သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ကြန္ဂရက္လႊတ္ေတာ္ ရုန္းရင္းဆန္ခတ္ျမင္ကြင္း မ်က္ျမင္ေတြ႔သူေတြရဲ႕ ေျပာဆိုခ်က္


လႊတ္ေတာ္အေဆာက္အဦးအျပင္ဘက္မွာ ေတြ႔ရတဲ့ သမၼတ Trump ကို ေထာက္ခံသူတခ်ိဳ႕။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ဗုဒၶဟူးေန႔က သမၼတ Trump ကိုေထာက္ခံသူေထာင္ေပါင္းမ်ားစြာဟာ ဝါရွင္တန္ဒီစီမွာရွိတဲ့ လႊတ္ေတာ္အေဆာက္အအုံကို ဝင္ေရာက္စီးနင္းတဲ့အထိ ျဖစ္ခဲ့တဲ့ ဆႏၵျပပြဲမွာ ကိုယ္တိုင္မ်က္ျမင္ေတြ႕ခဲ့ၾကတဲ့ ျမန္မာႏြယ္ဖြားေတြရဲ႕ အေတြ႕အႀကဳံေတြကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအင္ၾကင္းႏိုင္က စုစည္းတင္ျပေပးမွာပါ။

Joe Biden နဲ႔ Kamala Harris တို႔ကို ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ သမၼတနဲ႔ ဒုသမၼတ အျဖစ္ က်မ္းသစၥာက်ိန္ဆိုဖို႔ မေန႔ ဗုဒၶဟူးေန႔က အေမရိကန္လႊတ္ေတာ္မွာ ပုံမွန္လုပ္႐ိုးလုပ္စဥ္ျဖစ္တဲ့ လႊတ္ေတာ္ႏွစ္ရပ္လုံး အတည္ျပဳေရး ျပဳလုပ္ေနခ်ိန္ ေဒသစံေတာ္ခ်ိန္ ေန႔လည္ပိုင္းမွာ သမၼတ Donald Trump ကိုေထာက္ခံသူေတြဟာ အလံေတြ ေဝွ႔ယမ္း၊ ႀကိဳးေတြ၊ ေရႊ႕ေျပာင္းႏိုင္တဲ့လက္သံုး ေလွကားေတြ အသံုးျပဳၿပီး လႊတ္ေတာ္လုံၿခဳံေရး ရဲေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ေက်ာ္လႊားၿပီး လႊတ္ေတာ္ အေဆာက္အဦးထဲကို စီးနင္းဝင္ေရာက္ခဲ့ၾကပါတယ္။

လူအုပ္ႀကီးဟာ လႊတ္ေတာ္အေဆာက္အအုံထဲ တံခါးေတြကို ရိုက္ခ်ဳိးဖြင့္ၿပီးအတြင္းထဲ ဝင္ေရာက္ဖို႔ႀကိဳးစားေနခ်ိန္ ေသနတ္သံ ၾကားခဲ့ရၿပီး လူအုပ္ထဲက အမ်ိဳးသမီး တဦးေသနတ္ထိမွန္ၿပီး လဲက်သြားတဲ့ ဗြီဒီယိုကို ဆိုရွယ္မီဒီယာေတြမွာ ေတြ႕ျမင္ခဲ့ၾကရပါတယ္။ သက္ဆိုင္ရာ အာဏာပိုင္ေတြကေတာ့ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္လို႔ စုံစမ္းေနဆဲျဖစ္ေၾကာင္း ေျပာဆိုထားသလို အဲဒီ အမ်ိဳးသမီးဟာ ေသနဒဏ္ရာနဲ႔ ေဆး႐ုံေရာက္ခ်ိန္မွာပဲ ေသဆုံးသြားၿပီျဖစ္ေၾကာင္း ေဆး႐ုံတာဝန္ရွိသူေတြဘက္က ေၾကညာခဲ့ပါတယ္။

အခုလိုလႊတ္ေတာ္အေဆာက္အအုံထဲ ဆႏၵျပသမားေတြ ဝင္ေရာက္စီးနင္းခဲ့တာေၾကာင့္ သမၼတေ႐ြးခ်ယ္ေရးအဖြဲ႕ Electoral College က အတည္ျပဳထားတဲ့ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲ ရလဒ္ကို လႊတ္ေတာ္က တရားဝင္အတည္ျပဳေရး က်င္းပေနတဲ့ အစည္းအေဝးကို ႐ုတ္တရက္ ရပ္ဆိုင္းခဲ့ရသလို၊ အစည္းအေဝးခန္းမထဲ ရွိေနတဲ့ ဒီမိုကရက္နဲ႔ ရီပါပလင္ကန္ လႊတ္ေတာ္အမတ္ေတြကို ေဘးလြတ္ရာကို လုံၿခဳံေရးေတြက ေ႐ႊ႕ေျပာင္းေပးခဲ့ရပါတယ္။ အျခားလႊတ္ေတာ္အမတ္ေတြလည္း သက္ဆိုင္ရာ ႐ုံးခန္းေတြကေန အျမန္ဆုံးေဘးလြတ္ရာကို ထြက္ခြာခဲ့ၾကရပါတယ္။ လႊတ္ေတာ္အစည္းအေဝးဟာ နာရီေပါင္း အတန္ၾကာ ရပ္ဆိုင္းခဲ့ရၿပီး၊ လုံၿခဳံေရးတပ္ဖြဲ႕ေတြက အေျခအေနေတြကို ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ ဗုဒၶဟူးေန႔ ညပိုင္းမွာ လႊတ္ေတာ္စည္းေဝးပြဲေတြကို ျပန္လည္စတင္ႏိုင္ခဲ့ပါတယ္။ ဒီလိုက်ဴးေက်ာ္တိုက္ခိုက္မႈေတြၾကားကေန လႊတ္ေတာ္အမတ္ေတြအေနနဲ႔ ေ႐ြးေကာက္ပြဲရလဒ္အတည္ျပဳေရး ဆက္လက္လုပ္ေဆာင္ႏိုင္တာဟာ ကမာၻမွာ အေမရိကန္ရဲ႕ဂုဏ္ကို ျပသႏိုင္တဲ့ သမိုင္းဝင္ျဖစ္ရပ္လို႔ ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပလိုစီက လႊတ္ေတာ္အစည္းအေဝးျပန္ၿပီး စတင္ခ်ိန္မွာ အခုလိုေျပာၾကားခဲ့ပါတယ္။

”ဒါဟာ က်ဴးေက်ာ္တိုက္ခိုက္မႈပဲျဖစ္တယ္။ သူတို႔ေပးခ်င္တဲ့ သတင္းစကားအတြက္ အၾကမ္းဖက္မႈကေန တဆင့္ျပသတဲ့ သူေတြရဲ႕အားနည္းခ်က္ပဲျဖစ္တယ္။ က်မရဲ႕ လုပ္ဖက္ကိုင္ဖက္ေတြအေနနဲ႔ ဆက္ၿပီးေဆာင္ရြက္ဖို႔ အခ်ိန္ေရာက္ပါၿပီ။”

အေမရိကန္တႏိုင္ငံလံုးသာမက တကမၻာလံုးကပါ ေစာင့္ၾကည့္ေနတဲ့ ၀ါရွင္တန္ဒီစီက သမၼတ Trump ကို ေထာက္ခံသူေထာင္ေပါင္းမ်ားစြာရဲ႕ ဆႏၵျပပဲြကို ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရတဲ့ ဆူရွီလုပ္ငန္းရွင္ ကိုငယ္က သူျမင္ခဲ့တဲ့အေျခအေနေတြကို ဗီြအိုေအကို အခုလို ေျပာျပပါတယ္။

ကိုငယ္။ ။ က်ေနာ္ေရာက္သြားတာေတာ့ ညေနပိုင္းေလာက္မွာေပါ့ေနာ္... curfew ေတြ၊ ဘာေတြ ထုတ္တယ္လို႔ ၾကားတယ္။ အဲဒီေနာက္ပိုင္းမွာ က်ေနာ္ေရာက္သြားပါတယ္။ က်ေနာ္ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ရဲေတြကေတာ့ အမ်ားၾကီးပဲ၊ အျပည့္ပဲ။ Capitol Hill ရဲ႕ တဝိုက္မွာ ရဲေတြက အျပည့္နဲ႔ ေနာက္ၿပီးေတာ့ ဆႏၵျပတဲ့သူေတြကို အတြင္းကေနၿပီးေတာ့ ျပန္ၿပီးေတာ့ ေမာင္းထုတ္၊ အျပင္ကို ထုတ္လာတဲ့ ပံုစံမ်ိဳးေတြေတာ့ ေတြ႔ရတယ္။ တခ်ိဳ႕ေတြလည္း ထြက္လာၾကတာ ေတြ႔ရတယ္။ ဒါေပမဲ့ တခ်ိဳ႕တဝက္ကေတာ့ အထဲမွာ ရွိေသးတယ္လို႔ သိရတယ္။

မအင္ၾကင္းႏိုင္။ ။ အခုလို အေမရိကန္ျပည္ေထာင္စု လႊတ္ေတာ္အေဆာက္အအံုထဲကို ဆႏၵျပသူေတြ ခ်ိဳးေဖာက္ၿပီး ၀င္ေရာက္စီးနင္းတဲ့ ျဖစ္ရပ္မ်ဳိး ကိုငယ္တို႔ အေမရိကန္ႏိုင္ငံမွာ ေနတဲ့ ႏွစ္ေတြအတြင္းမွာ ေတြ႕ခဲ့ဘူးလား။

ကိုငယ္။ ။ တခါမွ မေတြ႔ဖူးဘူး ခင္ဗ်။ ဒီႏွစ္ ျဖစ္ရပ္ကေတာ့ တကယ္ေတာ့ အေမရိကန္သမိုင္းမွာ အရမ္းကို အက်ည္းတန္တဲ့ ျဖစ္ရပ္မ်ိဳးလို႔ထင္တယ္။ တခါမွလည္း မၾကံဳဖူးဘူး။ ဒါၾကီးက အင္မတန္ဆိုးရြားတဲ့ ျဖစ္ရပ္ၾကီးပါ။

၀ါရွင္တန္ဒီစီ လႊတ္ေတာ္အေဆာက္အအံုနားမွာ အလုပ္လုပ္တဲ့ ေဒၚခိုင္ခိုင္စိုးကလည္း သူ႔ရဲ႕အေတြ႕အႀကံဳကို အခုလိုေျပာျပပါတယ္။

ေဒၚခိုင္ခိုင္စိုး။ ။ အမက ဒီစီထဲမွာ အလုပ္လုပ္တာကိုး။ Hilton ဟိုတယ္ထဲမွာ ဆိုင္ရွိတယ္ေလ၊ gift shop ဆိုင္ေပါ့ေလ။ အဲဒီမွာလုပ္တာဆိုေတာ့ အမတို႔ ဟိုတယ္မွာ ဆႏၵလာျပတဲ့သူေတြက တည္းၾကတယ္ေလ။ ဆိုင္မွာလည္း သူတို႔လာဝယ္ၾကတယ္ေပါ့ေနာ္။ ေစ်းလာဝယ္ၾကတယ္။ ဆႏၵျပဖို႔အတြက္ကို သူတို႔က ၾကိဳတင္ၿပီးေတာ့ အစီအစဥ္ေတြနဲ႔ လာၾကတာ။

မအင္ၾကင္းႏိုင္။ ။ ဆႏၵျပတဲ့သူေတြက သူတို႔ COVID-19 ေရာဂါနဲ႔ ပတ္သက္လို႔ အေမရိကန္မွာ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာတာေတြ႕ရလား။ ဥပမာ- ႏွာေခါင္းစည္းေတြ တပ္ရမယ္ ဆိုတာမ်ဳိးေပါ့။

ေဒၚခိုင္ခိုင္စိုး။ ။ တခ်ိဳ႕လည္း တပ္တယ္၊ တခ်ိဳ႕ကလည္း မတပ္ဘူး။ မတပ္ၾကဘူး။ ဒါေပမဲ့ ဟိုတယ္မွာ ဝင္လာၿပီဆိုရင္၊ အမတို႔ဆိုရင္ ဆိုင္ထဲ ဝင္လာတာနဲ႔ အမက ေျပာရတယ္၊ သတိေပးရတယ္။ mask တပ္ပါ... အမက ေျပာရတာေပါ့ေနာ္။ ေက်းဇူးျပဳၿပီးေတာ့ mask တပ္ပါဆိုၿပီး သူတို႔ကိုေျပာရတယ္။ အဲဒီေတာ့မွ သူတို႔က ထုတ္ၿပီးတယ္တယ္။

မအင္ၾကင္းႏိုင္။ ။ အမတို႔ ဆိုင္နားတ၀ိုက္မွာေရာ ဆႏၵျပတာေတြ၊ လံုၿခံဳေရးအေျခအေနေတြ ဘယ္လိုရွိလဲ။

ေဒၚခိုင္ခိုင္စိုး။ ။ အမတို႔ ဟိုတယ္ေရွ႕မွာတင္ပဲ... ရဲေတြက လံုျခံဳေရးယူထားၾကတယ္။ ယူထားၿပီးေတာ့ ဒီစီထဲက လမ္းေတြကိုလည္း ေတာ္ေတာ္မ်ားမ်ားပိတ္လိုက္ၿပီ။ သူတို႔က ကားအၾကီးၾကီးေတြနဲ႔ေရာ၊ police ကားေတြနဲ႔ေရာ ဒီစီရဲ႕ down town ကို ေတာ္ေတာ္မ်ားမ်ား အကုန္ပိတ္လိုက္တယ္ လမ္းေတြေတာ္ေတာ္မ်ားမ်ားကို။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ အိမ္ကို ဘယ္လို ျပန္ႏိုင္ခဲ့လဲရွင့္။

ေဒၚခိုင္ခိုင္စိုး။ ။ အမက်ေတာ့ အလုပ္က ၈ နာရီအထိ လုပ္ရမွာေပါ့ေနာ္... ဒီေန႔ schedule က။ ဒါေပမဲ့ အမက အဲဒီအခ်ိန္မွာ ၂ နာရီေက်ာ္ေလာက္မွာ curfew က ထုတ္လိုက္တယ္။ လူေတြက အဲဒီအခ်ိန္မွာ Capitol မွာ ဝိုင္းေနၾကၿပီ။ ေသာင္းက်န္းေနၾကၿပီေပါ့ေနာ္။ ဖုန္းမွာလည္း Alert ျမည္တယ္ေလ။ အမလည္း ေၾကာက္တယ္ေလ။ အမလည္း အခ်ိန္ ၈ နာရီထိ မလုပ္ႏိုင္ေတာ့ဘူး။ အဲဒါနဲ႔ ကုမၸဏီကို လွမ္းၿပီးေတာ့ ေျပာလိုက္တယ္။ ဒီ gift shop ေလးကို ေစာေစာပဲ ပိတ္လိုက္တာေပါ့ေနာ္။ ေစာေစာပဲပိတ္ၿပီးေတာ့ ျမန္ျမန္ျပန္လာလိုက္တာေပါ့ေလ။

သမၼတ Donald Trump ကိုယ္တိုင္ ဆႏၵျပသူေတြကုိ မိန္႔ခြန္းေျပာၾကားၿပီးေနာက္ပိုင္းသူ႔ကိုေထာက္ခံတဲ့သူေတြဟာ လႊတ္ေတာ္ထဲ ၀င္ေရာက္စီးနင္းခဲ့တာျဖစ္ပါတယ္။ ညေနပိုင္းေလာက္မွာေတာ့ ဆႏၵျပပဲြကို အၾကမ္းဖက္ အဓိကရုဏ္းအျဖစ္ ၀ါရွင္တန္ဒီစီ ရဲတပ္ဖဲြ႕အႀကီးအကဲ Robert Contee ကေၾကညာခဲ့ၿပီး ဖမ္းဆီးခံခဲ့ရသူေပါင္း ၁၃ ဦး ထက္မနည္း ရွိေနပါတယ္။ ၀ါရွင္တန္ဒီစီ မွာ ဗုဒၶဟူးေန႔ ညေန ၆ နာရီကေန ၾကာသာပေတးေန႔ နံနက္ ၆ နာရီထိ အျပင္မထြက္ရ အမိန္႔ကိုၿမိဳ႕ေတာ္၀န္ Muriel Bowser ကိုယ္တိုင္ေၾကညာခဲ့သလို၊ D.C. National Guard ျပည္နယ္ လံုၿခံဳေရးအရန္တပ္ဖဲြ႔လည္း အသင့္အေနအထားရွိဖို႔ တာ၀န္ေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန် ကွန်ဂရက်လွှတ်တော် ရုန်းရင်းဆန်ခတ်မြင်ကွင်း မျက်မြင်တွေ့သူတွေရဲ့ ပြောဆိုချက်

အမေရိကန်ပြည်ထောင်စုမှာ ဗုဒ္ဓဟူးနေ့က သမ္မတ Trump ကိုထောက်ခံသူထောင်ပေါင်းများစွာဟာ ဝါရှင်တန်ဒီစီမှာရှိတဲ့ လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ကြတဲ့ မြန်မာနွယ်ဖွားတွေရဲ့ အတွေ့အကြုံတွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအင်ကြင်းနိုင်က စုစည်းတင်ပြပေးမှာပါ။

Joe Biden နဲ့ Kamala Harris တို့ကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတနဲ့ ဒုသမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ မနေ့ ဗုဒ္ဓဟူးနေ့က အမေရိကန်လွှတ်တော်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ လွှတ်တော်နှစ်ရပ်လုံး အတည်ပြုရေး ပြုလုပ်နေချိန် ဒေသစံတော်ချိန် နေ့လည်ပိုင်းမှာ သမ္မတ Donald Trump ကိုထောက်ခံသူတွေဟာ အလံတွေ ဝှေ့ယမ်း၊ ကြိုးတွေ၊ ရွှေ့ပြောင်းနိုင်တဲ့လက်သုံး လှေကားတွေ အသုံးပြုပြီး လွှတ်တော်လုံခြုံရေး ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကျော်လွှားပြီး လွှတ်တော် အဆောက်အဦးထဲကို စီးနင်းဝင်ရောက်ခဲ့ကြပါတယ်။

လူအုပ်ကြီးဟာ လွှတ်တော်အဆောက်အအုံထဲ တံခါးတွေကို ရိုက်ချိုးဖွင့်ပြီးအတွင်းထဲ ဝင်ရောက်ဖို့ကြိုးစားနေချိန် သေနတ်သံ ကြားခဲ့ရပြီး လူအုပ်ထဲက အမျိုးသမီး တဦးသေနတ်ထိမှန်ပြီး လဲကျသွားတဲ့ ဗွီဒီယိုကို ဆိုရှယ်မီဒီယာတွေမှာ တွေ့မြင်ခဲ့ကြရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောဆိုထားသလို အဲဒီ အမျိုးသမီးဟာ သေနဒဏ်ရာနဲ့ ဆေးရုံရောက်ချိန်မှာပဲ သေဆုံးသွားပြီဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူတွေဘက်က ကြေညာခဲ့ပါတယ်။

အခုလိုလွှတ်တော်အဆောက်အအုံထဲ ဆန္ဒပြသမားတွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် သမ္မတရွေးချယ်ရေးအဖွဲ့ Electoral College က အတည်ပြုထားတဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို လွှတ်တော်က တရားဝင်အတည်ပြုရေး ကျင်းပနေတဲ့ အစည်းအဝေးကို ရုတ်တရက် ရပ်ဆိုင်းခဲ့ရသလို၊ အစည်းအဝေးခန်းမထဲ ရှိနေတဲ့ ဒီမိုကရက်နဲ့ ရီပါပလင်ကန် လွှတ်တော်အမတ်တွေကို ဘေးလွတ်ရာကို လုံခြုံရေးတွေက ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အခြားလွှတ်တော်အမတ်တွေလည်း သက်ဆိုင်ရာ ရုံးခန်းတွေကနေ အမြန်ဆုံးဘေးလွတ်ရာကို ထွက်ခွာခဲ့ကြရပါတယ်။ လွှတ်တော်အစည်းအဝေးဟာ နာရီပေါင်း အတန်ကြာ ရပ်ဆိုင်းခဲ့ရပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေတွေကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ လွှတ်တော်စည်းဝေးပွဲတွေကို ပြန်လည်စတင်နိုင်ခဲ့ပါတယ်။ ဒီလိုကျူးကျော်တိုက်ခိုက်မှုတွေကြားကနေ လွှတ်တော်အမတ်တွေအနေနဲ့ ရွေးကောက်ပွဲရလဒ်အတည်ပြုရေး ဆက်လက်လုပ်ဆောင်နိုင်တာဟာ ကမ္ဘာမှာ အမေရိကန်ရဲ့ဂုဏ်ကို ပြသနိုင်တဲ့ သမိုင်းဝင်ဖြစ်ရပ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက လွှတ်တော်အစည်းအဝေးပြန်ပြီး စတင်ချိန်မှာ အခုလိုပြောကြားခဲ့ပါတယ်။

”ဒါဟာ ကျူးကျော်တိုက်ခိုက်မှုပဲဖြစ်တယ်။ သူတို့ပေးချင်တဲ့ သတင်းစကားအတွက် အကြမ်းဖက်မှုကနေ တဆင့်ပြသတဲ့ သူတွေရဲ့အားနည်းချက်ပဲဖြစ်တယ်။ ကျမရဲ့ လုပ်ဖက်ကိုင်ဖက်တွေအနေနဲ့ ဆက်ပြီးဆောင်ရွက်ဖို့ အချိန်ရောက်ပါပြီ။”

အမေရိကန်တနိုင်ငံလုံးသာမက တကမ္ဘာလုံးကပါ စောင့်ကြည့်နေတဲ့ ဝါရှင်တန်ဒီစီက သမ္မတ Trump ကို ထောက်ခံသူထောင်ပေါင်းများစွာရဲ့ ဆန္ဒပြပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဆူရှီလုပ်ငန်းရှင် ကိုငယ်က သူမြင်ခဲ့တဲ့အခြေအနေတွေကို ဗွီအိုအေကို အခုလို ပြောပြပါတယ်။

ကိုငယ်။ ။ ကျနော်ရောက်သွားတာတော့ ညနေပိုင်းလောက်မှာပေါ့နော်... curfew တွေ၊ ဘာတွေ ထုတ်တယ်လို့ ကြားတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်ရောက်သွားပါတယ်။ ကျနော်ရောက်သွားတဲ့အချိန်မှာတော့ ရဲတွေကတော့ အများကြီးပဲ၊ အပြည့်ပဲ။ Capitol Hill ရဲ့ တဝိုက်မှာ ရဲတွေက အပြည့်နဲ့ နောက်ပြီးတော့ ဆန္ဒပြတဲ့သူတွေကို အတွင်းကနေပြီးတော့ ပြန်ပြီးတော့ မောင်းထုတ်၊ အပြင်ကို ထုတ်လာတဲ့ ပုံစံမျိုးတွေတော့ တွေ့ရတယ်။ တချို့တွေလည်း ထွက်လာကြတာ တွေ့ရတယ်။ ဒါပေမဲ့ တချို့တဝက်ကတော့ အထဲမှာ ရှိသေးတယ်လို့ သိရတယ်။

မအင်ကြင်းနိုင်။ ။ အခုလို အမေရိကန်ပြည်ထောင်စု လွှတ်တော်အဆောက်အအုံထဲကို ဆန္ဒပြသူတွေ ချိုးဖောက်ပြီး ဝင်ရောက်စီးနင်းတဲ့ ဖြစ်ရပ်မျိုး ကိုငယ်တို့ အမေရိကန်နိုင်ငံမှာ နေတဲ့ နှစ်တွေအတွင်းမှာ တွေ့ခဲ့ဘူးလား။

ကိုငယ်။ ။ တခါမှ မတွေ့ဖူးဘူး ခင်ဗျ။ ဒီနှစ် ဖြစ်ရပ်ကတော့ တကယ်တော့ အမေရိကန်သမိုင်းမှာ အရမ်းကို အကျည်းတန်တဲ့ ဖြစ်ရပ်မျိုးလို့ထင်တယ်။ တခါမှလည်း မကြုံဖူးဘူး။ ဒါကြီးက အင်မတန်ဆိုးရွားတဲ့ ဖြစ်ရပ်ကြီးပါ။

ဝါရှင်တန်ဒီစီ လွှတ်တော်အဆောက်အအုံနားမှာ အလုပ်လုပ်တဲ့ ဒေါ်ခိုင်ခိုင်စိုးကလည်း သူ့ရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

ဒေါ်ခိုင်ခိုင်စိုး။ ။ အမက ဒီစီထဲမှာ အလုပ်လုပ်တာကိုး။ Hilton ဟိုတယ်ထဲမှာ ဆိုင်ရှိတယ်လေ၊ gift shop ဆိုင်ပေါ့လေ။ အဲဒီမှာလုပ်တာဆိုတော့ အမတို့ ဟိုတယ်မှာ ဆန္ဒလာပြတဲ့သူတွေက တည်းကြတယ်လေ။ ဆိုင်မှာလည်း သူတို့လာဝယ်ကြတယ်ပေါ့နော်။ ဈေးလာဝယ်ကြတယ်။ ဆန္ဒပြဖို့အတွက်ကို သူတို့က ကြိုတင်ပြီးတော့ အစီအစဉ်တွေနဲ့ လာကြတာ။

မအင်ကြင်းနိုင်။ ။ ဆန္ဒပြတဲ့သူတွေက သူတို့ COVID-19 ရောဂါနဲ့ ပတ်သက်လို့ အမေရိကန်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတာတွေ့ရလား။ ဥပမာ- နှာခေါင်းစည်းတွေ တပ်ရမယ် ဆိုတာမျိုးပေါ့။

ဒေါ်ခိုင်ခိုင်စိုး။ ။ တချို့လည်း တပ်တယ်၊ တချို့ကလည်း မတပ်ဘူး။ မတပ်ကြဘူး။ ဒါပေမဲ့ ဟိုတယ်မှာ ဝင်လာပြီဆိုရင်၊ အမတို့ဆိုရင် ဆိုင်ထဲ ဝင်လာတာနဲ့ အမက ပြောရတယ်၊ သတိပေးရတယ်။ mask တပ်ပါ... အမက ပြောရတာပေါ့နော်။ ကျေးဇူးပြုပြီးတော့ mask တပ်ပါဆိုပြီး သူတို့ကိုပြောရတယ်။ အဲဒီတော့မှ သူတို့က ထုတ်ပြီးတယ်တယ်။

မအင်ကြင်းနိုင်။ ။ အမတို့ ဆိုင်နားတဝိုက်မှာရော ဆန္ဒပြတာတွေ၊ လုံခြုံရေးအခြေအနေတွေ ဘယ်လိုရှိလဲ။

ဒေါ်ခိုင်ခိုင်စိုး။ ။ အမတို့ ဟိုတယ်ရှေ့မှာတင်ပဲ... ရဲတွေက လုံခြုံရေးယူထားကြတယ်။ ယူထားပြီးတော့ ဒီစီထဲက လမ်းတွေကိုလည်း တော်တော်များများပိတ်လိုက်ပြီ။ သူတို့က ကားအကြီးကြီးတွေနဲ့ရော၊ police ကားတွေနဲ့ရော ဒီစီရဲ့ down town ကို တော်တော်များများ အကုန်ပိတ်လိုက်တယ် လမ်းတွေတော်တော်များများကို။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ အိမ်ကို ဘယ်လို ပြန်နိုင်ခဲ့လဲရှင့်။

ဒေါ်ခိုင်ခိုင်စိုး။ ။ အမကျတော့ အလုပ်က ၈ နာရီအထိ လုပ်ရမှာပေါ့နော်... ဒီနေ့ schedule က။ ဒါပေမဲ့ အမက အဲဒီအချိန်မှာ ၂ နာရီကျော်လောက်မှာ curfew က ထုတ်လိုက်တယ်။ လူတွေက အဲဒီအချိန်မှာ Capitol မှာ ဝိုင်းနေကြပြီ။ သောင်းကျန်းနေကြပြီပေါ့နော်။ ဖုန်းမှာလည်း Alert မြည်တယ်လေ။ အမလည်း ကြောက်တယ်လေ။ အမလည်း အချိန် ၈ နာရီထိ မလုပ်နိုင်တော့ဘူး။ အဲဒါနဲ့ ကုမ္ပဏီကို လှမ်းပြီးတော့ ပြောလိုက်တယ်။ ဒီ gift shop လေးကို စောစောပဲ ပိတ်လိုက်တာပေါ့နော်။ စောစောပဲပိတ်ပြီးတော့ မြန်မြန်ပြန်လာလိုက်တာပေါ့လေ။

သမ္မတ Donald Trump ကိုယ်တိုင် ဆန္ဒပြသူတွေကို မိန့်ခွန်းပြောကြားပြီးနောက်ပိုင်းသူ့ကိုထောက်ခံတဲ့သူတွေဟာ လွှတ်တော်ထဲ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ ညနေပိုင်းလောက်မှာတော့ ဆန္ဒပြပွဲကို အကြမ်းဖက် အဓိကရုဏ်းအဖြစ် ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့အကြီးအကဲ Robert Contee ကကြေညာခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူပေါင်း ၁၃ ဦး ထက်မနည်း ရှိနေပါတယ်။ ဝါရှင်တန်ဒီစီ မှာ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီကနေ ကြာသာပတေးနေ့ နံနက် ၆ နာရီထိ အပြင်မထွက်ရ အမိန့်ကိုမြို့တော်ဝန် Muriel Bowser ကိုယ်တိုင်ကြေညာခဲ့သလို၊ D.C. National Guard ပြည်နယ် လုံခြုံရေးအရန်တပ်ဖွဲ့ လည်း အသင့်အနေအထားရှိဖို့ တာဝန်ပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG