သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ထောက်ခံဆန္ဒပြပွဲ အကြို လက်ယာစွန်းလူငယ်ခေါင်းဆောင် ဝါရှန်တန်ရဲ ဖမ်းဆီး


လက်ယာစွန်းအဖွဲ့ ခေါင်းဆောင် Henry "Enrique" Tarrio
လက်ယာစွန်းအဖွဲ့ ခေါင်းဆောင် Henry "Enrique" Tarrio

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ သမ္မတ Donald Trump ကို ထောက်ခံတဲ့ လက်ယာစွန်းအုပ်စုတွေ ဆန္ဒပြပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ အုပ်စုခေါင်းဆောင်ကို ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့က တနင်္လာနေ့က ဖမ်းဆီးလိုက်ပါတယ်။

The Proud Boys လို့ အမည်ပေးထားတဲ့ လက်ယာစွန်းအဖွဲ့ ခေါင်းဆောင် Henry "Enrique" Tarrio ကို ပြီးခဲ့တဲ့လက ဝါရှင်တန်ဒီစီဆန္ဒပြပွဲတွေအတွင်း သမိုင်းဝင် အာဖရိကန်-အမေရိကန် ဘုရားရှစ်ခိုးကျောင်းမှာရှိနေတဲ့ Black Lives Matter ဆိုင်းပုဒ်ကို ဖြိုချ မီးရှို့ခဲ့တဲ့အတွက် ပစ္စည်းဥစ္စာ ဖျက်စီးမှုစွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ကြောင်း ဒီစီခရိုင် ရဲဌာနက ပြောကြားခဲ့ပါတယ်။

ဒါအပြင် အသက် (၃၆)နှစ်အရွယ် Tarrio ကို ရဲတွေဖမ်းဆီးချိန်မှာ ကျည်ဆံအများအပြားထည့်နိုင်တဲ့ စွမ်းရည်မြင့် ကျည်ကပ်တွေကို တွေ့ရှိခဲ့တာကြောင့် လက်နက်ခဲယမ်းကိုင်ဆောင်မှု စွဲချက်လည်း ပါဝင်ပါတယ်။

The Proud Boys အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ပြည်ထောင်စု လွှတ်တော်အဆောက်အအုံရှေ့ စုဝေးကြမယ်လို့ မျှော်လင့်ရပါတယ်။ ရွေးကောက်ပွဲမှာ Biden အနိုင်ရမှုကို လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် Trump ကိုထောက်ခံသူအများအပြားဟာ လွှတ်တော်ရှေ့ ဆန္ဒပြကြဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဒီအတောအတွင်း မနေ့ အင်္ဂါနေ့က စပြီး ဝါရှင်တန်ဒီစီမြို့တော်မှာ Trump ကို ထောက်ခံသူတွေ စတင် ဆန္ဒပြနေကြပြီဖြစ်ပါတယ်။ ရဲတွေဘက်ကတော့ ဆန္ဒပြသူတွေအနေနဲ့ လက်နက်တွေ ယူမလာကြဖို့ သတိပေးထားပါတယ်။

ဝါရှင်တန်ဒီစီမှာ ဗုဒ္ဓဟူးနေ့ ဆန္ဒပြပွဲတွေအတွက်လုံခြုံရေးယူဖို့ တပ်ဖွဲ့ဝင် ၃၀၀ ကူညီပံပိုးဖို့ရှိကြောင်း National Guard ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က သမ္မတ Trump ကနေ သူ့ရဲ့ တွစ်တာကနေ သူ့ကို ထောက်ခံတဲ့ ကြီးမားတဲ့ ဆန္ဒပြပွဲကြီးကို ဇန်နဝါရီလ ၆ ရက် နံနက် ၁၁ နာရီ ဝါရှင်တန်ဒီစီမှာပြုလုပ်ဖို့ရှိကြောင်း ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG