သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ျပန္အေရြးခ်ယ္ခံရ


အေမရိကန္ေအာက္လႊတ္ေတာ္ လက္ရွိဥကၠ႒ Nancy Pelosi။ (ဒီဇင္ဘာ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ေအာက္လႊတ္ေတာ္ လက္ရွိဥကၠ႒ Nancy Pelosi ကို ဥကၠ႒အျဖစ္ ျပန္လည္ေရြးခ်ယ္ခဲ့ၾကပါတယ္။ သူဟာ ၂၀၁၉ ခုႏွစ္ကတည္းက ေအာက္လႊတ္ေတာ္ဥကၠ႒အျဖစ္ ထမ္းေဆာင္ခဲ့သူပါ။ လက္ရွိမွာေတာ့ ေအာက္လႊတ္ေတာ္ထဲမွာ ဒီမိုကရက္ပါတီက အေရအတြက္ ကပ္သာၿပီး အမ်ားစုျဖစ္ေနတာပါ။

အခုလို ဒီမိုကေရစီ ထြန္းကားေရး အေဆာက္အအံုႀကီးထဲမွာ ၁၁၇ ႀကိမ္ေျမာက္ ကြန္ကရက္လႊတ္ေတာ္စတင္ဖို႔ ဒီ အထြဋ္အျမတ္မ႑ိဳင္ႀကီးကို ႀကီးၾကပ္ေပးေရးအတြက္ ထပ္မံေရြးခံရတာကို အထူး ဂုဏ္ယူမိပါတယ္လို႔ မေန႔က ေရြးေကာက္ခံအၿပီးမွာပဲ ေအာက္လႊတ္ေတာ္ ဥကၠ႒ Pelosi ကေျပာခဲ့ပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္ ဒီမိုကရက္အမတ္ Nancy Pelosi ဟာ ၂၀၀၃ ခုႏွစ္ကတည္းက ဒီမိုကရက္ပါတီကို လႊတ္ေတာ္ထဲ ဦးေဆာင္ခဲ့သူျဖစ္ၿပီး လႊတ္ေတာ္ဥကၠ႒အျဖစ္ အေရြးခံရတဲ့ ပထမဆံုး အမ်ိဳးသမီးလည္းျဖစ္ပါတယ္။

လႊတ္ေတာ္ဥကၠ႒အျဖစ္ေရြးခ်ယ္တဲ့ မေန႔က မဲေပးပဲြမွာေတာ့ ဒီမိုကရက္ပါတီအမတ္ ၂ ဦးက အျခား ကိုယ္စားလွယ္တစ္ဦးကိုမဲေပးခဲ့ၿပီး ေနာက္ ဒီမိုကရက္အမတ္ ၃ ေယာက္က ပ်က္ကြက္ခဲ့ခါ တခ်ိဳ႕အမတ္ေတြအေနနဲ႔လည္း ကိုဗစ္ေရာဂါပိုးစစ္ေဆးေတြ႔ရွိထားတာ ဒါမွမဟုတ္ အျခားက်န္းမာေရးျပႆနာေတြေၾကာင့္ မဲလာမေပးႏိုင္ခဲ့ပါဘူး။

တကယ္ေတာ့ ဒီမိုကရက္ပါတီအေနနဲ႔ ႏိုဝင္ဘာေရြးေကာက္ပြဲထဲ လႊတ္ေတာ္ေနရာတခ်ိဳ႕ကို ဆံုရံႈးခဲ့ရတာေၾကာင့္ အခုလႊတ္ေတာ္သစ္မွာ ဒီမိုကရက္အမတ္ ၂၂၂ ဦး ရထားၿပီး ရီပတ္ဘလစ္ကန္ဘက္က ၂၁၁ ဦးရွိခါ သိပ္အသာမရဘဲ စိန္ေခၚမႈေတြ မ်ားလာဖို႔ ရွိေနပါတယ္။

ကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ျပန္အေရြးခ်ယ္ခံရ
please wait

No media source currently available

0:00 0:01:09 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ပြန်အရွေးချယ်ခံရ

အမေရိကန်အောက်လွှတ်တော် လက်ရှိဥက္ကဋ္ဌ Nancy Pelosi ကို ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ကြပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်ကတည်းက အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သူပါ။ လက်ရှိမှာတော့ အောက်လွှတ်တော်ထဲမှာ ဒီမိုကရက်ပါတီက အရေအတွက် ကပ်သာပြီး အများစုဖြစ်နေတာပါ။

အခုလို ဒီမိုကရေစီ ထွန်းကားရေး အဆောက်အအုံကြီးထဲမှာ ၁၁၇ ကြိမ်မြောက် ကွန်ကရက်လွှတ်တော်စတင်ဖို့ ဒီ အထွဋ်အမြတ်မဏ္ဍိုင်ကြီးကို ကြီးကြပ်ပေးရေးအတွက် ထပ်မံရွေးခံရတာကို အထူး ဂုဏ်ယူမိပါတယ်လို့ မနေ့က ရွေးကောက်ခံအပြီးမှာပဲ အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosi ကပြောခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်အမတ် Nancy Pelosi ဟာ ၂၀၀၃ ခုနှစ်ကတည်းက ဒီမိုကရက်ပါတီကို လွှတ်တော်ထဲ ဦးဆောင်ခဲ့သူဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ ပထမဆုံး အမျိုးသမီးလည်းဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးချယ်တဲ့ မနေ့က မဲပေးပွဲမှာတော့ ဒီမိုကရက်ပါတီအမတ် ၂ ဦးက အခြား ကိုယ်စားလှယ်တစ်ဦးကိုမဲပေးခဲ့ပြီး နောက် ဒီမိုကရက်အမတ် ၃ ယောက်က ပျက်ကွက်ခဲ့ခါ တချို့အမတ်တွေအနေနဲ့လည်း ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိထားတာ ဒါမှမဟုတ် အခြားကျန်းမာရေးပြဿနာတွေကြောင့် မဲလာမပေးနိုင်ခဲ့ပါဘူး။

တကယ်တော့ ဒီမိုကရက်ပါတီအနေနဲ့ နိုဝင်ဘာရွေးကောက်ပွဲထဲ လွှတ်တော်နေရာတချို့ကို ဆုံရှုံးခဲ့ရတာကြောင့် အခုလွှတ်တော်သစ်မှာ ဒီမိုကရက်အမတ် ၂၂၂ ဦး ရထားပြီး ရီပတ်ဘလစ်ကန်ဘက်က ၂၁၁ ဦးရှိခါ သိပ်အသာမရဘဲ စိန်ခေါ်မှုတွေ များလာဖို့ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG