သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဂျီယာပြည်နယ်အတွက် ကန်အထက်လွှတ်တော်အမတ် ၂ နေရာလုံး ဒီမိုကရက်တွေ ရရှိသွားပြီ


ဂျော်ဂျီယာပြည်အတွက် ကန်အထက်လွှတ်တော်အမတ် နှစ်ဦး Jon Ossoff နှင့် Raphael Warnock
ဂျော်ဂျီယာပြည်အတွက် ကန်အထက်လွှတ်တော်အမတ် နှစ်ဦး Jon Ossoff နှင့် Raphael Warnock

(Zawgyi/Unicode)

ဂျော်ဂျီယာ ပြည်နယ် အမေရိကန် အထက်လွှတ်တော် အမတ် ရွေးကောက်ပွဲမှာ ဒီမိုကရက် ကိုယ်စားလှယ် နောက်တစ်ဦးဖြစ်တဲ့ Jon Ossoff ကို အနိုင်ရသူ အဖြစ် အေပီ သတင်းဌာနက ခန့်မှန်းသတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းကအနိုင်ရတယ်လို့ ကြေညာထားတဲ့ ဒီမိုကရက် ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့Raphael Warnock နဲ့အတူ Jon Ossoff လည်းအနိုင်ရတာကြောင့် ဒီမိုကရက်တစ်ပါတီက အမေရိကန် အထက်လွှတ်တော် ဆီးနိတ်ကို ထိန်းချုပ်နိုင်ဖို့ အခွင့်အရေးရလာမှာဖြစ်ပါတယ်။

ဒီမိုကရက်တွေက အောက်လွှတ်တော်ကိုလည်း လူများစုနဲ့ ထိန်းချုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။

Jon Ossoff က ဂျော်ဂျီယာ ပြည်နယ်က ပထမဆုံး ဂျူးဘာသာဝင် အထက်လွှတ်တော် အမတ်ဖြစ်လာမှာပါ။ အသက် ၃၃ နှစ်သာ ရှိသေးတာ ကြောင့် အထက်လွှတ်တော်မှာ လောလောဆယ် တာဝန်ထမ်းဆောင်မယ့် အသက်အငယ်ဆုံး ဆီးနိတ် အမတ်လည်းဖြစ်လာမှာပါ။

Jon Ossoff က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရာထူး သက်တမ်း ကုန်သွားပြီ ဖြစ်တဲ့ ရစ်ပတ်ဘလင်ကန် အထက်လွှတ်တော် အမတ် David Perdue ကို ပွတ်ကာသီကာနဲ့ ဦးဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အေပီနဲ့ တခြား သတင်းဌာနေတွေက သူ့ကို အနိုင်ရသူအဖြစ် မကြေညာခင် ဗုဒ္ဓဟူးနေ့ အစောပိုင်းကတည်းက Jon Ossoff က သူ့ကိုယ်သူ အနိုင်ရသူ အဖြစ် ကြေညာထားခဲ့တာပါ။ Jon Ossoff က ကွန်ဂရက်မှာ လက်ထောက်အကူအဖြစ် အလုပ်လုပ်ခဲ့ဖူးသလို ရုပ်သံမှတ်တမ်း ထုတ်လုပ်သူအဖြစ်လည်း လုပ်ကိုင်ဖူးပါတယ်။

သူနဲ့ အတူ အနိုင်ရသူ Raphael Warnock ကတော့ ဂျော်ဂျီယာ ပြည်နယ်က ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦး ဖြစ်ပါတယ်။ အမေရိကန် လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် Martin Luther King Jr ကိုးကွယ်တဲ့ ဘုရားကျောင်းမှာ ဝါရင့် သင်းအုပ်ဆရာ တစ်ဦး ဖြစ်ပါတယ်။ Raphael Warnock က ကျွန်စနစ်ကို ထောက်ခံခဲ့တဲ့ အမေရိကန် တောင်ပိုင်း ဂျော်ဂျီယာ ပြည်နယ်ရဲ့ ပထမဦးဆုံး လူမည်း အထက် လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမှာပါ။

.............


(Unicode)








XS
SM
MD
LG