သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ထောက်ခံသူများ မြို့တော်ဒီစီမှာ စုဝေး


အမေရိကန်သမ္မတ Donald Trump ကို ထောက်ခံသူများကို ဝါရှင်တန်ဒီင်္စမြို့တော်မှာ တွေ့ရ။ (ဇန်နဝါရီ ၅၊ ၂၀၂၁)
အမေရိကန်သမ္မတ Donald Trump ကို ထောက်ခံသူများကို ဝါရှင်တန်ဒီင်္စမြို့တော်မှာ တွေ့ရ။ (ဇန်နဝါရီ ၅၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန်သမ္မတ Donald Trump ကို ထောက်ခံသူတွေဟာ ဝါရှင်တန် ဒီစီမြို့တော်မှာ ဒီကနေ့ စုဝေး ချီတက်ပွဲတွေလုပ်ဖို့ စီစဉ်ထားပါတယ်။ နိုဝင်ဘာလရွေးကောက်ပွဲမှာ ရွေးကောက်ခံသမ္မတ Joe Biden အနိုင်ရတာကို အတည်ပြုကြေညာမယ့်အပေါ် သမ္မတထရမ့်ပ်က ကန့်ကွက်ပြောဆိုထားတာကို ထောက်ခံကြောင်း ပြတဲ့အနေနဲ့ အခုလို ချီတက်ပွဲတွေလုပ်ဖို့ စီစဉ်ထားတာပါ။

သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲတွေကို ကွန်ဂရက်လွှတ်တော်မှာ ဒီကနေ့ အတည်ပြု ကြေညာမှာပါ။

သမ္မတအိမ်ဖြူတော် တောင်ဘက်နားလေးမှာလုပ်မယ့် စုဝေးပွဲမှာ သမ္မတထရမ့်ပ်ကိုယ်တိုင် စကားပြောဖို့ရှိပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်ဆိုပြီး အထောက်အထားမဲ့ ပြောဆိုတာတွေကို Twitter မှာ ဆက်ရေးနေဆဲပါ။ စုဝေးချီတက်ပွဲတွေအတွက် ဝါရှင်တန်မြို့တော်ကို ရောက်လာကြသူတွေကို ရည်ညွှန်းပြီး "အပြတ်အသတ်အနိုင်ရတဲ့ ရွေးကောက်ပွဲရလဒ်ကို ခိုးယူတာမျိုး သူတို့တွေ လက်ခံကြမှာမဟုတ်ဘူး။" လို့ အင်္ဂါနေ့ကပဲ Twitter မှာရေးခဲ့ပါသေးတယ်။

အင်္ဂါနေ့ညကလည်း ဝါရှင်တန်မှာ လူရာပေါင်းများစွာ စုဝေးခဲ့ကြပြီး အဲဒီထဲက တချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

လက်နက်ခဲယမ်း ကိုင်ဆောင်မှု၊ ရဲတပ်ဖွဲ့ဝင်ကို ရန်ပြုမှုနဲ့ ကျဉ်စက်သေနတ် stun gun ကိုင်ဆောင်မှုအပါအဝင် စွဲချက်တွေနဲ့ လူခြောက်ယောက်ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သမ္မတ Trump ထောက်ခံသူများ မြို့တော်ဒီစီမှာ စုဝေး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]

သမ်မတ Trump ထောကျခံသူမြား မွို့တောျဒီစီမှာ စုဝေး






XS
SM
MD
LG