သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ တ႐ုတ္ကန္႔သတ္ခ်က္ နယ္စပ္ကုန္သြယ္ေရးထိခိုက္


နယ္စပ္ကုန္သြယ္ေရးဂိတ္ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ခြာညိဳသစ္သီးပြဲ႐ုံ)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္လာေနတဲ့ တ႐ုတ္ႏုိင္ငံမွာ အသြားအလာ ကန္႔သတ္ပိတ္ဆို႔မႈေတြ ျပန္လုပ္လာလို႔ ျမန္မာျပန္ေျမာက္ပိုင္းနဲ႔ နယ္စပ္ကုန္သြယ္ေရးမွာ ထိခုိက္မႈေတြ ရွိေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ဆက္ေပးမွာပါ။

တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕ တဝိုက္ၿမိဳ႕ေတြနဲ႔၊ ေျမာက္ပိုင္းၿမိဳ႕နယ္ေတြမွာ ငါးလအတြင္း ကိုဗစ္ေရာဂါကူးစက္မႈ တေက်ာ့ျပန္တက္လာၿပီး တျခား ျပည္နယ္ေတြလည္း သြားလာကန႔္သတ္မႈေတြ အထိုက္အေလ်ာက္ရွိလာလို႔ တ႐ုတ္ျပည္တြင္းကို ရာသီေပၚသီးႏွံေတြတင္ပို႔ေနတဲ့ ျမန္မာျပည္ေျမာက္ပိုင္း သီးႏွံေစ်းကြက္မွာပါ ႐ုိက္ခတ္မႈေတြ ႀကံဳေနရတာပါ။

ၿပီးခဲ့တဲ့ရက္ပိုင္းအထိ ျမန္မာျပည္ဘက္က ဖရဲသီးနဲ႔ သခြားေမႊး ကားအစီးေရ တရက္ကို ကားအစီးေရ ၂၀၀ ေက်ာ္ပဲလႊတ္ၿပီး ေစ်းကြက္တည္ၿငိမ္ေအာင္ လုပ္ႏိုင္ေပမဲ့ အခုေတာ့ တ႐ုတ္ျပည္ဘက္ မေရရာတဲ့အေျခအေနေတြေၾကာင့္ ရသမွ်ပို႔ေနရေၾကာင္း မူဆယ္သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ စိုင္းခင္ေမာင္က ဗြီအိုေအကို ေျပာပါတယ္။

“အဲဒီဘက္က ေရာဂါပိုးေတြ႕ရွိမႈက ေစ်းကြက္မွာ ႐ိုက္ခတ္မႈေတြ အမ်ားႀကီးရွိတယ္။ နယ္ေတာ္ေတာ္မ်ားမ်ားေပါ့ေလေနာ္... ဒီျပည္နယ္ ႏွစ္ခုထဲမွာ ကြက္ၿပီးေတာ့ ေဒသေတြလည္း (ေရာဂါ) ျဖစ္တယ္။ အက်ိဳးဆက္က်ေတာ့ တျခားျပည္နယ္ေတြကလည္း ထိန္းခ်ဳပ္မႈေတြ ပိုမ်ားလာတာေပါ့။ အဲဒီ အေနအထားေၾကာင့္ ဖရဲသီးကေတာ့ ထပ္က်သြားတာေပါ့။ အေျခအေနေတြ မတည္ၿငိမ္ေတာ့ အခုဆိုရင္ (ေစ်းကြက္ကို) မထိန္းေတာ့ဘူး၊ အကုန္ပို႔ေပါ့ေပါ့ အဲဒီလိုမ်ိဳး။”

ျမန္မာ ရာသီေပၚသီးႏွံေတြ အထူးသျဖင့္ တ႐ုတ္ အဓိကပို႔ကုန္ျဖစ္တဲ့ ဖရဲသီးနဲ႔ သခြားေမႊးဟာ ၿပီးခဲ့တဲ့ လပိုင္းက အျမင့္ဆုံးေစ်းနဲ႔ ရေနရာကေန အခုလို႐ုတ္တရက္ အေျပာင္းအလဲျဖစ္ခဲ့တာပါ။

တ႐ုတ္ျပည္မႀကီးရဲ႕ ကူးစက္ႏႈန္းက ဒီရက္ပိုင္း တရက္ကို လူအေယာက္ ၆၀ ေက်ာ္ရွိေနၿပီး ဒါက ၂၀၂၀ ဇူလိုင္လကုန္ေနာက္ပိုင္း ပထမဦးဆုံးအႀကိမ္ အမ်ားဆုံး ျပန္ေတြ႕လာတာပါ။ ေပက်င္းနဲ႔ကပ္လ်က္ Hebei ျပည္နယ္ Shijiazhuang မွာ ဒီကေန႔ အတည္ျပဳလူနာေတြ ထပ္ေတြ႕သလို အသြားအလာ တားျမစ္တာေတြကို အာဏာပိုင္ေတြက စတင္လုပ္ေဆာင္ေနပါတယ္။ Hebei နဲ႔ကပ္လ်က္ Liaoning ျပည္နယ္ Shenyang မွာလည္း ေဒသခံ ၁၀၀,၀၀၀ ေက်ာ္ကို ဗုဒၶဟူးေန႔ကစလို႔ အသြားအလာ ကန႔္သတ္တာ လုပ္ခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ တေက်ာ့ျပန္ ကူးစက္ရာေဒသ ျဖစ္လာမွာ အစိုးရက စိုးရိမ္မႈေတြ ရွိေနပါတယ္။

တ႐ုတ္ျပည္တြင္း ေရာဂါအေျခအေနကို စိုးရိမ္ေနသလို ျမန္မာႏုိင္ငံမွာလည္း ေရာဂါကူးစက္မႈေတြ ရွိေနတာေၾကာင့္ ယူနန္ျပည္နယ္ တာဝန္ရွိသူေတြဟာ ျမန္မာ- တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးကို ထိန္းခ်ဳပ္ထားဆဲျဖစ္ပါတယ္။

တ႐ုတ္အစိုးရဘက္က ၫႊန္ၾကားခ်က္ တိတိက်က်ထုတ္ၿပီး တားျမစ္တာမ်ိဳး မဟုတ္ေပမဲ့ တ႐ုတ္ကုမၸဏီေတြကို ဖိအားေပးထားလို႔ ျမန္မာဘက္က ေရထြက္ကုန္ေတြရဲ႕ ထုပ္ပိုးမႈတိုင္းဟာ က်န္းမာေရးကင္းရွင္းေၾကာင္း အာမခံဖုိ႔ ကန႔္သတ္လုိက္တာေၾကာင့္ အခက္အခဲေတြ ရွိေနတယ္လုိ႔လည္း မူဆယ္နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရးအသင္း ဗဟိုအလုပ္အမႈေဆာင္တဦးျဖစ္တဲ့ ဦးထြန္းလင္းစိုးက ေျပာပါတယ္။

“ေရထြက္ပို႔ကုန္ကေတာ့ အခက္အခဲ အမ်ားႀကီးရွိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဓိကသူတို႔က ကိုဗစ္ကို အေၾကာင္းျပတာေပါ့။ ေအးခဲသားေတြ frozen အေနနဲ႔သြားလို႔မရဘူး။ ကဏန္း အရွင္သြားလို႔မရဘူး၊ ခ႐ု၊ ေနာက္ၿပီးေတာ့ ပုစြန္ အဲဒါေတြ အကုန္ပိတ္ထားတယ္။ ငါးရွဥ့္တမ်ိဳးေတာ့ ေလာေလာဆယ္အခု သြားလို႔ မပိတ္ေသးဘူး။ သက္သက္ အႏိုင္က်င့္တဲ့ ပုံစံမ်ိဳးေပါ့။ Trade ကို သူတို႔က သက္သက္ အသာစီးရခ်င္တာ။ လိုခ်င္ရင္ ဝယ္လို႔ရတယ္၊ မလိုခ်င္ မဝယ္ဘူးေပါ့... အဲဒီပုံစံမ်ိဳး။”

နယ္စပ္မွာ ေရထြက္ကုန္ကိုထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနေပမဲ့ တ႐ုတ္က ေလေၾကာင္းဘက္ကေန လွည့္ၿပီး ဝယ္ယူေနတာေတြ ရွိေၾကာင္းလည္း သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံဟာ တ႐ုတ္ျပည္ကို နယ္စပ္ကေန ေရထြက္ကုန္နဲ႔ လယ္ယာထြက္ကုန္ အမ်ားဆုံးတင္ပို႔ေနတာပါ။ ျမန္မာႏိုင္ငံက ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္မွာ တႏိုင္ငံလုံး နယ္စပ္ကုန္သြယ္ေရးကေန လယ္ယာထြက္ကုန္ အေမရိကန္ေဒၚလာ ၁,၈၅၅ သန္းေက်ာ္နဲ႔၊ ေရထြက္ကုန္ အေမရိကန္ေဒၚလာ ၅၂၄ သန္းေက်ာ္ ရရွိထားေၾကာင္း ျမန္မာကုန္သြယ္ေရးဝန္ႀကီးဌာန စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့် တရုတ်ကန့်သတ်ချက် နယ်စပ်ကုန်သွယ်ရေးထိခိုက်

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန်ဖြစ်လာနေတဲ့ တရုတ်နိုင်ငံမှာ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေ ပြန်လုပ်လာလို့ မြန်မာပြန်မြောက်ပိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ထိခိုက်မှုတွေ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးမှာပါ။

တရုတ်နိုင်ငံ ပေကျင်းမြို့ တဝိုက်မြို့တွေနဲ့၊ မြောက်ပိုင်းမြို့နယ်တွေမှာ ငါးလအတွင်း ကိုဗစ်ရောဂါကူးစက်မှု တကျော့ပြန်တက်လာပြီး တခြား ပြည်နယ်တွေလည်း သွားလာကန့်သတ်မှုတွေ အထိုက်အလျောက်ရှိလာလို့ တရုတ်ပြည်တွင်းကို ရာသီပေါ်သီးနှံတွေတင်ပို့နေတဲ့ မြန်မာပြည်မြောက်ပိုင်း သီးနှံဈေးကွက်မှာပါ ရိုက်ခတ်မှုတွေ ကြုံနေရတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအထိ မြန်မာပြည်ဘက်က ဖရဲသီးနဲ့ သခွားမွှေး ကားအစီးရေ တရက်ကို ကားအစီးရေ ၂၀၀ ကျော်ပဲလွှတ်ပြီး ဈေးကွက်တည်ငြိမ်အောင် လုပ်နိုင်ပေမဲ့ အခုတော့ တရုတ်ပြည်ဘက် မရေရာတဲ့အခြေအနေတွေကြောင့် ရသမျှပို့နေရကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ဗွီအိုအေကို ပြောပါတယ်။

“အဲဒီဘက်က ရောဂါပိုးတွေ့ရှိမှုက ဈေးကွက်မှာ ရိုက်ခတ်မှုတွေ အများကြီးရှိတယ်။ နယ်တော်တော်များများပေါ့လေနော်... ဒီပြည်နယ် နှစ်ခုထဲမှာ ကွက်ပြီးတော့ ဒေသတွေလည်း (ရောဂါ) ဖြစ်တယ်။ အကျိုးဆက်ကျတော့ တခြားပြည်နယ်တွေကလည်း ထိန်းချုပ်မှုတွေ ပိုများလာတာပေါ့။ အဲဒီ အနေအထားကြောင့် ဖရဲသီးကတော့ ထပ်ကျသွားတာပေါ့။ အခြေအနေတွေ မတည်ငြိမ်တော့ အခုဆိုရင် (ဈေးကွက်ကို) မထိန်းတော့ဘူး၊ အကုန်ပို့ပေါ့ပေါ့ အဲဒီလိုမျိုး။”

မြန်မာ ရာသီပေါ်သီးနှံတွေ အထူးသဖြင့် တရုတ် အဓိကပို့ကုန်ဖြစ်တဲ့ ဖရဲသီးနဲ့ သခွားမွှေးဟာ ပြီးခဲ့တဲ့ လပိုင်းက အမြင့်ဆုံးဈေးနဲ့ ရနေရာကနေ အခုလိုရုတ်တရက် အပြောင်းအလဲဖြစ်ခဲ့တာပါ။

တရုတ်ပြည်မကြီးရဲ့ ကူးစက်နှုန်းက ဒီရက်ပိုင်း တရက်ကို လူအယောက် ၆၀ ကျော်ရှိနေပြီး ဒါက ၂၀၂၀ ဇူလိုင်လကုန်နောက်ပိုင်း ပထမဦးဆုံးအကြိမ် အများဆုံး ပြန်တွေ့လာတာပါ။ ပေကျင်းနဲ့ကပ်လျက် Hebei ပြည်နယ် Shijiazhuang မှာ ဒီကနေ့ အတည်ပြုလူနာတွေ ထပ်တွေ့သလို အသွားအလာ တားမြစ်တာတွေကို အာဏာပိုင်တွေက စတင်လုပ်ဆောင်နေပါတယ်။ Hebei နဲ့ကပ်လျက် Liaoning ပြည်နယ် Shenyang မှာလည်း ဒေသခံ ၁၀၀,၀၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့ကစလို့ အသွားအလာ ကန့်သတ်တာ လုပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ကူးစက်ရာဒေသ ဖြစ်လာမှာ အစိုးရက စိုးရိမ်မှုတွေ ရှိနေပါတယ်။

တရုတ်ပြည်တွင်း ရောဂါအခြေအနေကို စိုးရိမ်နေသလို မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်မှုတွေ ရှိနေတာကြောင့် ယူနန်ပြည်နယ် တာဝန်ရှိသူတွေဟာ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

တရုတ်အစိုးရဘက်က ညွှန်ကြားချက် တိတိကျကျထုတ်ပြီး တားမြစ်တာမျိုး မဟုတ်ပေမဲ့ တရုတ်ကုမ္ပဏီတွေကို ဖိအားပေးထားလို့ မြန်မာဘက်က ရေထွက်ကုန်တွေရဲ့ ထုပ်ပိုးမှုတိုင်းဟာ ကျန်းမာရေးကင်းရှင်းကြောင်း အာမခံဖို့ ကန့်သတ်လိုက်တာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့လည်း မူဆယ်နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးထွန်းလင်းစိုးက ပြောပါတယ်။

“ရေထွက်ပို့ကုန်ကတော့ အခက်အခဲ အများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ အဓိကသူတို့က ကိုဗစ်ကို အကြောင်းပြတာပေါ့။ အေးခဲသားတွေ frozen အနေနဲ့သွားလို့မရဘူး။ ကဏန်း အရှင်သွားလို့မရဘူး၊ ခရု၊ နောက်ပြီးတော့ ပုစွန် အဲဒါတွေ အကုန်ပိတ်ထားတယ်။ ငါးရှဉ့်တမျိုးတော့ လောလောဆယ်အခု သွားလို့ မပိတ်သေးဘူး။ သက်သက် အနိုင်ကျင့်တဲ့ ပုံစံမျိုးပေါ့။ Trade ကို သူတို့က သက်သက် အသာစီးရချင်တာ။ လိုချင်ရင် ဝယ်လို့ရတယ်၊ မလိုချင် မဝယ်ဘူးပေါ့... အဲဒီပုံစံမျိုး။”

နယ်စပ်မှာ ရေထွက်ကုန်ကိုထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ တရုတ်က လေကြောင်းဘက်ကနေ လှည့်ပြီး ဝယ်ယူနေတာတွေ ရှိကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်ပြည်ကို နယ်စပ်ကနေ ရေထွက်ကုန်နဲ့ လယ်ယာထွက်ကုန် အများဆုံးတင်ပို့နေတာပါ။ မြန်မာနိုင်ငံက ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ တနိုင်ငံလုံး နယ်စပ်ကုန်သွယ်ရေးကနေ လယ်ယာထွက်ကုန် အမေရိကန်ဒေါ်လာ ၁,၈၅၅ သန်းကျော်နဲ့၊ ရေထွက်ကုန် အမေရိကန်ဒေါ်လာ ၅၂၄ သန်းကျော် ရရှိထားကြောင်း မြန်မာကုန်သွယ်ရေးဝန်ကြီးဌာန စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG