[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ ၾကာသပေတးေန႔ကထက္ အနည္းငယ္ျပန္မ်ားလာပါတယ္။ ဒီေန႔ ဒီဇင္ဘာလ ၈ ရက္ ေသာၾကာေန႔အတြက္ က်န္းမာေရးနဲ႔ အားကစားဌာနရဲ႕ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာသစ္ ၇၁၁ ေယာက္႐ွိပါတယ္။ ေသဆံုးသူက ၁၃ ေယာက္ျဖစ္ၿပီး ဒီထဲမွာ ေရာဂါအခံရွိသူက ၁၀ ေယာက္ျဖစ္ပါတယ္။ ဒီေန႔အတြက္ စစ္ေဆးခဲ့တဲ့ ဓါတ္ခဲြနမူနာကေတာ့၂၀,၁၆၄ ခုပါ။
ၾကာသပေတးေန႔တုန္းက အတည္ျပဳလူနာက ၆၀၀ ေအာက္ပဲ ရွိခဲ့ပါတယ္။ ဒါေပမဲ့ ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးေနသူ အေရအတြက္ကေတာ့ ေန႔စဥ္ ၁၀ ဂဏန္းအထက္မွာ ရွိေနဆဲျဖစ္ပါတယ္။
ေသာၾကာေန႔အထိ COVID-19 အတည္ျပဳလူနာ စုစုေပါင္းက ၁၂၉,၄၈၃ ေယာက္၊ ေသဆံုးလူနာက ၂,၈၁၂ ေယာက္၊ ေဆး႐ံုက ဆင္းခြင့္ရသူ စုစုေပါင္းက ၁၁၂,၈၇၆ ေယာက္ျဖစ္ၿပီး စမ္းသပ္စစ္ေဆးခဲ့တဲ့ ဓါတ္ခြဲနမူနာ စုစုေပါင္းက ၁,၉၆၀,၇၈၅ ခုျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါကာကြယ္ေဆးကို ေဖေဖာ္ဝါရီလထဲမွာ စတင္ထိုးေပးႏုိင္ဖို႔ ေမ ွ်ာ္မွန္းထားတယ္လို႔ သမၼတ႐ံုး ညႊန္ၾကားေရးမွဴးက ေသာၾကာေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
တခ်ိန္ထဲမွာပဲ ပိတ္ထားတဲ့ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္ႏုိင္ဖို႔ ျပင္ဆင္မႈေတြ စတင္လုပ္ေနပါၿပီ။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြကို ၂၀၂၀ စာသင္ႏွစ္တႏွစ္လံုးနီးပါး ပိတ္ခဲ့ရပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၁၂၉,၄၈၃ ယောက်၊ သေဆုံးသူ ၂,၈၁၂ ယောက်
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ကြာသပတေးနေ့ကထက် အနည်းငယ်ပြန်များလာပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၈ ရက် သောကြာနေ့အတွက် ကျန်းမာရေးနဲ့ အားကစားဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၇၁၁ ယောက်ရှိပါတယ်။ သေဆုံးသူက ၁၃ ယောက်ဖြစ်ပြီး ဒီထဲမှာ ရောဂါအခံရှိသူက ၁၀ ယောက်ဖြစ်ပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာကတော့၂၀,၁၆၄ ခုပါ။
ကြာသပတေးနေ့တုန်းက အတည်ပြုလူနာက ၆၀၀ အောက်ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါကြောင့် သေဆုံးနေသူ အရေအတွက်ကတော့ နေ့စဉ် ၁၀ ဂဏန်းအထက်မှာ ရှိနေဆဲဖြစ်ပါတယ်။
သောကြာနေ့အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်းက ၁၂၉,၄၈၃ ယောက်၊ သေဆုံးလူနာက ၂,၈၁၂ ယောက်၊ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်းက ၁၁၂,၈၇၆ ယောက်ဖြစ်ပြီး စမ်းသပ်စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာ စုစုပေါင်းက ၁,၉၆၀,၇၈၅ ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကာကွယ်ဆေးကို ဖေဖော်ဝါရီလထဲမှာ စတင်ထိုးပေးနိုင်ဖို့ မေ ျှာ်မှန်းထားတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးက သောကြာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တချိန်ထဲမှာပဲ ပိတ်ထားတဲ့ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်မှုတွေ စတင်လုပ်နေပါပြီ။ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေကို ၂၀၂၀ စာသင်နှစ်တနှစ်လုံးနီးပါး ပိတ်ခဲ့ရပါတယ်။