သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AstraZeneca ကိုဗစ္ကာကြယ္ေဆးအေရးေပၚသံုးဖို႔ ၿဗိတိန္ခြင့္ျပဳ


AstraZeneca ကိုဗစ္ကာကြယ္ေဆးပုလင္းမ်ား။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

Oxford တကၠသိုလ္နဲ႔ ယူေကအေျခစိုက္ AstraZeneca ကုမၸဏီတို႔ ပူးတြဲ သုေတသနျပဳထုတ္လုပ္တဲ့ COVID-19 ေရာဂါကာကြယ္ေဆးကုိ အေရးေပၚအသံုးျပဳဖို႔ ၿဗိတိန္ႏုိင္ငံက ဒီကေန႔ ခြင့္ျပဳလိုက္ပါၿပီ။

ဒါဟာျဖင့္ ၿဗိတိန္ႏုိင္ငံအေနနဲ႔ ဒုတိယေျမာက္ ကိုဗစ္ေရာဂါကာကြယ္ေဆးကို ခြင့္ျပဳတာျဖစ္ၿပီး Oxford-AstraZeneca ကာကြယ္ေဆးကိုသံုးဖို႔ ပထမဆံုး အတည္ျပဳတဲ့ႏုိင္ငံလည္းျဖစ္ပါတယ္။

အခုလို ခြင့္ျပဳလိုက္တဲ့အေပၚ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က Twitter မွာ ခ်ီးက်ဴးေရးသားခ့ဲပါတယ္။ "တကယ့္သတင္းေကာင္းျဖစ္ၿပီး ၿဗိတိသ ွ်သိပၸံပညာအတြက္ ေအာင္ျမင္မႈတခုပါပဲ။ အခုဆိုရင္ လူအေရအတြက္ မ်ားႏုိင္သမ ွ် မ်ားမ်ားကို ျမန္ႏုိင္သမ ွ်ျမန္ျမန္ ကာကြယ္ေဆးထိုးေပးနုိင္ေတာ့မွာျဖစ္ပါတယ္။" လို႔ ဝန္ႀကီးခ်ဳပ္ Johnson က ဒီကေန႔ Twitter မွာေရးခဲ့တာပါ။

အခုကာကြယ္ေဆးဟာ ပထမအတည္ျပဳထားတဲ့ အေမရိကန္ကုမၸဏီ Pfizer နဲ႔ BioNTech ဂ်ာမန္ကုမၸဏီတို႔ရဲ႕ ကာကြယ္ေဆးထက္ ထိန္းသိမ္းသိုေလွာင္ပို႔ေဆာင္ရတာ လြယ္ကူၿပီး "ကမာၻ႔ကာကြယ္ေဆး" ျဖစ္လာဖို႔ ထုတ္လုပ္သူေတြက ေမ ွ်ာ္မွန္းထားပါတယ္။

Oxford-AstraZeneca ကာကြယ္ေဆး အလံုးေရ သန္း ၁၀၀ ကို ၿဗိတိန္ႏုိင္ငံက ဝယ္ယူထားၿပီး ရက္ပိုင္းအတြင္း ကာကြယ္ေဆးထိုးေပးဖို႔ စီစဥ္ထားပါတယ္။ Pfizer-BioNTech ကာကြယ္ေဆးကိုေတာ့ ၿဗိတိန္က လူသိန္းေပါင္းမ်ားစြာအတြက္ ထိုးေပးၿပီးပါၿပီ။

Oxford-AstraZeneca ကာကြယ္ေဆးကို ၿဗိတိန္၊ ဘရာဇီးလ္နဲ႔ ေတာင္အာဖရိကႏိုင္ငံေတြမွာ လူေပါင္း ၂၄,၀၀၀ နီးပါးနဲ႔ စမ္းသပ္ခဲ့တဲ့ ရလဒ္ေတြအရ ဒီေဆးဟာ ေဘးအႏၲရာယ္ကင္းၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ၇၀% နီးပါး ကာကြယ္ေပးႏုိင္တယ္ဆိုတာ ေတြ႔ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

AstraZeneca ကိုဗစ်ကာကွယ်ဆေးအရေးပေါ်သုံးဖို့ ဗြိတိန်ခွင့်ပြု

Oxford တက္ကသိုလ်နဲ့ ယူကေအခြေစိုက် AstraZeneca ကုမ္ပဏီတို့ ပူးတွဲ သုတေသနပြုထုတ်လုပ်တဲ့ COVID-19 ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ ဗြိတိန်နိုင်ငံက ဒီကနေ့ ခွင့်ပြုလိုက်ပါပြီ။

ဒါဟာဖြင့် ဗြိတိန်နိုင်ငံအနေနဲ့ ဒုတိယမြောက် ကိုဗစ်ရောဂါကာကွယ်ဆေးကို ခွင့်ပြုတာဖြစ်ပြီး Oxford-AstraZeneca ကာကွယ်ဆေးကိုသုံးဖို့ ပထမဆုံး အတည်ပြုတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အခုလို ခွင့်ပြုလိုက်တဲ့အပေါ် ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က Twitter မှာ ချီးကျူးရေးသားခဲ့ပါတယ်။ "တကယ့်သတင်းကောင်းဖြစ်ပြီး ဗြိတိသ ျှသိပ္ပံပညာအတွက် အောင်မြင်မှုတခုပါပဲ။ အခုဆိုရင် လူအရေအတွက် များနိုင်သမ ျှ များများကို မြန်နိုင်သမ ျှမြန်မြန် ကာကွယ်ဆေးထိုးပေးနိုင်တော့မှာဖြစ်ပါတယ်။" လို့ ဝန်ကြီးချုပ် Johnson က ဒီကနေ့ Twitter မှာရေးခဲ့တာပါ။

အခုကာကွယ်ဆေးဟာ ပထမအတည်ပြုထားတဲ့ အမေရိကန်ကုမ္ပဏီ Pfizer နဲ့ BioNTech ဂျာမန်ကုမ္ပဏီတို့ရဲ့ ကာကွယ်ဆေးထက် ထိန်းသိမ်းသိုလှောင်ပို့ဆောင်ရတာ လွယ်ကူပြီး "ကမ္ဘာ့ကာကွယ်ဆေး" ဖြစ်လာဖို့ ထုတ်လုပ်သူတွေက မေ ျှာ်မှန်းထားပါတယ်။

Oxford-AstraZeneca ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ကို ဗြိတိန်နိုင်ငံက ဝယ်ယူထားပြီး ရက်ပိုင်းအတွင်း ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ထားပါတယ်။ Pfizer-BioNTech ကာကွယ်ဆေးကိုတော့ ဗြိတိန်က လူသိန်းပေါင်းများစွာအတွက် ထိုးပေးပြီးပါပြီ။

Oxford-AstraZeneca ကာကွယ်ဆေးကို ဗြိတိန်၊ ဘရာဇီးလ်နဲ့ တောင်အာဖရိကနိုင်ငံတွေမှာ လူပေါင်း ၂၄,၀၀၀ နီးပါးနဲ့ စမ်းသပ်ခဲ့တဲ့ ရလဒ်တွေအရ ဒီဆေးဟာ ဘေးအန္တရာယ်ကင်းပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ၇၀% နီးပါး ကာကွယ်ပေးနိုင်တယ်ဆိုတာ တွေ့ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG