သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မြန်မာ ပြင်ဆင်နေချိန် ဆက်ပြီး သတိထားဖို့လို


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU)မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU)မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကာကွယ်ဆေး အစောဆုံး ရှေ့လထဲမှာ စတင်ထိုးနှံနိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ၊ ရောဂါကာကွယ်ရေး အစီအစဉ်တွေကိုလည်း ဆက်လက်လိုက်နာဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွက် အိမ်နီးချင်း အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဖေဖော်ဝါရီလထဲ ရရှိတဲ့အခါ ဦးစားပေး အစီအစဉ်နဲ့ စတင်ထိုးနှံပေးဖို့ ပြင်ဆင်ထားတဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ကာကွယ်ဆေးကိုတော့ ပထမအဆင့်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရောဂါအခံရှိတဲ့ အသက်အရွယ်ကြီးသူတွေကို ဦးစားပေးထိုးနှံမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တနိုင်ငံလုံး လိုအပ်ချက်အရ ထိုးနှံပေးဖို့ စီစဉ်ထားတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ ကာကွယ်ဆေးတွေ ရလာပေမဲ့လည်း ကူးစက်နိုင်တဲ့ အန္တရာယ်ကို သတိထားဖို့ လိုအပ်ကြောင်းလည်း သတိပေးပါတယ်။

"ကာကွယ်ဆေးသည် တကယ့်ကိုအန္တရာယ်ရှိတဲ့ ရောဂါဖြစ်ရင်လည်း ဖြစ်ပွားကူးစက်မှု ပိုများတဲ့သူတွေကို ပထမဦးစားပေးထိုးပေးဖို့ဆိုတာက ဒါအရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူတွေအနေနဲ့ လက်ရှိချမှတ်ထားတဲ့ စည်းကမ်းတွေဖြစ်တဲ့ လက်ဆေးတာ၊ Mask တပ်တာ၊ လူအုပ်စုရှောင်တာ၊ ဒီ ၃ ချက်က အဓိကပါပဲ။ ဒီ ၃ ချက်ကို မိသားစုအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းအချင်းချင်း အသိပေးဖို့က ဒါအရေးကြီးဆုံးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးရင်တောင်မှလည်း ကျမတို့က အခုလိုက်နာရမယ့်စည်းကမ်းချက်တွေ ဆက်လက်လိုက်နာနေရဦးမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ဖို့ အိန္ဒိယနိုင်ငံ Serum Institute Of India ကာကွယ်ဆေးထုတ်လုပ်ရေး လုပ်ငန်းကနေ လူ ၁၅ သန်းစာ ထိုးဆေးတွေ ဝယ်ယူဖို့လည်း ၂ နိုင်ငံသဘောတူညီချက် ရရှိထားပါတယ်။ ကာကွယ်ဆေးတွေ ရရှိလာတဲ့အခါ ထိန်းသိမ်းသိုလှောင်နိုင်ဖို့ လိုအပ်တဲ့ ကိရိယာတွေနဲ့ ကျွမ်းကျင်သူတွေကိုလည်း အသင့်ပြင့်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ဒီဆေးတွေဟာ ကာကွယ်ဆေးအများစု သိုလှောင်တဲ့ Temperature ဖြစ်တဲ့ 2-8ºC မှာ သိုလှောင်လို့ရတာဖြစ်တဲ့အတွက်ကြောင့် ကျမတို့လက်ရှိ ကလေးတွေကိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်ကနေပြီးတော့ ကလေးတွေကိုထိုးပေးနေတဲ့ ဆေးတွေသည် အများစုက အဲလို 2-8 မှာ သိုလှောင်ရတာဖြစ်တဲ့အတွက်ကြောင့် သိုလှောင်ခြင်းနဲ့ပတ်သက်ပြီး၊ အအေးထိန်းစနစ်နဲ့ ပတ်သက်လို့ကတော့ အခက်အခဲ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးထိုးစီမံချက်က ၁ နှစ်အောက်ကလေးတွေ၊ ၅ နှစ်အောက်ကလေးတွေကို ကာကွယ်ဆေးထိုးပေးတယ်။ နောက် ၉ နှစ်အရွယ်ကလေးတွေကိုလည်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတွေ လက်ရှိလည်း ထိုးပေးနေတဲ့ စီမံချက်ဖြစ်တဲ့အတွက်ကြောင့် ဒီကာကွယ်ဆေးထိုးဖို့ကိုရော၊ အအေးထိန်းစနစ်နဲ့ သိုလှောင်ဖို့ကိုရော ဒါတွေအတွက်ကတော့ အဆင်သင့်ဖြစ်ပါတယ်၊ ရှိပါတယ်။"

မြန်မာအစိုးရက ကိုဗစ်ရောဂါ ကာကွယ်ဆေးရဖို့ အိန္ဒိယနိုင်ငံအပြင် အမေရိကန်၊ တရုတ်၊ ယူကေ၊ ရုရှား စတဲ့နိုင်ငံတွေနဲ့လည်း သံတမန်နည်းအရ ကြိုးပမ်းနေပါတယ်။ တကမ္ဘာလုံးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၈၇ သန်းကျော်နဲ့ သေဆုံးသူ ၁၈ သိန်းကျော် ရှိနေပြီး၊ မြန်မာနိုင်ငံမှာတော့ အစိုးရရဲ့ဇန်နဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ ကူးစက်ခံရသူပေါင်း ၁၂၈,၀၀၀ ကျော်နဲ့ သေဆုံးသူကတော့ ၂,၇၀၀ ကျော်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG