(Zawgyi/Unicode)
COVID 19 ကာကြယ္ေဆး ထိုးတာက အစၥလာမ္ ဘာသာေရး က်င့္ဝတ္နဲ႔ ညီမညီနဲ႔ အစၥလာမ္ ဘာသာေရးေအာက္မွာ ခြင့္ျပဳနိုင္ေျခ ရွိ-မရွိ ဆိုတာကို အင္ဒိုနီးရွားနိုင္ငံရဲ႕ မူဆလင္ ဦးေဆာင္ ေကာင္စီက မၾကာမီ ဆုံးျဖတ္သြားဖို႔ စီစဥ္ေနပါတယ္။ ေရွ႕သီတင္း ပတ္မွာ လူအမ်ားအျပားကို တ႐ုတ္လုပ္ ကာကြယ္ေဆး ထိုးေပးမယ့္ အစီအစဥ္ မစတင္ခင္မွာ ဆုံးျဖတ္သြားမွာ ျဖစ္ပါတယ္။
ကမၻာေပၚမွာ မူဆလင္ ဘာသာဝင္ အမ်ားဆုံးနိုင္ငံ ျဖစ္တဲ့ အင္ဒိုနီးရွားနိုင္ငံမွာ ဇန္နဝါရီလ ၁၃ ရက္ေန႔မွာ ကာကြယ္ေဆး စတင္ ထိုးႏွံ ေပးမွာ ျဖစ္ပါတယ္။ အင္ဒိုနီးရွားနိုင္ငံမွာ တ႐ုတ္နိုင္ငံ Sinovac Biotech ကုမၸဏီထုတ္ ကာကြယ္ေဆး ကနဦးစမ္းသပ္စစ္ေဆးမႈေတြ ၿပီးစီးသြားၿပီ ျဖစ္သလို ထိုးေဆး ၃ သန္းကိုလည္း လက္ဝယ္ ရရွိထားပါတယ္။
အခုေလာေလာဆယ္ ကာကြယ္ေဆး အသုံးျပဳနိုင္ေရး အင္ဒိုနီးရွား အစားအစာနဲ႔ ေဆးဝါးဆိုင္ရာ ေအဂ်င္စီရဲ့ အေရးေပၚ ခြင့္ျပဳခ်က္ကို ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။
ပထမထိုးေဆး စထိုးခင္ fatwa အမိန္႔ျပန္တမ္းတစ္ခု ထုတ္ျပန္ဖို႔ ရည္မွန္းထားပါတယ္။ ေလာေလာဆယ္ အစားအစာနဲ႔ ေဆးဝါး ေအဂ်င္စီက ရလဒ္ကို ေစာင့္ဆိုင္းေနပါတယ္။ အဲဒီေနာက္ အမိန္႔ျပန္တမ္း ထုတ္ျပန္မယ့္ ေကာင္စီအတြက္ ေလ့လာ သုံးသပ္ နိုင္ဖို႔ အစီရင္ ခံစာကို ေပးပို႔သြားပါမယ္လို႔ ကမၻာလုံးဆိုင္ရာ ဟာလာ ဗဟိုဌာန ညႊန္ၾကားေရးမႉး Muti Arintawatiက ေျပာပါတယ္။
ကာကြယ္ေဆး ထိုးႏွံတာက အစၥလာမ္ဘာသာရဲ့ က်င့္ဝတ္မူေတြနဲ႔ ကိုက္ညီ မညီ အျငင္းပြားမႈက အရင္ကလည္း အင္ဒိုနီးရွားနိုင္ငံမွာ ျဖစ္ခဲ့ ဖူးပါတယ္။ ၂၀၁၈ ခုႏွစ္ထဲ Indonesian Ulema Council (MUI) က ဝက္သက္ေရာဂါ ကာကြယ္ေဆးထိုးႏွံမႈကို အစၥလာမ္ ဘာသာေရး အရ တားျမစ္ေၾကာင္း အမိန္႔ ထုတ္ျပန္ ေၾကညာခဲ့ဖူးပါတယ္။
အင္ဒိုနီးရွားနိုင္ငံက အေရွ႕ေတာင္ အာရွေဒသမွာ COVID 19 ေရာဂါ ျဖစ္ပြားမႈႏႈန္း အမ်ားဆုံး နိုင္ငံျဖစ္ပါတယ္။ COVID 19 ေၾကာင့္ ျဖစ္ေပၚေနတဲ့ က်န္းမာေရးနဲ႔ စီးပြားေရး အက်ပ္အတည္းေတြကို ကာကြယ္ေဆးနဲ႔ ကုစားနိုင္ဖို႔ အာဏာပိုင္ေတြက ႀကိဳးပမ္း ေနတာ လည္း ျဖစ္ပါတယ္။
............
ကိုဗစ်ကာကွယ်ဆေး အစ္စလာမ်ဥပဒေ နဲ့ ညီ-မညီ အင်ဒိုနီးရှားအစ္စလာမ်ကောင်စီ ဆုံးဖြတ်ဦးမည်
(Unicode)
COVID 19 ကာကွယ်ဆေး ထိုးတာက အစ္စလာမ် ဘာသာရေး ကျင့်ဝတ်နဲ့ ညီမညီနဲ့ အစ္စလာမ် ဘာသာရေးအောက်မှာ ခွင့်ပြုနိုင်ခြေ ရှိ-မရှိ ဆိုတာကို အင်ဒိုနီးရှားနိုင်ငံရဲ့ မူဆလင် ဦးဆောင် ကောင်စီက မကြာမီ ဆုံးဖြတ်သွားဖို့ စီစဉ်နေပါတယ်။ရှေ့သီတင်း ပတ်မှာ လူအများအပြားကို တရုတ်လုပ် ကာကွယ်ဆေး ထိုးပေးမယ့် အစီအစဉ် မစတင်ခင်မှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မူဆလင် ဘာသာဝင် အများဆုံးနိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကာကွယ်ဆေး စတင် ထိုးနှံ ပေးမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီထုတ် ကာကွယ်ဆေး ကနဦးစမ်းသပ်စစ်ဆေးမှုတွေ ပြီးစီးသွားပြီ ဖြစ်သလို ထိုးဆေး ၃ သန်းကိုလည်း လက်ဝယ် ရရှိထားပါတယ်။
အခုလောလောဆယ် ကာကွယ်ဆေး အသုံးပြုနိုင်ရေးအင်ဒိုနီးရှား အစားအစာနဲ့ ဆေးဝါးဆိုင်ရာ အေဂျင်စီရဲ့ အရေးပေါ် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။
ပထမထိုးဆေး စထိုးခင် fatwa အမိန့်ပြန်တမ်းတစ်ခု ထုတ်ပြန်ဖို့ ရည်မှန်းထားပါတယ်။ လောလောဆယ် အစားအစာနဲ့ ဆေးဝါး အေဂျင်စီက ရလဒ်ကို စောင့်ဆိုင်းနေပါတယ်။ အဲဒီနောက် အမိန့်ပြန်တမ်း ထုတ်ပြန်မယ့် ကောင်စီအတွက် လေ့လာ သုံးသပ် နိုင်ဖို့ အစီရင် ခံစာကို ပေးပို့သွားပါမယ်လို့ ကမ္ဘာလုံးဆိုင်ရာ ဟာလာ ဗဟိုဌာန ညွှန်ကြားရေးမှူး Muti Arintawatiက ပြောပါတယ်။
ကာကွယ်ဆေး ထိုးနှံတာက အစ္စလာမ်ဘာသာရဲ့ ကျင့်ဝတ်မူတွေနဲ့ ကိုက်ညီ မညီ အငြင်းပွားမှုက အရင်ကလည်း အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ခဲ့ ဖူးပါတယ်။ ၂၀၁၈ ခုနှစ်ထဲ Indonesian Ulema Council (MUI) က ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အစ္စလာမ် ဘာသာရေး အရ တားမြစ်ကြောင်း အမိန့် ထုတ်ပြန် ကြေညာခဲ့ဖူးပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အရှေ့တောင် အာရှဒေသမှာ COVID 19 ရောဂါ ဖြစ်ပွားမှုနှုန်း အများဆုံး နိုင်ငံဖြစ်ပါတယ်။ COVID 19 ကြောင့် ဖြစ်ပေါ်နေတဲ့ ကျန်းမာရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကို ကာကွယ်ဆေးနဲ့ ကုစားနိုင်ဖို့ အာဏာပိုင်တွေက ကြိုးပမ်း နေတာ လည်း ဖြစ်ပါတယ်။