သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Joe Biden လက္ထက္ ကန္-အာဆီယံ ဆက္ဆံေရး အလားအလာ


အေမရိကန္ ေရြးေကာက္ခံသမၼတ Joe Biden. (ဒီဇင္ဘာ ၂၂၊ ၂၀၂၀)

(Zawgyi / Unicode)

လူဦးေရသန္းေပါင္း ၆၅၀ ေက်ာ္ရွိတဲ့ အေရွ႔ေတာင္အာရွႏုိင္ငံေတြ အေနနဲ႔ သူတုိ႔အတြက္ အေရးႀကီးတဲ့ ကိစၥရပ္ေတြမွာ အေမရိကန္ေရြးေကာက္ခံသမၼတ Joe Biden က ပါဝင္ေဆာင္ရြက္လာမယ္ဆိုရင္ တ႐ုတ္ႏုိင္ငံကို ေဘးဖယ္ၿပီး အေမရိကန္နဲ႔ ေရရွည္သေဘာတူညီမႈရဖို႔ လုပ္ကိုင္မယ့္ပုံရိွတယ္လို႔ ေဒသတြင္း ေလ့လာေစာင့္ၾကည့္သူေတြက သုံးသပ္ပါတယ္။

ျမန္မာအပါအဝင္ အဖြဲ႔ဝင္ ၁၀ ႏုိင္ငံရွိတဲ့ အေရွ႔ေတာင္အာရွႏုိင္ငံမ်ားအသင္း (ASEAN) နဲ႔ ဆက္ဆံေရး ခိုင္မာအားေကာင္းလာေအာင္ Mr. Biden ဘက္က ဆႏၵရွိလိမ့္မယ္ဆိုတဲ့ ခန္႔မွန္းမႈေတြလည္း ရွိေနတာပါ။ အာဆီယံႏုိင္ငံ ေခါင္းေဆာင္ေတြကလည္း အေမရိကန္ကို အလားအလာေကာင္းတဲ့ ကုန္သြယ္ဘက္ႏုိင္ငံ အျဖစ္ ႐ႈျမင္လာေနၾကတယ္လို႔ သုံးသပ္ေနၾကပါတယ္။ Ralph Jennings ရဲ႕ သတင္းလႊာကို နန္းေလာင္ဝ္ တင္ျပေပးထားပါတယ္။

အာဆီယံအဖြဲ႔ဝင္ ၄ ႏုိင္ငံျဖစ္တဲ့ ဘ႐ူႏုိင္း၊ မေလးရွား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္ႏုိင္ငံနဲ႔ တ႐ုတ္ႏုိင္ငံၾကား ေတာင္တ႐ုတ္ေရျပင္ပိုင္နက္ အျငင္းပြားေနတာျဖစ္ၿပီး ဒီကိစၥမွာ တ႐ုတ္ဘက္က ေဒသအေတာ္မ်ားမ်ား ထိန္းခ်ဳပ္သြားမွာကို အေမရိကန္ဘက္ကလည္း စိုးရိမ္ေနပါတယ္။ အေမရိကန္သမၼတ Donald Trump အစိုးရအဖြဲ႔ကလည္း တ႐ုတ္အိမ္နီးခ်င္း ႏုိင္ငံေတြကို စစ္လက္နက္ေတြနဲ႔ စစ္ေရးသင္တန္းေတြေပးၿပီး ကူညီေနတဲ့အျပင္ အေမရိကန္ ေရတပ္သေဘၤာေတြ ေဒသတြင္း ေစလႊႊတ္ၿပီး သတိေပးေနတာပါ။ ဒါေပမယ့္လည္း သမၼတ Trump လက္ထက္မွာေတာ့ သက္တမ္း ၅၃ ႏွစ္ရွိၿပီျဖစ္တဲ့ အာဆီယံနဲ႔ ဆက္ဆံေရး ေအးစက္သြားတဲ့အတြက္ ေဒသတြင္းႏုိင္ငံေတြကုိ တ႐ုတ္တို႔ လႊမ္းမိုးမႈရေအာင္ လမ္းပြင့္သြားေစတယ္လို႔ New South Wales တကၠသိုလ္ အၿငိမ္းစားပါေမာကၡ Carl Thayer က သုံးသပ္ပါတယ္။

အေရွ႕ေတာင္အာရွႏုိင္ငံေတြရဲ႕ ကပ္ေရာဂါလြန္ကာလ စီးပြားေရး ျပန္လည္ဦးေမာ့လာေစေရးနဲ႔ ဥတုရာသီ ေျပာင္းလဲမႈဆုိင္ရာ ကိစၥရပ္ေတြမွာ တ႐ုတ္က Soft Power စည္း႐ုံးေဖ်ာင္းဖ်တဲ့ အႏုနည္းနဲ႔ ထိုးေဖာက္ဝင္ေရာက္လာတယ္လို႔ ပါေမာကၡ Thayer က ေျပာပါတယ္။ အာဆီယံ အခမ္းအနားေတြမွာ တ႐ုတ္ဘက္က ကိုယ္စားလွယ္ေတြေစလႊတ္ၿပီး အဆိုျပဳ ကမ္းလွမ္းတာေတြ လုပ္လာပါတယ္။

“ႏိုင္ငံတကာအဖဲြ႔အစည္းေတြ အထူးသျဖင့္ အာဆီယံအဖဲြ႔မွာဆိုရင္ တ႐ုတ္ရဲ႕ ၾသဇာအင္အား ဟန္ခ်က္ညီသြားေအာင္ တန္ျပန္ထိန္းညႇိဖို႔ အေမရိကန္ႏုိင္ငံဘက္က အျပည့္အဝ ပါဝင္လာဖို႔ လိုပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ အဲဒီထဲက ႏုိင္ငံတခ်ိဳ ႔ အင္အားခ်ည့္နဲ႔သြားတာမ်ိဳး ျဖစ္လာႏုိင္ပါတယ္။”

အာရွႏုိင္ငံေခါင္းေဆာင္ေတြကို သမၼတ Trump ရဲ႕ ခ်ဥ္းကပ္ပုံက တည္ၿငိမ္မႈမရွိပါဘူး။ အထူးသျဖင့္ မဟာမိတ္ ေတာင္ကိုရီးယားႏုိင္ငံမွာ တပ္စြဲထားတဲ့ အေမရိကန္တပ္ဖြဲ႔ေတြအတြက္ ကုန္က်စရိတ္ကုိ ေတာင္ကိုရီးယားက စိုက္ထုတ္ေပးဖို႔ ၂၀၁၇ ခုႏွစ္ ေတာင္းဆိုခ့ဲတဲ့လုပ္ရပ္ကို ၾကည့္ရင္ သိႏုိင္ပါတယ္လို႔ စင္ကာပူအေျခစိုက္ Centennial Asia Advisors သုေတသနဌာန၊ အမႈေဆာင္ညႊန္ၾကားေရးမွဴး Manu Bhaskaran က ေျပာပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong-un နဲ႔ သမၼတ Trump တို႔ ေတြ႔ဆုံမယ့္ ဆုံးျဖတ္ခ်က္ကိုလည္း ႐ုတ္တရက္ခ်မွတ္လိုက္တာ ျဖစ္တယ္လို႔ Bhaskaran က The Edge Malaysia သတင္းဝက္ဆုိ္က္ရဲ႕ အပတ္စဥ္သုံးသပ္ခ်က္ ေဆာင္းပါးမွာ ႏုိဝင္ဘာ ၁၆ ရက္ေန႔က ေရးသားထားပါတယ္။

အာဆီယံညီလာခံကိုေတာ့ ၂၀၁၇ ခုႏွစ္မွာ သမၼတ Trump ကိုယ္တုိင္ တႀကိမ္သာ တက္ေရာက္ခဲ့ၿပီး ၂၀၁၈ နဲ႔ ၂၀၁၉ ခုႏွစ္မွာေတာ့ ကိုယ္စားလွယ္ေတြကိုပဲ ေစလႊတ္ခဲ့ပါတယ္။ ႏုိင္ငံစုံပါဝင္တဲ့ လြတ္လပ္စြာ ကုန္သြယ္ေရး ကိစၥကိုလည္း သမၼတ Trump က ဝင္ေႏွာင့္ခဲ့သလို ကမၻာ့ကုန္သြယ္ေရးအဖြဲ႔ (WTO) ရဲ႕ ျပ႒ာန္းခ်က္ကို လ်စ္လ်ဴ႐ႈၿပီး တ႐ုတ္ကုန္ပစၥည္းေတြအေပၚ အခြန္တိုးေကာက္ခဲ့တာပါ။ ဒါ့အျပင္ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) ဆီကလည္း သမၼတ Trump အစိုးရ ၂၀၂၀ ခုႏွစ္မွာ ႏုတ္ထြက္ခဲ့ပါတယ္။

ဒီမုိကရက္ပါတီရဲ႕ သံတမန္ေရး လုပ္ေဆာင္ခ်က္ေတြဟာ ႏိုင္ငံတကာ အဖဲြ႔အစည္းေတြနဲ႔ လုပ္ကိုင္တဲ့ သာဓကေတြ ရွိတာေၾကာင့္ ဒီမိုကရက္ ေရြးေကာက္ခံသမၼတ Joe Biden က အဲဒီအဖြဲ႔ေတြထဲ ျပန္ဝင္လိ္မ့္မယ္လို႔ စင္ကာပူတကၠသိုလ္ ျပည္သူ႔မူဝါဒေရးရာဌာန ပါေမာကၡ Eduardo Araral က ခန္႔မွန္းပါတယ္။

“အနည္းဆုံးေတာ့ အာဆီယံအဖြဲ႔နဲ႔ အေမရိကန္တို႔ လက္တြဲလုပ္ကိုင္မယ့္ မူေဘာင္ေတြ ခ်မွတ္ထားပါတယ္။ တႏုိင္ငံတည္းလုပ္မွာေတာ့ မဟုတ္ပါဘူး။ လက္ရွိကာလမွာ ႀကဳံေနရတဲ့ မေသခ်ာ မေရရာမႈွေတြ၊ တခုခုျဖစ္ေတာ့မလားဆိုတဲ့ စိုးရိမ္ပူပန္မႈေတြ ခဏတာ ေပ်ာက္ကြယ္သြားတဲ့အတြက္ စိတ္သက္သာရာ ရေစပါတယ္။ အစိုးရသစ္တရပ္ တက္လာတဲ့အခါ အေမရိကန္-တ႐ုတ္ႏိုင္ငံၾကား အစပ်ိဳးခ်စ္ၾကည္မႈကာလ ရွိတဲ့အတြက္ အာဆီယံႏုိင္ငံေတြအတြက္ေတာ့ အခ်ိန္အနည္းငယ္ စိတ္သက္သာရာ ရေစပါတယ္။”

တ႐ုတ္ႏုိ္င္ငံကို ရင္ဆိုင္ဖို႔ဆိုရင္ အေမရိကန္အေနနဲ႔ အာဆီယံအဖြဲ႔နဲ႔ ဆက္ဆံမႈရွိဖို႔ လိုတယ္လို႔လည္း မနီလာၿမိဳ႕အေျခစိုက္ Asia-Pacific Pathways to Progress Foundation က သုေတသီ Aaron Rabena က ျမင္ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ ေရျပင္ပိုင္နက္ အမ်ားစုကို ထိန္းခ်ဳပ္ႏုိင္ဖို႔ ႀကိဳးပမ္းခ်က္အျဖစ္ တ႐ုတ္ဘက္က ေရတပ္သေဘၤာေတြ ျဖတ္သန္းခုတ္ေမာင္းၿပီး အင္အားျပေနတာကို မေက်နပ္ေပမယ့္ တ႐ုတ္ႏုိ္င္ငံကို ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္မယ့္ ႏုိ္င္ငံအျဖစ္ အေရွ႔ေတာင္အာရွ အစိုးရေတြက ႐ႈျမင္ထားၾကတယ္လို႔လည္း ဆိုပါတယ္။ အာဆီယံအဖြဲ႔ဝင္ႏုိ္င္ငံေတြ ဘယ္ဘက္ကရပ္မလဲဆိုတာ စာခ်ဳပ္စာတမ္းမ်ိဳးေတြ မရွိေပမယ့္လည္း လက္ေတြ႔မွာေတာ့ အဖြဲ႔ဝင္အမ်ားစုက အေမရိကန္ႏုိင္ငံရဲ႕ ဆယ္စုႏွစ္ၾကာ မဟာမိတ္ေတြ ျဖစ္ၾကပါတယ္။

“စီးပြားေရးနဲ႔ပတ္သက္လို႔ အေမရိကန္ဘက္က ဘယ္လိုကမ္းလွမ္းခ်က္မ်ိဳးကိုမဆို အာဆီယံဘက္က လက္ခံဖို႔ အသင့္ရွိေနႏုိင္ပါတယ္။” လို႔ Rabena က သုံးသပ္ပါတယ္။

စားသုံးသူေစ်းကြက္ တုိးတက္လာတဲ့ တ႐ုတ္နဲ႔ အာဆီယံႏုိင္ငံေတြၾကား လြတ္လပ္စြာကုန္သြယ္ေရး သေဘာတူညီမႈကို ၂၀၀၉ ခုႏွစ္္မွာ လက္မွတ္ေရးထိုးထားတာပါ။ အေရွ႔ေတာင္အာရွႏုိင္ငံ အေတာ္မ်ားမ်ားက ေစ်းကြြက္ပိုက်ယ္တဲ့ အေမရိကန္ကို ကုန္ပစၥည္းတင္ပို႔ဖို႔ ပိုလိုလားတာပါ။ ေရြးေကာက္ခံသမၼတ Mr. Biden ကေတာ့ ကၽြမ္းက်င္သူေတြရဲ႕ အႀကံဉာဏ္ကို အေသအခ်ာ နားေထာင္ၿပီး မူဝါဒေတြ ခ်မွတ္မယ့္ပုံရွိသလို အာရွေခါင္းေဆာင္ေတြရဲ႕ အျမင္သေဘာထားေတြကိုလည္း နားေထာင္မယ့္ပုံ ရွိတယ္လို႔လည္း Bhaskaran က ေရးပါတယ္။

စင္ကာပူက ႏုိင္ငံတကာေရးရာဌာန သုေတသီ Ph Ei Sun ကလည္း အေမရိကန္အစိုးရသစ္အေနနဲ႔ အင္ဒို-ပစိဖိတ္ေဒသေရးရာ အပါအဝင္ အျခား မဟာဗ်ဴဟာေတြ ခ်မွတ္တဲ့ေနရာမွာ အာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြနဲ႔ ေရွ႕ဆက္တိုး ဆက္ဆံလာလိမ့္မယ္လို႔လည္း သုံးသပ္ထားပါတယ္။

Joe Biden လက္ထက္ ကန္-အာဆီယံ ဆက္ဆံေရး အလားအလာ
please wait

No media source currently available

0:00 0:05:06 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

Joe Biden လက်ထက် ကန်-အာဆီယံ ဆက်ဆံရေး အလားအလာ

လူဦးရေသန်းပေါင်း ၆၅၀ ကျော်ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ သူတို့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က ပါဝင်ဆောင်ရွက်လာမယ်ဆိုရင် တရုတ်နိုင်ငံကို ဘေးဖယ်ပြီး အမေရိကန်နဲ့ ရေရှည်သဘောတူညီမှုရဖို့ လုပ်ကိုင်မယ့်ပုံရှိတယ်လို့ ဒေသတွင်း လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နဲ့ ဆက်ဆံရေး ခိုင်မာအားကောင်းလာအောင် Mr. Biden ဘက်က ဆန္ဒရှိလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေတာပါ။ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေကလည်း အမေရိကန်ကို အလားအလာကောင်းတဲ့ ကုန်သွယ်ဘက်နိုင်ငံ အဖြစ် ရှုမြင်လာနေကြတယ်လို့ သုံးသပ်နေကြပါတယ်။ Ralph Jennings ရဲ့ သတင်းလွှာကို နန်းလောင်ဝ် တင်ပြပေးထားပါတယ်။

အာဆီယံအဖွဲ့ဝင် ၄ နိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံနဲ့ တရုတ်နိုင်ငံကြား တောင်တရုတ်ရေပြင်ပိုင်နက် အငြင်းပွားနေတာဖြစ်ပြီး ဒီကိစ္စမှာ တရုတ်ဘက်က ဒေသအတော်များများ ထိန်းချုပ်သွားမှာကို အမေရိကန်ဘက်ကလည်း စိုးရိမ်နေပါတယ်။ အမေရိကန်သမ္မတ Donald Trump အစိုးရအဖွဲ့ကလည်း တရုတ်အိမ်နီးချင်း နိုင်ငံတွေကို စစ်လက်နက်တွေနဲ့ စစ်ရေးသင်တန်းတွေပေးပြီး ကူညီနေတဲ့အပြင် အမေရိကန် ရေတပ်သင်္ဘောတွေ ဒေသတွင်း စေလွှွှတ်ပြီး သတိပေးနေတာပါ။ ဒါပေမယ့်လည်း သမ္မတ Trump လက်ထက်မှာတော့ သက်တမ်း ၅၃ နှစ်ရှိပြီဖြစ်တဲ့ အာဆီယံနဲ့ ဆက်ဆံရေး အေးစက်သွားတဲ့အတွက် ဒေသတွင်းနိုင်ငံတွေကို တရုတ်တို့ လွှမ်းမိုးမှုရအောင် လမ်းပွင့်သွားစေတယ်လို့ New South Wales တက္ကသိုလ် အငြိမ်းစားပါမောက္ခ Carl Thayer က သုံးသပ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကပ်ရောဂါလွန်ကာလ စီးပွားရေး ပြန်လည်ဦးမော့လာစေရေးနဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေမှာ တရုတ်က Soft Power စည်းရုံးဖျောင်းဖျတဲ့ အနုနည်းနဲ့ ထိုးဖောက်ဝင်ရောက်လာတယ်လို့ ပါမောက္ခ Thayer က ပြောပါတယ်။ အာဆီယံ အခမ်းအနားတွေမှာ တရုတ်ဘက်က ကိုယ်စားလှယ်တွေစေလွှတ်ပြီး အဆိုပြု ကမ်းလှမ်းတာတွေ လုပ်လာပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေ အထူးသဖြင့် အာဆီယံအဖွဲ့မှာဆိုရင် တရုတ်ရဲ့ သြဇာအင်အား ဟန်ချက်ညီသွားအောင် တန်ပြန်ထိန်းညှိဖို့ အမေရိကန်နိုင်ငံဘက်က အပြည့်အဝ ပါဝင်လာဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ အဲဒီထဲက နိုင်ငံတချို့ အင်အားချည့်နဲ့သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။”

အာရှနိုင်ငံခေါင်းဆောင်တွေကို သမ္မတ Trump ရဲ့ ချဉ်းကပ်ပုံက တည်ငြိမ်မှုမရှိပါဘူး။ အထူးသဖြင့် မဟာမိတ် တောင်ကိုရီးယားနိုင်ငံမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေအတွက် ကုန်ကျစရိတ်ကို တောင်ကိုရီးယားက စိုက်ထုတ်ပေးဖို့ ၂၀၁၇ ခုနှစ် တောင်းဆိုခဲ့တဲ့လုပ်ရပ်ကို ကြည့်ရင် သိနိုင်ပါတယ်လို့ စင်ကာပူအခြေစိုက် Centennial Asia Advisors သုတေသနဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူး Manu Bhaskaran က ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နဲ့ သမ္မတ Trump တို့ တွေ့ဆုံမယ့် ဆုံးဖြတ်ချက်ကိုလည်း ရုတ်တရက်ချမှတ်လိုက်တာ ဖြစ်တယ်လို့ Bhaskaran က The Edge Malaysia သတင်းဝက်ဆိုက်ရဲ့ အပတ်စဉ်သုံးသပ်ချက် ဆောင်းပါးမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ရေးသားထားပါတယ်။

အာဆီယံညီလာခံကိုတော့ ၂၀၁၇ ခုနှစ်မှာ သမ္မတ Trump ကိုယ်တိုင် တကြိမ်သာ တက်ရောက်ခဲ့ပြီး ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်မှာတော့ ကိုယ်စားလှယ်တွေကိုပဲ စေလွှတ်ခဲ့ပါတယ်။ နိုင်ငံစုံပါဝင်တဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး ကိစ္စကိုလည်း သမ္မတ Trump က ဝင်နှောင့်ခဲ့သလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ ပြဋ္ဌာန်းချက်ကို လျစ်လျူရှုပြီး တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးကောက်ခဲ့တာပါ။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဆီကလည်း သမ္မတ Trump အစိုးရ ၂၀၂၀ ခုနှစ်မှာ နုတ်ထွက်ခဲ့ပါတယ်။

ဒီမိုကရက်ပါတီရဲ့ သံတမန်ရေး လုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လုပ်ကိုင်တဲ့ သာဓကတွေ ရှိတာကြောင့် ဒီမိုကရက် ရွေးကောက်ခံသမ္မတ Joe Biden က အဲဒီအဖွဲ့တွေထဲ ပြန်ဝင်လိမ့်မယ်လို့ စင်ကာပူတက္ကသိုလ် ပြည်သူ့မူဝါဒရေးရာဌာန ပါမောက္ခ Eduardo Araral က ခန့်မှန်းပါတယ်။

“အနည်းဆုံးတော့ အာဆီယံအဖွဲ့နဲ့ အမေရိကန်တို့ လက်တွဲလုပ်ကိုင်မယ့် မူဘောင်တွေ ချမှတ်ထားပါတယ်။ တနိုင်ငံတည်းလုပ်မှာတော့ မဟုတ်ပါဘူး။ လက်ရှိကာလမှာ ကြုံနေရတဲ့ မသေချာ မရေရာမှုှတွေ၊ တခုခုဖြစ်တော့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ခဏတာ ပျောက်ကွယ်သွားတဲ့အတွက် စိတ်သက်သာရာ ရစေပါတယ်။ အစိုးရသစ်တရပ် တက်လာတဲ့အခါ အမေရိကန်-တရုတ်နိုင်ငံကြား အစပျိုးချစ်ကြည်မှုကာလ ရှိတဲ့အတွက် အာဆီယံနိုင်ငံတွေအတွက်တော့ အချိန်အနည်းငယ် စိတ်သက်သာရာ ရစေပါတယ်။”

တရုတ်နိုင်ငံကို ရင်ဆိုင်ဖို့ဆိုရင် အမေရိကန်အနေနဲ့ အာဆီယံအဖွဲ့နဲ့ ဆက်ဆံမှုရှိဖို့ လိုတယ်လို့လည်း မနီလာမြို့အခြေစိုက် Asia-Pacific Pathways to Progress Foundation က သုတေသီ Aaron Rabena က မြင်ပါတယ်။ တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက် အများစုကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းချက်အဖြစ် တရုတ်ဘက်က ရေတပ်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းပြီး အင်အားပြနေတာကို မကျေနပ်ပေမယ့် တရုတ်နိုင်ငံကို ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် နိုင်ငံအဖြစ် အရှေ့တောင်အာရှ အစိုးရတွေက ရှုမြင်ထားကြတယ်လို့လည်း ဆိုပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဘယ်ဘက်ကရပ်မလဲဆိုတာ စာချုပ်စာတမ်းမျိုးတွေ မရှိပေမယ့်လည်း လက်တွေ့မှာတော့ အဖွဲ့ဝင်အများစုက အမေရိကန်နိုင်ငံရဲ့ ဆယ်စုနှစ်ကြာ မဟာမိတ်တွေ ဖြစ်ကြပါတယ်။

“စီးပွားရေးနဲ့ပတ်သက်လို့ အမေရိကန်ဘက်က ဘယ်လိုကမ်းလှမ်းချက်မျိုးကိုမဆို အာဆီယံဘက်က လက်ခံဖို့ အသင့်ရှိနေနိုင်ပါတယ်။” လို့ Rabena က သုံးသပ်ပါတယ်။

စားသုံးသူဈေးကွက် တိုးတက်လာတဲ့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုကို ၂၀၀၉ ခုနှစ်မှာ လက်မှတ်ရေးထိုးထားတာပါ။ အရှေ့တောင်အာရှနိုင်ငံ အတော်များများက ဈေးကွက်ပိုကျယ်တဲ့ အမေရိကန်ကို ကုန်ပစ္စည်းတင်ပို့ဖို့ ပိုလိုလားတာပါ။ ရွေးကောက်ခံသမ္မတ Mr. Biden ကတော့ ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကို အသေအချာ နားထောင်ပြီး မူဝါဒတွေ ချမှတ်မယ့်ပုံရှိသလို အာရှခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေကိုလည်း နားထောင်မယ့်ပုံ ရှိတယ်လို့လည်း Bhaskaran က ရေးပါတယ်။

စင်ကာပူက နိုင်ငံတကာရေးရာဌာန သုတေသီ Ph Ei Sun ကလည်း အမေရိကန်အစိုးရသစ်အနေနဲ့ အင်ဒို-ပစိဖိတ်ဒေသရေးရာ အပါအဝင် အခြား မဟာဗျူဟာတွေ ချမှတ်တဲ့နေရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ရှေ့ဆက်တိုး ဆက်ဆံလာလိမ့်မယ်လို့လည်း သုံးသပ်ထားပါတယ်။

XS
SM
MD
LG