သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဝါရွင္တန္ဒီစီ လံုျခံဳေရးတိုးျမွင့္ထား


ၿမိဳ႕ေတာ္ Washington DC အိမ္ျဖဴေတာ္နားမွာ ေတြ႔ရတဲ့ National Guard ျပည္နယ္လံုျခံဳေရးတပ္သားမ်ား။ (ဇြန္ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုရဲ႕ ၿမိဳ႕ေတာ္ဝါရွင္တန္ဒီစီမွာေတာ့ လာမယ့္ ဗုဒၶဟူးေန႔ အေမရိကန္လႊတ္ေတာ္မွာ ေရြးေကာက္ခံသမၼတ Joe Biden ရဲ႕ ေရြးေကာက္ပြဲအႏိုင္ရမႈကို မဲခြဲဆံုးျဖတ္ၾကမယ့္အေရး လက္ရွိသမၼတ Donald Trump ကို ေထာက္ခံသူေတြ ဆႏၵျပဖို႔ စုေဝးေရာက္ရွိလာမွာျဖစ္တဲ့အတြက္ ၿမိဳ႕ေတာ္ဝါရွင္တန္ဒီစီတခုလံုးကို National Guard ျပည္နယ္လံုျခံဳေရးတပ္ေတြနဲ႔ လံုျခံဳေရးတိုးျမႇင့္ခ်ထားပါတယ္။ မဲမသမာမႈေတြ ရွိခဲ့တယ္လို႔ အၾကီးအက်ယ္ ကန္႔ကြက္ထားတဲ့ သမၼတထရမ့္ကို ေထာက္ခံသူေတြဟာ ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာ ဒီကေန႔ အဂၤါေန႔နဲ႔ ဗုဒၶဟူးေန႔ ၂ ရက္ ခ်ီတက္ဆႏၵျပၾကဖို ႔စီစဥ္ထားတာပါ။ အေမရိကန္ကာကြယ္ေရးဆိုင္ရာ တာဝန္ရွိသူတဦးကေတာ့ ဝါရွင္တန္ဒီစီရဲ႕ ျပည္နယ္လံုျခံဳေရးတပ္ေတြဟာ ဒီသီတင္းပတ္ထဲ ျဖစ္ေပၚလာႏုိင္ေျခရွိတဲ့ ဆႏၵျပမႈေတြနဲ႔ ပတ္သက္လို႔ လံုျခံဳေရးပိုင္းဆိုင္ရာကူညီဖို႔ပဲျဖစ္ၿပီး လက္နက္ကိုင္ေဆာင္တာ၊ လံုျခံဳေရးသံခ်ပ္ကာေတြ ဝတ္ဆင္တာမ်ိဳးလုပ္မွာ မဟုတ္ဘဲ ယာဥ္အသြားအလာေတြ မပိတ္ဆို႔ေအာင္နဲ႔ တျခားလိုအပ္တာကိုပဲ ကူညီေဆာင္ရြက္ေပးၾကမွာပါလို႔ ဆိုပါတယ္။

ဝါရွင္တန္ဒီစီရဲ႕ ယာယီရဲအရာရွိခ်ဳပ္ Robert Contee ကေတာ့ ဝါရွင္တန္ဒီစီကို ခ်ီတက္လာၾကမယ့္ သူေတြဟာ လက္နက္ေတြကိုင္ေဆာင္လာႏုိင္တယ္လို႔ တနလၤာေန႔က ေျပာဆိုထားပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာတုန္းက ရာခ်ီတဲ့ ထရမ့္ေထာက္ခံသူေတြျဖစ္တဲ့ အနက္ေရာင္နဲ႔ အဝါေရာင္အမွတ္တံဆိပ္ေတြ ဝတ္ဆင္ထားတဲ့ Proud Boysအဖြဲ႔က အိမ္ျဖဴေတာ္အနီးတဝိုက္မွာရွိတဲ့ Black Lives Matter Plaza အနီး ဘားစားေသာက္ဆုိင္နားမွာ ၿမိဳ႕ခံလႈပ္ရွားသူေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ အၾကမ္းဖက္မႈေတြျဖစ္ခဲံပါတယ္။

မေန႔တနလၤာေန႔တုန္းက ဆႏၵျပဖို႔ ဒီစီကိုေရာက္လာတဲ့ အသက္ ၃၆ႏွစ္အရြယ္ Proud Boys အဖြဲ႔ေခါင္းေဆာင္ Henry "Enrique" Tarrio ကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက သမိုင္းဝင္လူမည္းဘုရားရွိခိုးေက်ာင္းမွာ ခ်ိတ္ဆဲြထားတဲ့-Black Lives Matter banner ဆိုင္းဘုတ္ကို မီးရိႈ႕ဖ်က္ဆီးမႈနဲ႔ ဝါရွင္တန္ဒီစီရဲအရာရွိေတြက ဖမ္းဆီးခဲ့ပါတယ္။ ဖမ္းဆီးခ်ိန္ သူ႔ဆီမွာ က်ည္ဆံအမ်ားအျပားထည့္လို႔ရတဲ့ က်ည္ကပ္ႏွစ္ခုပါ ေတြ႔ရွိတာေၾကာင့္ လက္နက္ခဲယမ္းကိုင္ေဆာင္မႈနဲ႔ပါ တရားစြဲဆို အမႈဖြင့္အေရးယူသြားဖို႔ ရွိေနတယ္လို႔ ရဲလံုျခံဳေရးေျပာခြင့္ရကေျပာပါတယ္။

သမၼတထရမ့္ကေတာ့ ဒီသီတင္းပတ္ထဲ ျဖစ္ပြားမယ့္ ဆႏၵျပလႈပ္ရွားမႈေတြမွာ သူကိုယ္တိုင္ ပါဝင္ဆင္ႏႊဲႏိုင္တယ္လို႔ အရိပ္အျမြက္ေျပာတဲ့အေနနဲ႔- “ဒီသမိုင္းဝင္ေန႔မွာ သူ ရွိေနမွာ” လို႔ သူ႔ရဲ႕ တြစ္တာလူမႈကြန္ရက္ကေန ထပ္ေျပာဆိုထားပါတယ္။

ဝါရွင္တန္ဒီစီ လံုျခံဳေရးတိုးျမွင့္ထား
please wait

No media source currently available

0:00 0:01:43 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဝါရှင်တန်ဒီစီ လုံခြုံရေးတိုးမြှင့်ထား

အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ဝါရှင်တန်ဒီစီမှာတော့ လာမယ့် ဗုဒ္ဓဟူးနေ့ အမေရိကန်လွှတ်တော်မှာ ရွေးကောက်ခံသမ္မတ Joe Biden ရဲ့ ရွေးကောက်ပွဲအနိုင်ရမှုကို မဲခွဲဆုံးဖြတ်ကြမယ့်အရေး လက်ရှိသမ္မတ Donald Trump ကို ထောက်ခံသူတွေ ဆန္ဒပြဖို့ စုဝေးရောက်ရှိလာမှာဖြစ်တဲ့အတွက် မြို့တော်ဝါရှင်တန်ဒီစီတခုလုံးကို National Guard ပြည်နယ်လုံခြုံရေးတပ်တွေနဲ့ လုံခြုံရေးတိုးမြှင့်ချထားပါတယ်။ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ အကြီးအကျယ် ကန့်ကွက်ထားတဲ့ သမ္မတထရမ့်ကို ထောက်ခံသူတွေဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ ဒီကနေ့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ ၂ ရက် ချီတက်ဆန္ဒပြကြဖို့စီစဉ်ထားတာပါ။ အမေရိကန်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတဦးကတော့ ဝါရှင်တန်ဒီစီရဲ့ ပြည်နယ်လုံခြုံရေးတပ်တွေဟာ ဒီသီတင်းပတ်ထဲ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ လုံခြုံရေးပိုင်းဆိုင်ရာကူညီဖို့ပဲဖြစ်ပြီး လက်နက်ကိုင်ဆောင်တာ၊ လုံခြုံရေးသံချပ်ကာတွေ ဝတ်ဆင်တာမျိုးလုပ်မှာ မဟုတ်ဘဲ ယာဉ်အသွားအလာတွေ မပိတ်ဆို့အောင်နဲ့ တခြားလိုအပ်တာကိုပဲ ကူညီဆောင်ရွက်ပေးကြမှာပါလို့ ဆိုပါတယ်။

ဝါရှင်တန်ဒီစီရဲ့ ယာယီရဲအရာရှိချုပ် Robert Contee ကတော့ ဝါရှင်တန်ဒီစီကို ချီတက်လာကြမယ့် သူတွေဟာ လက်နက်တွေကိုင်ဆောင်လာနိုင်တယ်လို့ တနင်္လာနေ့က ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ရာချီတဲ့ ထရမ့်ထောက်ခံသူတွေဖြစ်တဲ့ အနက်ရောင်နဲ့ အဝါရောင်အမှတ်တံဆိပ်တွေ ဝတ်ဆင်ထားတဲ့ Proud Boysအဖွဲ့က အိမ်ဖြူတော်အနီးတဝိုက်မှာရှိတဲ့ Black Lives Matter Plaza အနီး ဘားစားသောက်ဆိုင်နားမှာ မြို့ခံလှုပ်ရှားသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်မှုတွေဖြစ်ခဲံပါတယ်။

မနေ့တနင်္လာနေ့တုန်းက ဆန္ဒပြဖို့ ဒီစီကိုရောက်လာတဲ့ အသက် ၃၆နှစ်အရွယ် Proud Boys အဖွဲ့ခေါင်းဆောင် Henry "Enrique" Tarrio ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သမိုင်းဝင်လူမည်းဘုရားရှိခိုးကျောင်းမှာ ချိတ်ဆွဲထားတဲ့-Black Lives Matter banner ဆိုင်းဘုတ်ကို မီးရှို့ဖျက်ဆီးမှုနဲ့ ဝါရှင်တန်ဒီစီရဲအရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးချိန် သူ့ဆီမှာ ကျည်ဆံအများအပြားထည့်လို့ရတဲ့ ကျည်ကပ်နှစ်ခုပါ တွေ့ရှိတာကြောင့် လက်နက်ခဲယမ်းကိုင်ဆောင်မှုနဲ့ပါ တရားစွဲဆို အမှုဖွင့်အရေးယူသွားဖို့ ရှိနေတယ်လို့ ရဲလုံခြုံရေးပြောခွင့်ရကပြောပါတယ်။

သမ္မတထရမ့်ကတော့ ဒီသီတင်းပတ်ထဲ ဖြစ်ပွားမယ့် ဆန္ဒပြလှုပ်ရှားမှုတွေမှာ သူကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်တယ်လို့ အရိပ်အမြွက်ပြောတဲ့အနေနဲ့- “ဒီသမိုင်းဝင်နေ့မှာ သူ ရှိနေမှာ” လို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ကနေ ထပ်ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG