သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္စပ္ကုန္သြယ္ေရးေတြျပန္စဖို႔ ျမန္မာအာဏာပိုင္ေတြ ျပင္ဆင္


နယ္စပ္ကုန္သြယ္ေရးဂိတ္ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ခြာညိဳသစ္သီးပြဲ႐ုံ)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါေၾကာင့္ တႏွစ္နီးပါး ကန္႔သတ္ခ်က္ေတြ ႀကံဳေနရတဲ့ နယ္စပ္ကုန္သြယ္ေရးေတြ ပုံမွန္ျပန္စႏိုင္ေအာင္ ျမန္မာတာ၀န္ရွိသူေတြ ႀကိဳးပမ္းေနတဲ့အေၾကာင္း တင္ျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာ- အိႏၵိယ အဓိက ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္တဲ့ စစ္ကိုင္းတိုင္း တမူးနယ္စပ္ ကုန္သြယ္ေရးဂိတ္ဟာ ၿပီးခဲ့တဲ့ႏွစ္ မတ္လကတည္းက ပိတ္ထားခဲ့ရတာေၾကာင့္ ေမွာင္ခိုအေရာင္းအ၀ယ္က လြဲလို႔ ရပ္ဆုိင္းေနတဲ့အတြက္ တိုင္းအစိုးရနဲ႔ မၾကာခင္ ေဆြးေႏြးသြားမယ္လို႔ ကေလး- တမူး နယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္း ဥကၠ႒ ဦးလွေမာင္က ေျပာပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ဦးေဆာင္တဲ့ ကိုဗစ္ကာကြယ္၊ ထိန္းခ်ဳပ္ေရး ဗဟိုေကာ္မတီကို တင္ျပတဲ့အခါမွာေတာ့ အိႏၵိယဘက္မွာ ေရာဂါကူးစက္မႈေတြ ျမင့္မားေနေသးတဲ့အတြက္ စနစ္တက်လုပ္ဖို႔ ျပန္လည္ၫႊန္ၾကားထားေၾကာင္း ေျပာပါတယ္။

“စီးပြားကူးသန္းဝန္ႀကီးက က်ေနာ့ကိုေျပာပါတယ္။ တိုင္းေဒသႀကီး အစိုးရရယ္ က်ေနာ္တို႔ရယ္၊ သူရယ္၊ အစည္းအေဝး လုပ္ၾကရေအာင္ အဲဒါလုပ္ၿပီးမွ ဘာလုပ္ရမလဲဆိုတာ ဆုံးျဖတ္ၿပီးမွ ဆက္ၿပီးလုပ္ၾကတာေပါ့ ခဏေစာင့္ပါဆိုၿပီး ေျပာလို႔ က်ေနာ္ေစာင့္ေနတာေပါ့။ ဘာလုပ္ရမလဲဆိုတာ ဒီတပတ္မွ ဆုံးျဖတ္ဖို႔ရွိတယ္။ ေဆြးေႏြးၿပီး လုပ္ခြင့္ေပးမွ ဟိုဘက္ႏိုင္ငံကို က်ေနာ္တို႔က လုပ္လို႔ရၿပီ ခင္ဗ်ားတို႔ဘက္က အဆင္သင့္ျဖစ္လားဆိုၿပီး၊ သူတို႔ကလည္း မဏိပူဝန္ႀကီးကေတာ့ ဖြင့္ခ်င္တယ္လို႔ ေျပာတယ္။”

ႏိုင္ငံေတာ္အတိုင္ပင္ခံ ဦးေဆာင္တဲ့ ကိုဗစ္ကာကြယ္ေရး ဗဟို ေကာ္မတီကို တင္ျပတဲ့အခါမွာ အိႏိၵယဘက္မွာ ေရာဂါကူးစက္မႈေတြ ျမင့္မားေနေသးတဲ့အတြက္ စနစ္တက်လုပ္ဖို႔ ျပန္လည္ညႊန္ၾကားထားေၾကာင္း ေျပာပါတယ္။

ျမန္မာအစိုးရ စာရင္းအတိုင္းဆိုရင္ တမူးနယ္စပ္ အိႏၵိယ- ျမန္မာ ကုန္သြယ္မႈပမာဏက ၂၀၁၈- ၂၀၁၉ မွာ အေမရိကန္ေဒၚလာ ၉၆ သန္းေက်ာ္ရွိေပမဲ့ ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ ၄၁ သန္းေက်ာ္ပဲရွိပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အဓိက နယ္စပ္ကုန္သြယ္ေရးစခန္းျဖစ္တဲ့ တ႐ုတ္ႏုိင္ငံနဲ႔နယ္စပ္ မူဆယ္ ၁၀၅ မိုင္မွာလည္း တ႐ုတ္ႏုိင္ငံဘက္က က်န္းမာေရး ကန႔္သတ္ခ်က္ေတြ ထုတ္ျပန္ထားတာေၾကာင့္ အျပည့္အ၀ ကုန္သြယ္မႈေတြ မလုပ္ႏုိင္ဘဲ ျဖစ္ေနတာပါ။ ဒါေပမဲ့လည္း ဒီေန႔ အဂၤါေန႔မွာပဲ အဓိက ကုန္သြယ္ဂိတ္တခုျဖစ္တဲ့ မန္ဝိန္းဂိတ္ကို တ႐ုတ္ႏုိင္ငံက ၂၄ နာရီ စမ္းသပ္ဖြင့္ေပးလိုက္ၿပီး ႏွစ္ဘက္စလုံးက အေျခအေန ေစာင့္ၾကည့္ေနေၾကာင္း မူဆယ္ ဆန္ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးမင္းသိန္းက ေျပာပါတယ္။

“မူဆယ္ ဆန္စပါးအသင္းက ကိုယ္စားလွယ္ပါတယ္။ သၾကားအသင္း ကိုယ္စားလွယ္ပါတယ္၊ ပဲေျပာင္းႏွမ္းက ပါတယ္၊ သစ္သီးကပါတယ္။ ေရထြက္ပစၥည္း ကိုယ္စားလွယ္ တေယာက္ပါတယ္၊ ယာဥ္ထိန္းရဲအဖြဲ႕ပါတယ္။ အေကာက္ခြန္၊ လူဝင္မႈႀကီးၾကပ္ေရး၊ ေမာ္ေတာ္ယာဥ္ လိုင္းေပါင္းစုံ ထိန္းသိမ္းေရး အျခားအဖြဲ႕အစည္းေတြလည္း ႀကီးၾကပ္ေနၿပီေပါ့ ၁၀ ရက္တာ ကာလကို။ ေလာေလာဆယ္ သူက ဒီဂိတ္ေပါက္ကို ၾကည့္မယ္။ ၁၀ ရက္တာကို စမ္းသပ္လို႔ ေအာင္ျမင္ရင္ တျခားပိတ္ထားတဲ့ အေပါက္ေတြကိုလည္း သူ ၾကည့္ၿပီးဖြင့္ေပးမယ္၊ အခ်ိန္တိုးျမႇင့္ေပးသင့္ေပးမယ္။ အဲဒီလိုမ်ိဳးေတာ့ သူတို႔က တို႔ကို အေၾကာင္းၾကားထားပါတယ္။”

နယ္စပ္ကုန္သြယ္ေရးဂိတ္ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ျမဝတီကုန္သြယ္ေရးစခန္း)
နယ္စပ္ကုန္သြယ္ေရးဂိတ္ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ျမဝတီကုန္သြယ္ေရးစခန္း)

မူဆယ္နယ္စပ္ ျမန္မာ- တ႐ုတ္ ကုန္သြယ္မႈပမာဏက ၂၀၁၈- ၂၀၁၉ မွာ အေမရိကန္ေဒၚလာ သန္း ၄,၉၀၀ ေက်ာ္ရွိၿပီး ၂၀၁၉- ၂၀၂၀ မွာေတာ့ သန္း ၄,၈၀၀ ေက်ာ္ရွိတယ္လို႔ ျမန္မာကုန္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံနဲ႔ အိမ္နီးခ်င္း ထုိင္းႏုိင္ငံၾကား အဓိက နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းတခုျဖစ္တဲ့ ျမဝတီနယ္စပ္မွာလည္း ၿပီးခဲ့တဲ့ႏွစ္ထဲ ကန္႔သတ္ခ်က္ေတြ ရွိခဲ့ေပမဲ့ အခုေတာ့ ထိုင္း- ျမန္မာခ်စ္ၾကည္ေရးတံတား အမွတ္ (၂) ကေန ေန႔တိုင္းအျပန္အလွန္ ကုန္သြယ္မႈ ရွိေနပါတယ္။ ႏွစ္သစ္ကူး အလုပ္နားထားၾကတာကလြဲလို႔ ပုံမွန္ အေျခအေနနီးပါး ျပန္ေရာက္ေနေၾကာင္း ျမဝတီနယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္းဥကၠ႒ ေဒၚသင္းသင္းျမတ္က ေျပာပါတယ္။

“မေန႔ကစၿပီး run ၾကတာေပါ့။ ပုံမွန္ဆိုေပမဲ့လည္း နည္းၾကတာေပါ့။ အခုမွ အရွိန္ယူတုန္းပဲ၊ ဒီကပို႔ကုန္ကေတာ့ အရင္အတိုင္းပါပဲ။ ေရထြက္ပစၥည္းေတြ ရွိမယ္၊ ဆန္မႈန႔္၊ ေျပာင္းမႈန႔္၊ ၾကက္သြန္တို႔၊ င႐ုပ္သီးတို႔၊ အဲဒါေတြပဲ။ ဟိုဘက္ကေတာ့ စားေသာက္ကုန္ရယ္၊ လူသုံးကုန္ရယ္၊ စိုက္ပ်ိဳးေရးေပါ့ လယ္ယာသုံး ပစၥည္းတို၊႔ ဘာတို႔ေပါ့.. အဲဒါေတြ၊ ေနာက္ေဆးပစၥည္းရွိမယ္။ လူအဝင္အထြက္ေတာ့ မေပးေသးဘူး။”

အဓိကပို႔ကုန္တခုျဖစ္တဲ့ ေျပာင္းေစ့ကေတာ့ ေဖေဖာ္ဝါရီလေလာက္ ထိုင္းႏိုင္ငံဘက္က ခြဲတမ္းေပးမွပဲ တင္ပို႔ခြင့္ရမယ္လို႔ သူကေျပာပါတယ္။

ျမန္မာအစိုးရ ကိန္းဂဏန္းေတြအရ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္မွာ တႏိုင္ငံလုံးက နယ္စပ္စခန္း ၁၈ ခုကေန ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ သန္း ၇,၀၀၀ ေက်ာ္တင္ပို႔ထားၿပီး အျပန္အလွန္ ကုန္သြယ္မႈပမာဏကေတာ့ အေမရိကန္ေဒၚလာ ၁၀ ဘီလီယံေက်ာ္ ရွိပါတယ္။

အစိုးရစာရင္းေတြအရ ၂၀၁၉- ၂၀၂၀ ထဲမွာ ကုန္သြယ္မႈ လိုေငြပမာဏ အေမရိကန္ေဒၚလာ ၁ ဘီလီယံေက်ာ္ရွိခဲ့ၿပီး ၂၀၁၈- ၂၀၁၉ ထက္ မ်ားခဲ့တာပါ။ အစိုးရအေနနဲ႔ လိုေငြေလ်ာ့က်ေအာင္ လုပ္ေနေပမဲ့ ျပည္တြင္းသုံးစြဲမႈ တက္လာတာ၊ အေသးစား အလတ္စား စက္မႈလုပ္ငန္းေတြအတြက္ ျပည္ပကေန ကုန္ၾကမ္းပိုၿပီး သြင္းလာရတာ ဒီအေျခအေနေတြေၾကာင့္ လက္ေတြ႕မွာ ခက္ခဲေနေသးတယ္လို႔ စီးပြားကူးသန္းဝန္ႀကီးဌာနက ေထာက္ျပေနတာလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နယ်စပ်ကုန်သွယ်ရေးတွေပြန်စဖို့ မြန်မာအာဏာပိုင်တွေ ပြင်ဆင်

ကိုဗစ်ကပ်ရောဂါကြောင့် တနှစ်နီးပါး ကန့်သတ်ချက်တွေ ကြုံနေရတဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ပုံမှန်ပြန်စနိုင်အောင် မြန်မာတာဝန်ရှိသူတွေ ကြိုးပမ်းနေတဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာ- အိန္ဒိယ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ စစ်ကိုင်းတိုင်း တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ပိတ်ထားခဲ့ရတာကြောင့် မှောင်ခိုအရောင်းအဝယ်က လွဲလို့ ရပ်ဆိုင်းနေတဲ့အတွက် တိုင်းအစိုးရနဲ့ မကြာခင် ဆွေးနွေးသွားမယ်လို့ ကလေး- တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်က ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်ရေး ဗဟိုကော်မတီကို တင်ပြတဲ့အခါမှာတော့ အိန္ဒိယဘက်မှာ ရောဂါကူးစက်မှုတွေ မြင့်မားနေသေးတဲ့အတွက် စနစ်တကျလုပ်ဖို့ ပြန်လည်ညွှန်ကြားထားကြောင်း ပြောပါတယ်။

“စီးပွားကူးသန်းဝန်ကြီးက ကျနော့ကိုပြောပါတယ်။ တိုင်းဒေသကြီး အစိုးရရယ် ကျနော်တို့ရယ်၊ သူရယ်၊ အစည်းအဝေး လုပ်ကြရအောင် အဲဒါလုပ်ပြီးမှ ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ပြီးမှ ဆက်ပြီးလုပ်ကြတာပေါ့ ခဏစောင့်ပါဆိုပြီး ပြောလို့ ကျနော်စောင့်နေတာပေါ့။ ဘာလုပ်ရမလဲဆိုတာ ဒီတပတ်မှ ဆုံးဖြတ်ဖို့ရှိတယ်။ ဆွေးနွေးပြီး လုပ်ခွင့်ပေးမှ ဟိုဘက်နိုင်ငံကို ကျနော်တို့က လုပ်လို့ရပြီ ခင်ဗျားတို့ဘက်က အဆင်သင့်ဖြစ်လားဆိုပြီး၊ သူတို့ကလည်း မဏိပူဝန်ကြီးကတော့ ဖွင့်ချင်တယ်လို့ ပြောတယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်တဲ့ ကိုဗစ်ကာကွယ်ရေး ဗဟို ကော်မတီကို တင်ပြတဲ့အခါမှာ အိန္ဒိယဘက်မှာ ရောဂါကူးစက်မှုတွေ မြင့်မားနေသေးတဲ့အတွက် စနစ်တကျလုပ်ဖို့ ပြန်လည်ညွှန်ကြားထားကြောင်း ပြောပါတယ်။

မြန်မာအစိုးရ စာရင်းအတိုင်းဆိုရင် တမူးနယ်စပ် အိန္ဒိယ- မြန်မာ ကုန်သွယ်မှုပမာဏက ၂၀၁၈- ၂၀၁၉ မှာ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်ရှိပေမဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ ၄၁ သန်းကျော်ပဲရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့နယ်စပ် မူဆယ် ၁၀၅ မိုင်မှာလည်း တရုတ်နိုင်ငံဘက်က ကျန်းမာရေး ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတာကြောင့် အပြည့်အ၀ ကုန်သွယ်မှုတွေ မလုပ်နိုင်ဘဲ ဖြစ်နေတာပါ။ ဒါပေမဲ့လည်း ဒီနေ့ အင်္ဂါနေ့မှာပဲ အဓိက ကုန်သွယ်ဂိတ်တခုဖြစ်တဲ့ မန်ဝိန်းဂိတ်ကို တရုတ်နိုင်ငံက ၂၄ နာရီ စမ်းသပ်ဖွင့်ပေးလိုက်ပြီး နှစ်ဘက်စလုံးက အခြေအနေ စောင့်ကြည့်နေကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“မူဆယ် ဆန်စပါးအသင်းက ကိုယ်စားလှယ်ပါတယ်။ သကြားအသင်း ကိုယ်စားလှယ်ပါတယ်၊ ပဲပြောင်းနှမ်းက ပါတယ်၊ သစ်သီးကပါတယ်။ ရေထွက်ပစ္စည်း ကိုယ်စားလှယ် တယောက်ပါတယ်၊ ယာဉ်ထိန်းရဲအဖွဲ့ပါတယ်။ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး အခြားအဖွဲ့အစည်းတွေလည်း ကြီးကြပ်နေပြီပေါ့ ၁၀ ရက်တာ ကာလကို။ လောလောဆယ် သူက ဒီဂိတ်ပေါက်ကို ကြည့်မယ်။ ၁၀ ရက်တာကို စမ်းသပ်လို့ အောင်မြင်ရင် တခြားပိတ်ထားတဲ့ အပေါက်တွေကိုလည်း သူ ကြည့်ပြီးဖွင့်ပေးမယ်၊ အချိန်တိုးမြှင့်ပေးသင့်ပေးမယ်။ အဲဒီလိုမျိုးတော့ သူတို့က တို့ကို အကြောင်းကြားထားပါတယ်။”

မူဆယ်နယ်စပ် မြန်မာ- တရုတ် ကုန်သွယ်မှုပမာဏက ၂၀၁၈- ၂၀၁၉ မှာ အမေရိကန်ဒေါ်လာ သန်း ၄,၉၀၀ ကျော်ရှိပြီး ၂၀၁၉- ၂၀၂၀ မှာတော့ သန်း ၄,၈၀၀ ကျော်ရှိတယ်လို့ မြန်မာကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကြား အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ မြဝတီနယ်စပ်မှာလည်း ပြီးခဲ့တဲ့နှစ်ထဲ ကန့်သတ်ချက်တွေ ရှိခဲ့ပေမဲ့ အခုတော့ ထိုင်း- မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကနေ နေ့တိုင်းအပြန်အလှန် ကုန်သွယ်မှု ရှိနေပါတယ်။ နှစ်သစ်ကူး အလုပ်နားထားကြတာကလွဲလို့ ပုံမှန် အခြေအနေနီးပါး ပြန်ရောက်နေကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။

“မနေ့ကစပြီး run ကြတာပေါ့။ ပုံမှန်ဆိုပေမဲ့လည်း နည်းကြတာပေါ့။ အခုမှ အရှိန်ယူတုန်းပဲ၊ ဒီကပို့ကုန်ကတော့ အရင်အတိုင်းပါပဲ။ ရေထွက်ပစ္စည်းတွေ ရှိမယ်၊ ဆန်မှုန့်၊ ပြောင်းမှုန့်၊ ကြက်သွန်တို့၊ ငရုပ်သီးတို့၊ အဲဒါတွေပဲ။ ဟိုဘက်ကတော့ စားသောက်ကုန်ရယ်၊ လူသုံးကုန်ရယ်၊ စိုက်ပျိုးရေးပေါ့ လယ်ယာသုံး ပစ္စည်းတို၊့ ဘာတို့ပေါ့.. အဲဒါတွေ၊ နောက်ဆေးပစ္စည်းရှိမယ်။ လူအဝင်အထွက်တော့ မပေးသေးဘူး။”

နယ္စပ္ကုန္သြယ္ေရးဂိတ္ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ခြာညိဳသစ္သီးပြဲ႐ုံ)
နယ္စပ္ကုန္သြယ္ေရးဂိတ္ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု - ခြာညိဳသစ္သီးပြဲ႐ုံ)

အဓိကပို့ကုန်တခုဖြစ်တဲ့ ပြောင်းစေ့ကတော့ ဖေဖော်ဝါရီလလောက် ထိုင်းနိုင်ငံဘက်က ခွဲတမ်းပေးမှပဲ တင်ပို့ခွင့်ရမယ်လို့ သူကပြောပါတယ်။

မြန်မာအစိုးရ ကိန်းဂဏန်းတွေအရ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ တနိုင်ငံလုံးက နယ်စပ်စခန်း ၁၈ ခုကနေ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၇,၀၀၀ ကျော်တင်ပို့ထားပြီး အပြန်အလှန် ကုန်သွယ်မှုပမာဏကတော့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိပါတယ်။

အစိုးရစာရင်းတွေအရ ၂၀၁၉- ၂၀၂၀ ထဲမှာ ကုန်သွယ်မှု လိုငွေပမာဏ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၁၈- ၂၀၁၉ ထက် များခဲ့တာပါ။ အစိုးရအနေနဲ့ လိုငွေလျော့ကျအောင် လုပ်နေပေမဲ့ ပြည်တွင်းသုံးစွဲမှု တက်လာတာ၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေအတွက် ပြည်ပကနေ ကုန်ကြမ်းပိုပြီး သွင်းလာရတာ ဒီအခြေအနေတွေကြောင့် လက်တွေ့မှာ ခက်ခဲနေသေးတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ထောက်ပြနေတာလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG