သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရုတ္ျပည္ Hebei ျပည္နယ္မွာ ကိုဗစ္ကူးစက္သူ ၂၅၀ ေက်ာ္ စမ္းသပ္ေတြ႔ရွိ


Hebei ျပည္နယ္မွာ ကိုဗစ္စစ္ေဆးေန

(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္း Hebei ျပည္နယ္ Shijiazhuang ၿမိဳ႕ရွိတဲ့ Gaocheng အရပ္မွာ ခ႐ိုင္လိုက္ ဗိုင္းရပ္စ္ကူးစက္မႈရွိမရွိ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ရာကေန COVID-19 ေရာဂါရွိေနသူေပါင္း ၂၅၉ဦးကိုေတြ႕ရွိခဲ့တယ္လို႔ ေဒသဆိုင္ရာအာဏာပိုင္ေတြကေျပာပါတယ္။ ေသာၾကာေန႔ကျပဳလုပ္တဲ့ Shijiazhuang ၿမိဳ႕ေတာ္ဝန္အဖြဲ႕ သတင္း စာရွင္းလင္းပြဲ အတြင္း ဒုတိယၿမိဳ႕ေတာ္ဝန္ Meng Xianghong က Gaocheng ခ႐ိုင္ဟာ တ႐ုတ္ႏိုင္ငံမွာ ေရာဂါကူးစက္မႈအႏၲရာယ္ အမ်ားဆုံးေနရာျဖစ္ေနတယ္လို႔ အခုလိုေျပာသြားပါတယ္။

”ေဒသခံ ၆၇၃၇၈၇ ဦးကို စမ္းသပ္ခဲ့ၿပီး ၅၂၂၂၁၉ဦးကို ႏွာေခါင္းထဲ ထည့္ၿပီး swab နမူနာယူ စစ္ေဆးခဲ့ရာမွာ ေသာၾကာေန႔ ေန႔လည္ ၁၂နာရီမွာ ေတြ႕ရွိခ်က္အရ လူေပါင္း ၂၅၉ဦးမွာ ဗိုင္းရပ္စ္ကူးစက္ေနၿပီး အဲဒီထဲက ၁၁၂ ဦးဟာ အတည္ျပဳထားသူေတြျဖစ္ၿပီး က်န္တဲ့ ၁၄၇ ဦးကေတာ့ asymptomatic လကၡဏာမျပသူေတြျဖစ္ပါတယ္။ သူတို႔အားလုံး ကုသမႈခံရယူဖို႔ သတ္မွတ္ထားတဲ့ ေဆး႐ုံကို လႊဲေျပာင္းခဲ့ၿပီးပါၿပီ။”

Xinle ၿမိဳ႕မွာရွိတဲ့ Tianyuehuayuan ေနရာအပါအဝင္ Shijiazhuang ၿမိဳ႕က ေနရာသစ္ ၉ေနရာ၊ မိသားစု စီမံကိန္းေကာ္မရွင္အေဆာင္၊ Ruida Meiguiyuan ေနထိုင္ရာရပ္ကြက္၊ Jiangu ေက်း႐ြာ၊ Luxin ေက်း႐ြာ၊ ဆင္ဟြာခ႐ိုင္ အပါအဝင္ Qianxi ခ႐ိုင္နဲ႔ Xingtang ေကာင္တီ တို႔ကိုေတာ့ အလယ္အလတ္အႏၲရာယ္ရွိတဲ့ ေဒသေတြအျဖစ္ သတ္မွတ္ေၾကာင္း အာဏာပိုင္ေတြကေျပာပါတယ္။

၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္း တရုတ္ႏိုင္ငံအလယ္ပိုင္းမွာ ပထမဆံုးအႀကိမ္ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတာကို ေတြ႕ရွိခဲ့တဲ့ အေစာပိုင္းျဖစ္ရပ္ေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာ ကြ်မ္းက်င္သူေတြပါတဲ့ အဖဲြ႔ကို အခုခ်ိန္ထိ တရုတ္က ခြင့္ျပဳခ်က္ မေပးေသးတဲ့အေပၚ စိတ္ပ်က္မိေၾကာင္း ကမၻာ့က်န္းမာေရးအဖဲြ႔WHO အႀကီးအကဲက ဒီသတင္းပတ္အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။ COVID-19 ကပ္ေရာဂါဟာ ကမၻာ့အႏွံ႔ လူေပါင္း ၈၈ သန္းနီးပါးကို ကူးစက္ခဲ့ၿပီး ၁.၉သန္းေလာက္ ေသဆံုးခဲ့ေၾကာင္း ရိုက္တာသတင္းဌာနက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

တရုတ်ပြည် Hebei ပြည်နယ်မှာ ကိုဗစ်ကူးစက်သူ ၂၅၀ ကျော် စမ်းသပ်တွေ့ရှိ

(Unicode)

တရုတ်နိုင်ငံ မြောက်ပိုင်း Hebei ပြည်နယ် Shijiazhuang မြို့ရှိတဲ့ Gaocheng အရပ်မှာ ခရိုင်လိုက် ဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာကနေ COVID-19 ရောဂါရှိနေသူပေါင်း ၂၅၉ဦးကိုတွေ့ရှိခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေကပြောပါတယ်။ သောကြာနေ့ကပြုလုပ်တဲ့ Shijiazhuang မြို့တော်ဝန်အဖွဲ့ သတင်း စာရှင်းလင်းပွဲ အတွင်း ဒုတိယမြို့တော်ဝန် Meng Xianghong က Gaocheng ခရိုင်ဟာ တရုတ်နိုင်ငံမှာ ရောဂါကူးစက်မှုအန္တရာယ် အများဆုံးနေရာဖြစ်နေတယ်လို့ အခုလိုပြောသွားပါတယ်။

”ဒေသခံ ၆၇၃၇၈၇ ဦးကို စမ်းသပ်ခဲ့ပြီး ၅၂၂၂၁၉ဦးကို နှာခေါင်းထဲ ထည့်ပြီး swab နမူနာယူ စစ်ဆေးခဲ့ရာမှာ သောကြာနေ့ နေ့လည် ၁၂နာရီမှာ တွေ့ရှိချက်အရ လူပေါင်း ၂၅၉ဦးမှာ ဗိုင်းရပ်စ်ကူးစက်နေပြီး အဲဒီထဲက ၁၁၂ ဦးဟာ အတည်ပြုထားသူတွေဖြစ်ပြီး ကျန်တဲ့ ၁၄၇ ဦးကတော့ asymptomatic လက္ခဏာမပြသူတွေဖြစ်ပါတယ်။ သူတို့အားလုံး ကုသမှုခံရယူဖို့ သတ်မှတ်ထားတဲ့ ဆေးရုံကို လွှဲပြောင်းခဲ့ပြီးပါပြီ။”

Xinle မြို့မှာရှိတဲ့ Tianyuehuayuan နေရာအပါအဝင် Shijiazhuang မြို့က နေရာသစ် ၉နေရာ၊ မိသားစု စီမံကိန်းကော်မရှင်အဆောင်၊ Ruida Meiguiyuan နေထိုင်ရာရပ်ကွက်၊ Jiangu ကျေးရွာ၊ Luxin ကျေးရွာ၊ ဆင်ဟွာခရိုင် အပါအဝင် Qianxi ခရိုင်နဲ့ Xingtang ကောင်တီ တို့ကိုတော့ အလယ်အလတ်အန္တရာယ်ရှိတဲ့ ဒေသတွေအဖြစ် သတ်မှတ်ကြောင်း အာဏာပိုင်တွေကပြောပါတယ်။

၂၀၁၉ ခုနှစ်နှောင်းပိုင်း တရုတ်နိုင်ငံအလယ်ပိုင်းမှာ ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကို တွေ့ရှိခဲ့တဲ့ အစောပိုင်းဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေပါတဲ့ အဖွဲ့ကို အခုချိန်ထိ တရုတ်က ခွင့်ပြုချက် မပေးသေးတဲ့အပေါ် စိတ်ပျက်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO အကြီးအကဲက ဒီသတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဟာ ကမ္ဘာ့အနှံ့ လူပေါင်း ၈၈ သန်းနီးပါးကို ကူးစက်ခဲ့ပြီး ၁.၉သန်းလောက် သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG