သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒသတြင္း ၄ ႏိုင္ငံနဲ႔ ႏိုင္ငံတကာေလေၾကာင္းခရီးစဥ္ ျပန္စမည္


ရန္ကုန္ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေတြ႔ရတဲ့ ေလယာဥ္တစီး။ (ဓာတ္ပံု - Myanmar Airways International)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈေတြကို ထိန္းခ်ဳပ္ဖို႔ လနဲ႔ခ်ီ ပိတ္ထားတဲ့ ျပည္ပေလေၾကာင္းခရီးစဥ္ေတြကို မၾကာခင္ျပန္လည္ ခြင့္ျပဳတဲ့အခါ ႏိုင္ငံ ၄ ႏိုင္ငံနဲ႔ စတင္ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ မတ္လကစလို႔ ပ်ံသန္းခြင့္ပိတ္ထားတဲ့ ျပည္ပခရီးစဥ္ေတြကို လာမယ့္ႏွစ္ဆန္းကစလို႔ ျပန္လည္ခြင့္ျပဳဖို႔ ျမန္မာအစိုးရ တာဝန္ရွိသူေတြ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ကပ္ေရာဂါကာကြယ္ေရး စည္းမ်ဥ္းေတြနဲ႔အညီ ျပန္လည္ခြင့္ျပဳရာမွာ ေဒသတြင္း ၄ ႏိုင္ငံနဲ႔ စတင္ဖို႔ စီစဥ္ထားေၾကာင္းလည္း ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးမင္းဦးက ဗြီအိုေအကို ေျပာပါတယ္။

"တ႐ုတ္ရယ္၊ ဂ်ပန္ရယ္၊ ကိုရီးယား၊ စကၤာပူရယ္ ေျပးဆြဲဖို႔ႀကိဳတင္ျပင္ဆင္တာက international ဆဲြဖို႔ကို သက္ဆိုင္ရာဝန္ႀကီးဌာနေတြ အကုန္လံုးနဲ႔ ညိွၿပီးေတာ့ လက္ရွိက လုပ္ေနၾကတုန္း ရွိတယ္။ SOP မူၾကမ္းထြက္လို႔ ဗဟိုေကာ္မတီတင္လို႔ တင္ၿပီးရင္ ဗဟိုေကာ္မတီက ခြင့္ျပဳရင္ေတာ့ လာမယ့္ ၁ ရက္ေန႔ဆြဲႏိုင္မွာေပါ့။ က်ေနာ္တို႔ကေတာ့ခုက ၁ ရက္ေန႔က စႏိုင္ပါ့မလားေပါ့... က်ေနာ့္အထင္ပါ။ SOP က ခုမွလုပ္ေနၾကတုန္းရွိေသးတယ္။"

ျပည္ပေလေၾကာင္းခရီးစဥ္ေတြနဲ႔ လိုက္ပါမယ့္သူေတြအတြက္ က်န္းမာေရး လမ္းၫႊန္ခ်က္ေတြကို မၾကာခင္ထုတ္ျပန္ေပးမွာျဖစ္ေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ကပ္ေရာဂါေၾကာင့္ အထိနာခဲ့ရတဲ့ ေလေၾကာင္းလုပ္ငန္းေတြ အပါအဝင္ ခရီးသြား လုပ္ငန္းေတြကို ျပန္လည္နာလန္ထူလာေအာင္ စီစဥ္ေနတယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။ ႏိုင္ငံတကာ ေလေၾကာင္းခရီးစဥ္ေတြ ျပန္လည္ခြင့္ျပဳတဲ့ တခ်ိန္တည္းမွာပဲ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းေတြကိုပါ ျပန္လည္အားေကာင္းလာေအာင္ စီစဥ္ေနတယ္လို႔လည္း ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္း ဝန္ႀကီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေအးဟန္ က ဗီြအိုေအကို ေျပာပါတယ္။

"ခရီးသြားဧည့္သည္ေတြအားလံုး က်န္းမာေရးအရ ေဘးကင္းလံုျခံဳမႈရွိတဲ့ ခရီးသြား လုပ္ငန္းျဖစ္ေအာင္လို႔ က်ေနာ္တို႔ ရည္ရြယ္ၿပီးေတာ့မွ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒီေနရာမွာ ဘာေတြအက်ံဳးဝင္မလဲဆိုတာကေတာ့ စားေသာက္ဆိုင္လုပ္ငန္းေတြ၊ ေဟာ္တယ္လုပ္ငန္းေတြ၊ ပို႔ေဆာင္ေရးလုပ္ငန္းေတြ၊ လက္ေဆာင္ပစၥည္းအေရာင္းဆိုင္ေတြ၊ ခရီးသြားလုပ္ငန္းနဲ႔ ဆက္စပ္တဲ့ေနရာေတြမွာရွိတဲ့ လူေတြကို ေဘးကင္းလံုျခံဳမႈရွိတဲ့ ဝန္ေဆာင္မႈ ေပးႏုိင္ေအာင္လို႔ ေလ့က်င့္သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ ျပည္နယ္နဲ႔တိုင္းတခုစီကေန ႏွစ္ေယာက္စီ ေရြးလိုက္ပါတယ္။ ဒီလူေတြကေနတဆင့္ ၿပီးေတာ့မွ သက္ဆိုင္ရာ လုပ္ငန္းနယ္ပယ္ေတြမွာ ရွိတဲ့ ဝန္ထမ္းေတြကို ေလ့က်င့္သင္ၾကားေပးဖို႔ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ဒီလို ခရီးသြားလုပ္ငန္ေကာ္မတီေတြ ရွိပါတယ္ ခင္ဗ်ာ။ ျပည္နယ္နဲ႔ တိုင္းေတြကေနၿပီးေတာ့မွ စစ္ေဆးၿပီးေတာ့မွ အားလံုးကို ဖြင့္လွစ္ခြင့္ ျပဳသြားမွာျဖစ္ပါတယ္။ ဒီအတြက္ကိုလည္း က်ေနာ္တို႔က tourism national guidelines ဆိုၿပီးေတာ့ ထုတ္ျပန္ေၾကျငာထားတာေတြရွိပါတယ္။ ဒီ national guideline နဲ႔ အညီ စီမံေဆာင္ရြက္ထားေသာ လုပ္ငန္းေတြကို ဖြင့္လွစ္ခြင့္ျပဳဖို႔အတြက္ကို ေဒသအလိုက္ ေဆာင္ရြက္မွာ ျဖစ္ပါတယ္။"

ကပ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြ ႀကဳံရၿပီးေနာက္ ျမန္မာႏိုင္ငံမွာ ျပည္တြင္းေလေၾကာင္း ခရီးစဥ္ေတြကိုလည္း စက္တင္ဘာကစလို႔ ပိတ္ခဲ့ရေပမဲ့ ၃ လအၾကာ ဒီလထဲမွာပဲ ျပန္ဖြင့္ေပးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံတကာ ေလေၾကာင္းလိုင္းေတြက ရရွိတဲ့ ဝင္ေငြဟာ ၿပီးခဲ့တဲ့ႏွစ္ထဲ အေမရိကန္ေဒၚလာ သန္း ၉၀၀ ေက်ာ္ ရွိခဲ့ေပမဲ့ ဒီႏွစ္မွာေတာ့ ကပ္ေရာဂါႀကဳံခဲ့ရတာေၾကာင့္ ၁၇၃ သန္းေက်ာ္သာ ရွိခဲ့တဲ့အတြက္ ၈၀ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားခဲ့ေၾကာင္းလည္း ျမန္မာႏိုင္ငံ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္း ဝန္ႀကီးဌာနက COVID-19 ေၾကာင့္ ျမန္မာ့ခရီးသြားလုပ္ငန္းအေပၚ သက္ေရာက္မႈ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဒေသတွင်း ၄ နိုင်ငံနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ် ပြန်စမည်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ လနဲ့ချီ ပိတ်ထားတဲ့ ပြည်ပလေကြောင်းခရီးစဉ်တွေကို မကြာခင်ပြန်လည် ခွင့်ပြုတဲ့အခါ နိုင်ငံ ၄ နိုင်ငံနဲ့ စတင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပါမယ်။

ကပ်ရောဂါကြောင့် မတ်လကစလို့ ပျံသန်းခွင့်ပိတ်ထားတဲ့ ပြည်ပခရီးစဉ်တွေကို လာမယ့်နှစ်ဆန်းကစလို့ ပြန်လည်ခွင့်ပြုဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ကပ်ရောဂါကာကွယ်ရေး စည်းမျဉ်းတွေနဲ့အညီ ပြန်လည်ခွင့်ပြုရာမှာ ဒေသတွင်း ၄ နိုင်ငံနဲ့ စတင်ဖို့ စီစဉ်ထားကြောင်းလည်း ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမင်းဦးက ဗွီအိုအေကို ပြောပါတယ်။

"တရုတ်ရယ်၊ ဂျပန်ရယ်၊ ကိုရီးယား၊ စင်္ကာပူရယ် ပြေးဆွဲဖို့ကြိုတင်ပြင်ဆင်တာက international ဆွဲဖို့ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ အကုန်လုံးနဲ့ ညှိပြီးတော့ လက်ရှိက လုပ်နေကြတုန်း ရှိတယ်။ SOP မူကြမ်းထွက်လို့ ဗဟိုကော်မတီတင်လို့ တင်ပြီးရင် ဗဟိုကော်မတီက ခွင့်ပြုရင်တော့ လာမယ့် ၁ ရက်နေ့ဆွဲနိုင်မှာပေါ့။ ကျနော်တို့ကတော့ခုက ၁ ရက်နေ့က စနိုင်ပါ့မလားပေါ့... ကျနော့်အထင်ပါ။ SOP က ခုမှလုပ်နေကြတုန်းရှိသေးတယ်။"

ပြည်ပလေကြောင်းခရီးစဉ်တွေနဲ့ လိုက်ပါမယ့်သူတွေအတွက် ကျန်းမာရေး လမ်းညွှန်ချက်တွေကို မကြာခင်ထုတ်ပြန်ပေးမှာဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကပ်ရောဂါကြောင့် အထိနာခဲ့ရတဲ့ လေကြောင်းလုပ်ငန်းတွေ အပါအဝင် ခရီးသွား လုပ်ငန်းတွေကို ပြန်လည်နာလန်ထူလာအောင် စီစဉ်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ပြန်လည်ခွင့်ပြုတဲ့ တချိန်တည်းမှာပဲ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကိုပါ ပြန်လည်အားကောင်းလာအောင် စီစဉ်နေတယ်လို့လည်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ဗွီအိုအေကို ပြောပါတယ်။

"ခရီးသွားဧည့်သည်တွေအားလုံး ကျန်းမာရေးအရ ဘေးကင်းလုံခြုံမှုရှိတဲ့ ခရီးသွား လုပ်ငန်းဖြစ်အောင်လို့ ကျနော်တို့ ရည်ရွယ်ပြီးတော့မှ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ဘာတွေအကျုံးဝင်မလဲဆိုတာကတော့ စားသောက်ဆိုင်လုပ်ငန်းတွေ၊ ဟော်တယ်လုပ်ငန်းတွေ၊ ပို့ဆောင်ရေးလုပ်ငန်းတွေ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့နေရာတွေမှာရှိတဲ့ လူတွေကို ဘေးကင်းလုံခြုံမှုရှိတဲ့ ဝန်ဆောင်မှု ပေးနိုင်အောင်လို့ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းတခုစီကနေ နှစ်ယောက်စီ ရွေးလိုက်ပါတယ်။ ဒီလူတွေကနေတဆင့် ပြီးတော့မှ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွေမှာ ရှိတဲ့ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို ခရီးသွားလုပ်ငန်ကော်မတီတွေ ရှိပါတယ် ခင်ဗျာ။ ပြည်နယ်နဲ့ တိုင်းတွေကနေပြီးတော့မှ စစ်ဆေးပြီးတော့မှ အားလုံးကို ဖွင့်လှစ်ခွင့် ပြုသွားမှာဖြစ်ပါတယ်။ ဒီအတွက်ကိုလည်း ကျနော်တို့က tourism national guidelines ဆိုပြီးတော့ ထုတ်ပြန်ကြေငြာထားတာတွေရှိပါတယ်။ ဒီ national guideline နဲ့ အညီ စီမံဆောင်ရွက်ထားသော လုပ်ငန်းတွေကို ဖွင့်လှစ်ခွင့်ပြုဖို့အတွက်ကို ဒေသအလိုက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။"

ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေ ကြုံရပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကိုလည်း စက်တင်ဘာကစလို့ ပိတ်ခဲ့ရပေမဲ့ ၃ လအကြာ ဒီလထဲမှာပဲ ပြန်ဖွင့်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာ လေကြောင်းလိုင်းတွေက ရရှိတဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ်ထဲ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကပ်ရောဂါကြုံခဲ့ရတာကြောင့် ၁၇၃ သန်းကျော်သာ ရှိခဲ့တဲ့အတွက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ကြောင်းလည်း မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု စစ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG