(Zawgyi/Unicode)
COVID 19 ေရာဂါ ျဖစ္ပြား ကူးစက္မႈေတြျမင့္တက္ေနတဲ့ အေမရိကန္ျပည္ေထာင္စုမွာ ကာကြယ္ေဆး ထိုးႏွံေပးတဲ့ အစီအစဥ္ကို ဆက္လက္လုပ္ေဆာင္ေနခ်ိန္မွာပဲ ေရြးေကာက္ခံ ဒုတိယသမၼတ Kamala Harris နဲ႔ သူ႔အမ်ိဳးသား Doug Emhoff တို႔ အဂၤါေန႔က ကိုဗစ္ ကာကြယ္ေဆး ထိုးခဲ့ပါတယ္။
"ဒီကေန႔ ကၽြန္မ Moderna ေဆးကုမၸဏီထုတ္ကာကြယ္ေဆး ထိုးခဲ့ပါတယ္။ ကၽြန္မအမ်ိဳးသားလည္း ဒီကေန႔ တရက္ တည္း ကာကြယ္ေဆး ထိုးမွာျဖစ္ၿပီး ဒုတိယ ထိုးေဆး ဆက္အထိုးခံဖို႔ ကိုလည္း ေစာင့္ေမၽွာ္ေနပါတယ္။ အခုလို ကာကြယ္ေဆးထိုးတာက လူ႔အသက္ေတြကို ကယ္ဆယ္ေပးေနတာျဖစ္ပါတယ္" လို႔ ဒုသမၼတေလာင္း Kamala Harris ကေျပာပါတယ္။"
တစ္ခ်ိန္တည္းမွာပဲ ဒီမိုကရက္ ေရြးေကာက္ခံ ဒုတိယ သမၼတ Kamala Harris ရဲ့ ဇာတိ ျပည္နယ္ ျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စု အေနာက္ပိုင္း ကယ္လီဖိုးနီးယားျပည္နယ္ မွာ COVID-19 ကူးစက္သူလူနာသစ္ေတြတိုးလာေနတာေၾကာင့္ ကူးစက္မႈႏႈန္း ျမင့္တက္ေနတဲ့ ေနရာ ႏွစ္ခုမွာ မလိုအပ္ဘဲအိမ္ျပင္မထြက္ရ stay-at-home အမိန္႔ အဂၤါေန႔မွာ သက္တမ္းတိုး ခ်မွတ္လိမ့္မယ္လို႔ ခန္႔မွန္း ရပါတယ္။
ကယ္လီဖိုးနီးယားျပည္နယ္က Central Joaquin Valley နဲ႔Southern California ေဒသ ေဆး႐ုံ အေရးေပၚ ဌာနေတြမွာ လူနာ ေတြနဲ႔ျပည့္ေနၿပီး ယာယီလူနာေဆာင္ေတြေဆာက္ထားရသလို အေျခအေနေတြက စိုးရိမ္စရာျဖစ္ေနတာပါ။
အေမရိကန္မွာကယ္လီဖိုးနီးယားျပည္နယ္က လတ္တေလာ COVID-19 ကူးစက္မႈဒဏ္ကို အဆိုးဆုံးခံေနရတာျဖစ္ၿပီး Johns Hopkins တကၠသိုလ္ စာရင္းေတြအရ ကူးစက္သူ ၂.၁ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၂၄,၄၀၀ ေက်ာ္ရွိပါတယ္။ ခရစၥမတ္နဲ႔ ႏွစ္သစ္ကူး ကာလေတြမွာ ခရီးမထြက္ၾကဖို႔ က်န္းမာေရး ပညာရွင္ေတြ သတိေပးေနတဲ့ ၾကားက လူေတြစည္းကမ္းေတြကို မလိုက္နာ တာ ေၾကာင့္ အခုလို ကူးစက္သူ အေရအတြက္ မ်ားၿပီးရင္းမ်ားလာတာျဖစ္တယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႈး Gavin Newsom က တနလၤာေန႔ ကေျပာပါတယ္။
အခုထိ အေမရိကန္မွာ COVID-19 ကူးစက္သူ ၁၉.၂ သန္းနဲ႔ ေသဆုံးသူ ၃၃၄,၀၀၀ ေက်ာ္ရွိပါတယ္။ တကမၻာလုံး အတိုင္းအတာ နဲ႔ COVID-19 ကူးစက္သူ ၈၁ သန္းနဲ႔ ေသဆုံးသူ ၁.၇ သန္းရွိပါတယ္။
................
ကန်ရွေးကောက်ခံ ဒုသမ္မတKamala Harris ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူ
(Unicode)
COVID 19 ရောဂါ ဖြစ်ပွား ကူးစက်မှုတွေမြင့်တက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေး ထိုးနှံပေးတဲ့ အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေချိန်မှာပဲ ရွေးကောက်ခံ ဒုတိယသမ္မတ Kamala Harris နဲ့ သူ့အမျိုးသား Doug Emhoff တို့ အင်္ဂါနေ့က ကိုဗစ် ကာကွယ်ဆေး ထိုးခဲ့ပါတယ်။
"ဒီကနေ့ ကျွန်မ Moderna ဆေးကုမ္ပဏီထုတ်ကာကွယ်ဆေး ထိုးခဲ့ပါတယ်။ ကျွန်မအမျိုးသားလည်း ဒီကနေ့ တရက် တည်း ကာကွယ်ဆေး ထိုးမှာဖြစ်ပြီး ဒုတိယ ထိုးဆေး ဆက်အထိုးခံဖို့ ကိုလည်း စောင့်မျှော်နေပါတယ်။ အခုလို ကာကွယ်ဆေးထိုးတာက လူ့အသက်တွေကို ကယ်ဆယ်ပေးနေတာဖြစ်ပါတယ်လို့ ဒုသမ္မတလောင်း Kamala Harris ကပြောပါတယ်။"
တစ်ချိန်တည်းမှာပဲ ဒီမိုကရက် ရွေးကောက်ခံ ဒုတိယ သမ္မတ Kamala Harris ရဲ့ ဇာတိ ပြည်နယ် ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် မှာ COVID-19 ကူးစက်သူလူနာသစ်တွေတိုးလာနေတာကြောင့် ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ နေရာ နှစ်ခုမှာ မလိုအပ်ဘဲအိမ်ပြင်မထွက်ရ stay-at-home အမိန့် အင်္ဂါနေ့မှာ သက်တမ်းတိုး ချမှတ်လိမ့်မယ်လို့ ခန့်မှန်း ရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က central Joaquin Valley နဲ့Southern California ဒေသ ဆေးရုံ အရေးပေါ် ဌာနတွေမှာ လူနာ တွေနဲ့ပြည့်နေပြီး ယာယီလူနာဆောင်တွေဆောက်ထားရသလို အခြေအနေတွေက စိုးရိမ်စရာဖြစ်နေတာပါ။
အမေရိကန်မှာကယ်လီဖိုးနီးယားပြည်နယ်က လတ်တလော COVID-19 ကူးစက်မှုဒဏ်ကို အဆိုးဆုံးခံနေရတာဖြစ်ပြီး Johns Hopkins တက္ကသိုလ် စာရင်းတွေအရ ကူးစက်သူ ၂.၁ သန်းကျော်နဲ့ သေဆုံးသူ ၂၄,၄၀၀ ကျော်ရှိပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ ခရီးမထွက်ကြဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေတဲ့ ကြားက လူတွေစည်းကမ်းတွေကို မလိုက်နာ တာ ကြောင့် အခုလို ကူးစက်သူ အရေအတွက် များပြီးရင်းများလာတာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုး Gavin Newsom က တနင်္လာနေ့ ကပြောပါတယ်။
အခုထိ အမေရိကန်မှာ COVID-19 ကူးစက်သူ ၁၉.၂ သန်းနဲ့ သေဆုံးသူ ၃၃၄,၀၀၀ ကျော်ရှိပါတယ်။ တကမ္ဘာလုံး အတိုင်းအတာ နဲ့ COVID-19 ကူးစက်သူ ၈၁ သန်းနဲ့ သေဆုံးသူ ၁.၇ သန်းရှိပါတယ်။