဗစ်ကာလ အကူအညီပေးရေး ပါဝင်တဲ့ အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေမူကြမ်းကို စနေနေ့ည သန်းခေါင်ယံ အချိန်အထိ လက်မှတ်မထိုးတာကြောင့် အလုပ်လက်မဲ့ ခံစားခွင့်နဲ့ အိမ်ငှားခပေးဖို့ အခက်အခဲတွေ့နေသူတွေအတွက် ပေးအပ်နေတဲ့ ခံစားခွင့်တွေ တနင်္ဂနွေနေ့က စလို့ သက်တမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

လွှတ်တော်နှစ်ရပ်က အတည်ပြုထားတဲ့ ဒီဥပဒေကြမ်းကို သမ္မတ Trump က ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်နေခဲ့တာဖြစ်ပြီး မနေ့ စနေနေ့အထိလည်း ဆက်ပြီး ကန့်ကွက်နေဆဲ ဖြစ်ပါတယ်။

ဥပဒေမူကြမ်းမှာပါရှိတဲ့ အမေရိကန် ပြည်သူတွေအတွက် ထောက်ပံ့ငွေ တဦးကို ငွေကြေး ဒေါ်လာ ၆၀၀ အစား ဒေါ်လာ ၂,၀၀၀ စီပေးဖို့ လိုလားသလို ဥပဒေမူကြမ်းထဲက အလဟဿ သုံးစွဲတဲ့ ငွေကြေးတွေကိုလည်း ရပ်ဆိုင်းပစ်ပါလို့ သူက တွစ်တာမှာ စနေနေ့က ရေးထားပါတယ်။

ဒေါ်လာ ၂,၀၀၀ တိုးမြှင့်ပေးဖို့ကို သူ့ရဲ့ ရီပတ်ဘလစ်ကန်ပါတီက အမတ်တွေ ကိုယ်တိုင်က ကန့်ကွက်နေတာဖြစ်ပြီး အခုလို ထောက်ပံ့ငွေတိုးပေးဖို့ ဒီမိုကရက်တွေက ကြိုးပမ်းချက်တွေကို ရီပတ်ဘလစ်ကန်တွေက ပယ်ချနေပါတယ်။

ဥပဒေမူကြမ်းကို သမ္မတ လက်မှတ်မထိုးတာကြောင့် အမေရိကန်ပြည်သူ ၁၄ သန်း အလုပ်လက်မဲ့ခံစားခွင့် ဆုံးရှုံးမှာဖြစ်တယ်လို့ အမေရိကန် အလုပ်သမား ဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

အမေရိကန်ဒေါ်လာ ၂.၃ ထရီလီယံ သုံးစွဲမယ့် ဒီဥပဒေမူကြမ်းကို သမ္မတ Trump လက်မှတ်မထိုးရင် အမေရိကန်အစိုးရ တစိတ်တပိုင်းပိတ်ရဖို့ အခြေအနေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေ ခရစ္စမတ်ပိတ်ရက်ကို ဖျက်သိမ်းပြီး တနင်္လာနေ့မှာ တွေ့ဆုံပြီး ကြားဖြတ်အစီအစဉ်တခုကို မဲခွဲဆုံးဖြတ် အတည်ပြုဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG