သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသုံးစရိတ်မူကြမ်းပြင်ဆင်ချက် ကန်အထက်လွှတ်တော်တင်ဖို့ ဒီမိုကရက်ပြင်ဆင်


အမေရိကန်လွှတ်တော်အဆောက်အဦး။ (ဒီဇင်ဘာ ၂၀၊ ၂၀၂၀)
အမေရိကန်လွှတ်တော်အဆောက်အဦး။ (ဒီဇင်ဘာ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ်ရောဂါကြောင့် အခက်အခဲနဲ့ကြုံနေရတဲ့ အမေရိကန်ပြည်သူတွေကို ဒေါ်လာ ၆၀၀ အစား ၂,၀၀၀ ပေးဖို့ သမ္မတ Donald Trump ရဲ့တောင်းဆိုချက်အတိုင်း အောက်လွှတ်တော်က တနင်္လာနေ့မှာ မဲခွဲအတည်ပြုထားတဲ့ကိစ္စ အထက်လွှတ်တော်မှာ ဒီကနေ့အင်္ဂါနေ့မှာ အတည်ပြုပေးဖို့ ဒီမိုကရက်တို့ပြင်ဆင်နေပါတယ်။

ဒီမိုကရက်တို့လူနည်းစုဖြစ်နေတဲ့ အထက်လွှတ်တော်မှာ ဒီကိစ္စကို မဲခွဲမလားဆိုတာ အထက်လွှတ်တော်လူမျာစုခေါင်းဆောင် Mitch McConnell က လူသိရှင်ကြားပြောမထားသေးပါဘူး။ ထိပ်တန်း ဒီမိုကရက်အမတ်တွေကတော့ ဒီကိစ္စကို အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ တတ်နိုင်သမ ျှနည်းလမ်းပေါင်းစုံနဲ့ လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားတယ်လို့ပြောပါတယ်။ အထက်လွှတ်တော်အမတ်တယောက်ယောက်က ကန့်ကွက်လာမယ်ဆိုရင် ဒါကိုတားမြစ်နိုင်မယ့် လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်သွားဖို့ အထက်လွှတ်တော်လူနည်းစုခေါင်းဆောင် Chuck Schumer ကပြင်ဆင်ထားပါတယ်။

အမေရိကန်ပြည်သူတွေကို ဒေါ်လာ ၂,၀၀၀ ပေးဖို့ကိစ္စကို နိုင်ငံတဝှမ်း အခိုင်အမာထောက်ခံမှုရှိနေတဲ့အတွက် အကူအညီလိုအပ်နေတဲ့ အမေရိကန်မိသားစုတွေကို ကူညီနိုင်ရေး ရီပတ်ဘလစ်ကန်အမတ်တွေ ကန့်ကွက်မှုမရှိအောင် ခေါင်းဆောင် McConnell ဘက်ကလုပ်ကိုင်ပေးဖို့လိုပါတယ်လို့ မစ္စတာ Schumer ရဲ့ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။ရီပတ်ဘလစ်ကန်အမတ်တွေဘက်ကတော့ အသုံးစာရိတ်ထပ်တိုးမယ့်ကိစ္စကို အကြီးအကျယ်ကန့်ကွက်ထားကြတာဖြစ်ပါတယ်။

ဒီမိုကရက်တို့ ထိန်းချုပ်ထားတဲ့အောက်လွှတ်တော်က အရေးပေါ်ကူညီထောက်ပံ့ရေးအစီအစဉ်ကို ၂၇၅ မဲ ၁၃၄ မဲနဲ့ တနင်္လာနေ့က မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တို့ကြား သီတင်းပတ်တွေနဲ့ချီ အကြိတ်အနယ်ဆွေးနွေးပြီး ဒေါ်လာ ၂.၃ ထရီလီယံသုံးစွဲမယ့် အရေးပေါ် အကူအညီပေးရေးအစီအစဉ်ကို သဘောတူညီခဲ့ကြပေမယ့်၊ အမေရိကန်ပြည်သူတွေကို ထောက်ပံ့ကြေးတိုးပေးဖို့ သမ္မတက ပြောဆိုခဲ့တဲ့နောက် အောက်လွှတ်တော်မှာ ဒါကို ပြန်ပြင် မဲခွဲခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG