သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကူးစက္မႈက်လာေပမဲ့ သတိထားဖို႔ ျမန္မာက်န္းမာေရးတာ၀န္ရွိသူေတြ သတိေပး


မႏၲေလးတိုင္းေဒသႀကီး၊ ဧရာစင္တာ ကိုဗစ္-၁၉ ေရာဂါ ကုသေရးဌာန၊ အထူး ၾကပ္မတ္ကုသေဆာင္(ICU)မွာ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။(ဓာတ္ပုံ -Ministry of Health and Sports, Myanmar - ဒီဇင္ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ မၾကာေသးခင္ကစလို႔ ကိုဗစ္ကပ္ေရာဂါ ကူးစက္သူ အတည္ျပဳလူနာ က်ဆင္းလာေပမဲ့၊ ေရာဂါအႏၲရာယ္ကို ဆက္လက္ သတိျပဳၾကဖို႔ က်န္းမာေရး ပညာရွင္ေတြ တိုက္တြန္းေနတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္မစုစုက တင္ဆက္ေပးမွာပါ။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္သူအတည္ျပဳလူနာ ေတြ႕ရွိမႈ က်ဆင္းလာသလို ၂၀၂၁ ႏွစ္အေစာပိုင္းမွာ ေရာဂါကာကြယ္ေဆး ေရာက္ရွိလာေတာ့မွာမို႔ လူထုၾကားမွာ ေရာဂါအႏၲရာယ္ကို အေလးမထားမွာကို က်န္းမာေရးပညာရွင္ေတြ စိုးရိမ္ေနၾကပါတယ္။ ေရာဂါပိုးေတြ႕ရွိသူ အတည္ျပဳလူနာဦးေရဟာ စစ္ေဆးသူအေရအတြက္ရဲ႕ ၄ ရာခိုင္ႏႈန္းဝန္းက်င္မွာသာ ရွိေနၿပီး၊ ေဆး႐ုံဆင္းခြင့္ရသူ တိုးလာေနလို႔ အေျခအေနေကာင္းမြန္တယ္ဆိုေပမယ့္ ကပ္ေရာဂါထိန္းခ်ဳပ္၊ ကာကြယ္ေရးမွာ ေဆာင္႐ြက္ရမယ့္ကိစၥေတြ ရွိေနေသးတယ္လို႔လည္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ေျပာခြင့္ရ၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

"ေရာဂါျဖစ္ပြားၿပီးလို႔ရွိရင္ ဘယ္ေလာက္ရာခိုင္ႏႈန္းဟာ ေနာက္ဆက္တြဲ ေရာဂါလကၡဏာေတြခံစားရမလဲလို႔ ေမးတာနဲ႔ပတ္သက္ၿပီးေတာ့ ေဆး႐ုံတက္တဲ့လူေတြရဲ႕ ၅၀ ရာခိုင္ႏႈန္းေလာက္က ေနာက္ဆက္တြဲေရာဂါေတြ ခံစားရတတ္တယ္ေပါ့ေနာ္။ Long COVID လို႔ေျပာတဲ့ လကၡဏာေတြ ခံစားရတတ္တယ္လို႔ (ကမာၻ႔က်န္းမာေရးအဖြဲ႕က) ေျဖထားတာရွိပါတယ္။ ဒါေၾကာင့္မို႔ ေရာဂါမျဖစ္ရင္အေကာင္းဆုံး၊ မကူးစက္ခံရရင္ အေကာင္းဆုံးျဖစ္ပါတယ္။ ဒီလိုမကူးစက္ခံရဖို႔က က်မတို႔မွာ နည္းလမ္းေတြရွိၿပီးသားပဲ။ ဒီနည္းလမ္းေတြကို တေသြမတိမ္းအထူးလိုက္နာဖို႔သာ လိုအပ္ပါတယ္။"

ဒီႏွစ္ဆန္းပိုင္းမွာ ကိုဗစ္ေရာဂါကာကြယ္ေဆး ရရွိဖို႔ ျမန္မာအစိုးရက အေမရိကန္၊ ယူေက၊ ႐ုရွား၊ တ႐ုတ္နဲ႔ အိႏၵိယ စတဲ့ႏိုင္ငံေတြနဲ႔ သံတမန္ေရးနည္းလမ္းေတြနဲ႔လည္း ႀကိဳးပမ္းေနပါတယ္။ အိမ္နီးခ်င္း အိႏၵိယႏိုင္ငံက ထုတ္လုပ္မယ့္ ကာကြယ္ေဆးကို ဝယ္ယူဖို႔ ေျပာဆိုထားသလို၊ တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆး ဝယ္ယူဖို႔ကိုလည္း ေဆးထုတ္လုပ္တဲ့ ကုမၸဏီနဲ႔ ေဆြးေႏြးေနၿပီး ဇန္နဝါရီလဆန္းပိုင္းမွာ ရရွိဖို႔ေမွ်ာ္လင့္ထားေၾကာင္း တ႐ုတ္ႏိုင္ငံမွာရွိတဲ့ ျမန္မာသံ႐ုံးတာဝန္ရွိသူ တဦးက VOA ကိုေျပာဆိုထားပါတယ္။ ကာကြယ္ေဆးေတြေရာက္ရွိလာရင္ ဦးစားေပး ထိုးႏွံရမယ့္သူေတြအတြက္ အရင္ေဆာင္႐ြက္သြားမွာျဖစ္ၿပီးေတာ့ အားလုံးအေပၚလႊမ္းၿခဳံလာႏိုင္တဲ့ အေျခအေနေရာက္မယ့္အခ်ိန္ထိ ေရာဂါကာကြယ္ေရးနည္းလမ္းေတြကို ဆက္လက္ ေဆာင္႐ြက္သြားၾကဖို႔ကိုလည္း ေဒါက္တာခင္ခင္ႀကီးက တိုက္တြန္းထားပါတယ္။

"မၾကာခင္မွာလည္း ေရာဂါအတြက္ကာကြယ္ေဆးေတြ ေရာက္ရွိလာၿပီးရင္ သက္ဆိုင္ရာအႏၲရာယ္ရွိတဲ့သူေတြကို အဆင့္ဆင့္ ထိုးႏွံေပးမွာျဖစ္ပါတယ္။ ဒီၾကားထဲမွာ ခလုတ္မတိုက္ဖို႔လိုပါတယ္။ ေရာဂါပိုးကူးစက္ခံရမႈ မဝင္ေရာက္ဖို႔အတြက္ အထူးဂ႐ုစိုက္ ေနထိုင္ဖို႔လိုပါတယ္။ ဒါေၾကာင့္မို႔ ႏွစ္သစ္မွာျပည္သူေတြအေနနဲ႔ သတိထားၿပီးေတာ့ေနထိုင္ျခင္းအားျဖင့္ မိသားစုကိုေရာဂါဆိုးႀကီး ကူးစက္မႈရန္ကေန ကာကြယ္ႏိုင္ပါတယ္။ ဒီလိုလုပ္ေဆာင္ျခင္းကလည္း ႏွစ္သစ္ကို တေလွ်ာက္လုံး က်န္းမာျခင္းဆုလာဘ္နဲ႔ ျပည့္စုံေအာင္လို႔ ကိုယ့္မိသားစုကို အေကာင္းဆုံးလက္ေဆာင္ ေပးျခင္းလည္းမည္ပါတယ္။ ဒါေၾကာင့္မို႔ ေရာဂါကူးစက္မႈက်သြားၿပီဆိုၿပီးေတာ့ စည္းကမ္းေတြ ခ်ိဳးေဖာက္လို႔မရပါဘူး။ ေခ်ာတိုင္တက္သလိုပါပဲ အခုေခ်ာတိုင္ထိပ္ကို ေရာက္ခါနီးေနပါၿပီ။ က်မတို႔ေအာင္ျမင္မႈရခါနီးေနခ်ိန္မွာ ျပန္ေလွ်ာက်သြားတယ္ဆိုရင္ ေနာက္တႀကိမ္ျပန္တက္ဖို႔အတြက္က ေတာ္ေတာ္ေလးကို ခက္ခဲပါတယ္။ ဒါေလးကို သေဘာေပါက္မယ္ဆိုရင္ အခုေကာင္းမြန္ေနတဲ့ အေျခအေနကေနၿပီးေတာ့ ဆက္ၿပီးေကာင္းမြန္ဖို႔အတြက္ အားလုံးအတူစုေပါင္းႀကိဳးစားၾကပါလို႔ က်မအေနနဲ႔ တိုက္တြန္းလိုပါတယ္။"

ေရာဂါကူးစက္သူ တေက်ာ့ျပန္တိုးလာတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းမွာ သြားလာလႈပ္ရွားမႈေတြ ကန႔္သတ္ခဲ့တဲ့ မႏၲေလးမွာေတာ့ အခုအခါ အေျခအေနကို ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္လို႔ Quarantine စင္တာတခ်ိဳ႕ကို ပိတ္ေတာ့မယ္လို႔လည္း မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။ ဒါေပမဲ့လည္း အခုရက္ပိုင္းအတြင္း အစိုးရဌာနဆိုင္ရာအတြင္း ကူးစက္မႈေတြ ေတြ႕ရတဲ့အတြက္ ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔လည္း ေဒါက္တာေဇာ္ျမင့္ေမာင္က မေန႔ကက်င္းပခဲ့တဲ့ လြတ္လပ္ေရးေန႔အခမ္းအနားၿပီးမွာ ေျပာခဲ့ပါတယ္။

"မႏၲေလးကိုကယ္ႏိုင္တာ မႏၲေလးလူထုပဲ ရွိတယ္။ ဘယ္သူမွမကယ္ႏိုင္ဘူး။ က်ေနာ္တို႔လည္း မကယ္ႏိုင္ဘူး။ က်ေနာ္တို႔ လိုအပ္တာေတြ အကုန္လုပ္ေပးတယ္။ တတ္ႏိုင္သမွ် စည္းနဲ႔ကမ္းနဲ႔ေနၾကရင္ ေလွ်ာ့က်သြားမယ္ထင္ပါတယ္။ မေန႔ကေတာ့ နည္းနည္းျပန္မ်ားလာတယ္ဗ်။ မ်ားလာတာက အခုကဘာျဖစ္လို႔လဲဆိုေတာ့ ဌာနဆိုင္ရာတခ်ိဳ႕ကို ပိုးေတြကူးလာတယ္။ ဥပမာ ပုသိမ္ႀကီးေထြအုပ္ဆိုပါစို႔၊ စစ္လိုက္တာ လူ ၃၀ ေလာက္သြားေတြ႕တယ္။ အဲဒီလိုဆိုေတာ့ က်ေနာ္တို႔အခု ဌာနဆိုင္ရာေတြကို ဂ႐ုစိုက္လုပ္ေပးေနပါတယ္။"

ျမန္မာႏိုင္ငံမွာ ေရာဂါပိုးကူးစက္ခံရသူေတြရဲ႕ ရာခိုင္ႏႈန္း ၆၃ ကေန ၈၅ အထိေလာက္က ေရာဂါလကၡဏာမျပပဲ ပိုးရွိသူေတြျဖစ္ေနလို႔ ကိုယ့္ရဲ႕ပတ္ဝန္းက်င္က ဘယ္သူမွာမဆို ေရာဂါရွိ မရွိဆိုတာကို အျမင္နဲ႔မသိရွိႏိုင္လို႔ ေရာဂါကာကြယ္ေရးနည္းလမ္းေတြကို အခ်င္းခ်င္းသတိေပးေဆာင္႐ြက္ၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက သတိေပးထားပါတယ္။ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ အဂၤါေန႔မြန္းလြဲပိုင္းထုတ္ျပန္တဲ့ စာရင္းအရ ျပည္တြင္းမွာပိုးေတြ႕အတည္ျပဳလူနာ ၁၂၆,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂,၇၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံမှာ မကြာသေးခင်ကစလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ အတည်ပြုလူနာ ကျဆင်းလာပေမဲ့၊ ရောဂါအန္တရာယ်ကို ဆက်လက် သတိပြုကြဖို့ ကျန်းမာရေး ပညာရှင်တွေ တိုက်တွန်းနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မစုစုက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူအတည်ပြုလူနာ တွေ့ရှိမှု ကျဆင်းလာသလို ၂၀၂၁ နှစ်အစောပိုင်းမှာ ရောဂါကာကွယ်ဆေး ရောက်ရှိလာတော့မှာမို့ လူထုကြားမှာ ရောဂါအန္တရာယ်ကို အလေးမထားမှာကို ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေကြပါတယ်။ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာဦးရေဟာ စစ်ဆေးသူအရေအတွက်ရဲ့ ၄ ရာခိုင်နှုန်းဝန်းကျင်မှာသာ ရှိနေပြီး၊ ဆေးရုံဆင်းခွင့်ရသူ တိုးလာနေလို့ အခြေအနေကောင်းမွန်တယ်ဆိုပေမယ့် ကပ်ရောဂါထိန်းချုပ်၊ ကာကွယ်ရေးမှာ ဆောင်ရွက်ရမယ့်ကိစ္စတွေ ရှိနေသေးတယ်လို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ရောဂါဖြစ်ပွားပြီးလို့ရှိရင် ဘယ်လောက်ရာခိုင်နှုန်းဟာ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေခံစားရမလဲလို့ မေးတာနဲ့ပတ်သက်ပြီးတော့ ဆေးရုံတက်တဲ့လူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က နောက်ဆက်တွဲရောဂါတွေ ခံစားရတတ်တယ်ပေါ့နော်။ Long COVID လို့ပြောတဲ့ လက္ခဏာတွေ ခံစားရတတ်တယ်လို့ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့က) ဖြေထားတာရှိပါတယ်။ ဒါကြောင့်မို့ ရောဂါမဖြစ်ရင်အကောင်းဆုံး၊ မကူးစက်ခံရရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုမကူးစက်ခံရဖို့က ကျမတို့မှာ နည်းလမ်းတွေရှိပြီးသားပဲ။ ဒီနည်းလမ်းတွေကို တသွေမတိမ်းအထူးလိုက်နာဖို့သာ လိုအပ်ပါတယ်။"

ဒီနှစ်ဆန်းပိုင်းမှာ ကိုဗစ်ရောဂါကာကွယ်ဆေး ရရှိဖို့ မြန်မာအစိုးရက အမေရိကန်၊ ယူကေ၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေနဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့လည်း ကြိုးပမ်းနေပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံက ထုတ်လုပ်မယ့် ကာကွယ်ဆေးကို ဝယ်ယူဖို့ ပြောဆိုထားသလို၊ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ကိုလည်း ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ ဆွေးနွေးနေပြီး ဇန်နဝါရီလဆန်းပိုင်းမှာ ရရှိဖို့မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတာဝန်ရှိသူ တဦးက VOA ကိုပြောဆိုထားပါတယ်။ ကာကွယ်ဆေးတွေရောက်ရှိလာရင် ဦးစားပေး ထိုးနှံရမယ့်သူတွေအတွက် အရင်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ အားလုံးအပေါ်လွှမ်းခြုံလာနိုင်တဲ့ အခြေအနေရောက်မယ့်အချိန်ထိ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက် ဆောင်ရွက်သွားကြဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းထားပါတယ်။

"မကြာခင်မှာလည်း ရောဂါအတွက်ကာကွယ်ဆေးတွေ ရောက်ရှိလာပြီးရင် သက်ဆိုင်ရာအန္တရာယ်ရှိတဲ့သူတွေကို အဆင့်ဆင့် ထိုးနှံပေးမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ ခလုတ်မတိုက်ဖို့လိုပါတယ်။ ရောဂါပိုးကူးစက်ခံရမှု မဝင်ရောက်ဖို့အတွက် အထူးဂရုစိုက် နေထိုင်ဖို့လိုပါတယ်။ ဒါကြောင့်မို့ နှစ်သစ်မှာပြည်သူတွေအနေနဲ့ သတိထားပြီးတော့နေထိုင်ခြင်းအားဖြင့် မိသားစုကိုရောဂါဆိုးကြီး ကူးစက်မှုရန်ကနေ ကာကွယ်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းကလည်း နှစ်သစ်ကို တလျှောက်လုံး ကျန်းမာခြင်းဆုလာဘ်နဲ့ ပြည့်စုံအောင်လို့ ကိုယ့်မိသားစုကို အကောင်းဆုံးလက်ဆောင် ပေးခြင်းလည်းမည်ပါတယ်။ ဒါကြောင့်မို့ ရောဂါကူးစက်မှုကျသွားပြီဆိုပြီးတော့ စည်းကမ်းတွေ ချိုးဖောက်လို့မရပါဘူး။ ချောတိုင်တက်သလိုပါပဲ အခုချောတိုင်ထိပ်ကို ရောက်ခါနီးနေပါပြီ။ ကျမတို့အောင်မြင်မှုရခါနီးနေချိန်မှာ ပြန်လျှောကျသွားတယ်ဆိုရင် နောက်တကြိမ်ပြန်တက်ဖို့အတွက်က တော်တော်လေးကို ခက်ခဲပါတယ်။ ဒါလေးကို သဘောပေါက်မယ်ဆိုရင် အခုကောင်းမွန်နေတဲ့ အခြေအနေကနေပြီးတော့ ဆက်ပြီးကောင်းမွန်ဖို့အတွက် အားလုံးအတူစုပေါင်းကြိုးစားကြပါလို့ ကျမအနေနဲ့ တိုက်တွန်းလိုပါတယ်။"

ရောဂါကူးစက်သူ တကျော့ပြန်တိုးလာတာကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ခဲ့တဲ့ မန္တလေးမှာတော့ အခုအခါ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်လို့ Quarantine စင်တာတချို့ကို ပိတ်တော့မယ်လို့လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ဒါပေမဲ့လည်း အခုရက်ပိုင်းအတွင်း အစိုးရဌာနဆိုင်ရာအတွင်း ကူးစက်မှုတွေ တွေ့ရတဲ့အတွက် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က မနေ့ကကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့အခမ်းအနားပြီးမှာ ပြောခဲ့ပါတယ်။

"မန္တလေးကိုကယ်နိုင်တာ မန္တလေးလူထုပဲ ရှိတယ်။ ဘယ်သူမှမကယ်နိုင်ဘူး။ ကျနော်တို့လည်း မကယ်နိုင်ဘူး။ ကျနော်တို့ လိုအပ်တာတွေ အကုန်လုပ်ပေးတယ်။ တတ်နိုင်သမျှ စည်းနဲ့ကမ်းနဲ့နေကြရင် လျှော့ကျသွားမယ်ထင်ပါတယ်။ မနေ့ကတော့ နည်းနည်းပြန်များလာတယ်ဗျ။ များလာတာက အခုကဘာဖြစ်လို့လဲဆိုတော့ ဌာနဆိုင်ရာတချို့ကို ပိုးတွေကူးလာတယ်။ ဥပမာ ပုသိမ်ကြီးထွေအုပ်ဆိုပါစို့၊ စစ်လိုက်တာ လူ ၃၀ လောက်သွားတွေ့တယ်။ အဲဒီလိုဆိုတော့ ကျနော်တို့အခု ဌာနဆိုင်ရာတွေကို ဂရုစိုက်လုပ်ပေးနေပါတယ်။"

မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူတွေရဲ့ ရာခိုင်နှုန်း ၆၃ ကနေ ၈၅ အထိလောက်က ရောဂါလက္ခဏာမပြပဲ ပိုးရှိသူတွေဖြစ်နေလို့ ကိုယ့်ရဲ့ပတ်ဝန်းကျင်က ဘယ်သူမှာမဆို ရောဂါရှိ မရှိဆိုတာကို အမြင်နဲ့မသိရှိနိုင်လို့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို အချင်းချင်းသတိပေးဆောင်ရွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အင်္ဂါနေ့မွန်းလွဲပိုင်းထုတ်ပြန်တဲ့ စာရင်းအရ ပြည်တွင်းမှာပိုးတွေ့အတည်ပြုလူနာ ၁၂၆,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၇၀၀ ကျော်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG