သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AstraZeneca ကိုဗစ်ကာကွယ်ဆေး မကြာခင်ခွင့်ပြုဖွယ်ရှိနေ


အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်တဲ့ ကိုဗစ်ကာကွယ်ဆေး။
အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်တဲ့ ကိုဗစ်ကာကွယ်ဆေး။

[Zawgyi/Unicode]

AstraZeneca ကိုဗစ်ရောဂါကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ သုံးစွဲခွင့်ကို အခုသီတင်းပတ်ထဲ ခွင့်ပြုမယ်လို့ မေ ျှာ်လင့်ရပါတယ်။ Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ စမ်းသပ်ထုတ်တဲ့ဆေးဟာ Pfizer-BioNTech နဲ့ Moderna ကိုဗစ်ကာကွယ်ဆေးတွေလိုပဲ ထိရောက်တယ်လို့ ကုမ္ပဏီအကြီးအကဲက nday Times သတင်းစာကြီးကို ပြောကြားခဲ့ပါတယ်။

၂ ကြိမ်ထိုးရမယ့်ဆေးကို အထိရောက်ဆုံးဖြစ်အောင် စမ်းသပ်ထားတယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Pascal Soriot ကပြောပါတယ်။ ပိုပြီးကူးစက်လွယ်တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ်တွေကိုလည်း AstraZeneca ဆေးက ထိထိရောက်ရောက် ကာကွယ်နိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။ သေချာအောင် စမ်းသပ်မှုတွေလုပ်သွားမယ်လို့ ပြောပါတယ်။ အစောပိုင်းစမ်းသပ်စစ်ဆေးမှုတွေမှာ AstraZeneca ကိုဗစ်ကာကွယ်ဆေးက ၇၀% ထိရောက်ကာကွယ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။

AstraZeneca ဆေးကို ကိုဗစ်ကာကွယ်ဆေးကို ဆေးဝါးဆိုင်ရာ ကြီးကြပ်ရေးတာဝန်ရှိသူတွေ အတည်ပြုခဲ့မယ်ဆိုရင် နိုင်ငံထဲမှာ ထုတ်ပြန်ထားတဲ့ Lockdown ကန့်သတ်ချက်တွေကို မြန်မြန်ဖယ်ရှားနိုင်မယ်လို့ ဝန်ကြီးများရုံးဝန်ကြီး Michael Gove ကဒီနေ့ ပြောကြားပါတယ်။ ကမ္ဘာတဝန်း ကိုဗစ်အတည်ပြုလူနာ ၈၀.၇ သန်းကျော်ရှိနေပြီး သေဆုံးသူ ၁.၇ သန်းကျော်ရှိနေချိန်မှာ ခုလို ကိုဗစ်ကာကွယ်ဆေးနောက်တမျိုးကို သုံးစွဲသင့် မသင့် ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူတွေ သုံးသပ်စဉ်းစားနေကြတာပါ။

တကယ်လို့ AstraZeneca ကိုဗစ်ကာကွယ်ဆေးဟာ သုံးစွဲဖို့ စိတ်ချရတယ်လို့ ဆုံးဖြတ်ရင် ဒါဟာ ကမ္ဘာမှာ ၅ ခုမြောက် ကိုဗစ်ကာကွယ်ဆေးဖြစ်ပါလိမ့်မယ်။ Pfizer-BioNTech ဆေး၊ Moderna ဆေးတို့အပြင် ရုရှားနဲ့ တရုတ်နိုင်ငံတွေမှာလည်း သူတို့နိုင်ငံတွင်း ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို စတင်အသုံးပြုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG