[Zawgyi/Unicode]
အခုလို သမၼတ Donald Trump ဘက္က ေရြးေကာက္ပြဲ ရလဒ္ကို တင္းခံေနခ်ိန္မွာ၊ အသက္ထင္ရွားရွိဆဲ အေမရိကန္ကာကြယ္ေရးဝန္ႀကီးေဟာင္း ၁၀ ဦးလံုးက ဒီႏိုဝင္ဘာေရြးေကာက္ပြဲရလဒ္ကို ေျပာင္းႏိုင္ေရး စစ္တပ္ကို အသံုးမခ်ဖို႔ ျပင္းျပင္းထန္ထန္ သတိေပးလိုက္ပါတယ္။
သမၼတ Trump ရဲ့ ရီပတ္ဘလစ္ကင္ပါတီေရာ၊ အတိုက္အခံ ဒီမိုကရက္ပါတီကပါ ပါဝင္တဲ့၊ လက္ရွိသက္ရွိထင္ရွား ဒီ ကာကြယ္ေရးဝန္ႀကီးေဟာင္းေတြက အခုလိုသတိေပးတာကို၊ မေန႔က ဝါရွင္တန္ပို႔စ္ သတင္းစာ ေဆာင္းပါးထဲမွာ သူတို႔နာမည္ေတြနဲ႔ ေဖာ္ျပခဲ့တာပါ။
ဒီေဆာင္းပါးထဲမွာ ကာကြယ္ေရးဝန္ႀကီးေဟာင္း ၁၀ ဦးက ေရြးေကာက္ပြဲရလဒ္အေပၚ ေမးခြန္းထုတ္ရမဲ့ အခ်ိန္ကေက်ာ္လြန္ခဲ့ပါၿပီလို႔ ေထာက္ျပခဲ့ပါတယ္။
ဒါ့အျပင္ ေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈေတြထဲ စစ္တပ္ကို ဆြဲသြင္းဖို႔ႀကိဳးပမ္းတာေၾကာင့္ တိုင္းျပည္ကုိ အႏၱရာယ္ႀကီးၿပီး ဥပေဒခ်ိဳးေဖာက္ ဖြဲ႔စည္းပံုနဲ႔ မညီတဲ့အျဖစ္ ေရာက္သြားေစႏိုင္တယ္လို႔ ျဖစ္သြားလိမ့္မယ္လို႔ ျပင္းျပင္းထန္ထန္ သတိေပးလိုက္ပါတယ္။
ဒီစာထဲမွာ သမၼတ Trump နာမည္ကို အတိအက်ထည့္မေျပာခဲ့ေပမဲ့၊ သမၼတ Trump နဲ႔ သူ႔အေပါင္းပါေတြဘက္က၊ ဒီသမၼတေရြးေကာက္ပြဲရလဒ္ဟာ မဲမသမာမႈေတြေၾကာင့္ျဖစ္ခဲ့တာလို႔ မွားယြင္းစြပ္စဲြေနတာကို ရည္ညႊန္းထားတဲ့သေဘာ ရွိပါတယ္။
[Unicode Version]
နိုင်ငံရေးထဲ စစ်တပ်ကို အသုံးမချဖို့ ကန်ကာကွယ်ရေးဝန်ကြီးဟောင်းတွေ သတိပေး
အခုလို သမ္မတ Donald Trump ဘက်က ရွေးကောက်ပွဲ ရလဒ်ကို တင်းခံနေချိန်မှာ၊ အသက်ထင်ရှားရှိဆဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း ၁၀ ဦးလုံးက ဒီနိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို ပြောင်းနိုင်ရေး စစ်တပ်ကို အသုံးမချဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
သမ္မတ Trump ရဲ့ ရီပတ်ဘလစ်ကင်ပါတီရော၊ အတိုက်အခံ ဒီမိုကရက်ပါတီကပါ ပါဝင်တဲ့၊ လက်ရှိသက်ရှိထင်ရှား ဒီ ကာကွယ်ရေးဝန်ကြီးဟောင်းတွေက အခုလိုသတိပေးတာကို၊ မနေ့က ဝါရှင်တန်ပို့စ် သတင်းစာ ဆောင်းပါးထဲမှာ သူတို့နာမည်တွေနဲ့ ဖော်ပြခဲ့တာပါ။
ဒီဆောင်းပါးထဲမှာ ကာကွယ်ရေးဝန်ကြီးဟောင်း ၁၀ ဦးက ရွေးကောက်ပွဲရလဒ်အပေါ် မေးခွန်းထုတ်ရမဲ့ အချိန်ကကျော်လွန်ခဲ့ပါပြီလို့ ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေထဲ စစ်တပ်ကို ဆွဲသွင်းဖို့ကြိုးပမ်းတာကြောင့် တိုင်းပြည်ကို အန္တရာယ်ကြီးပြီး ဥပဒေချိုးဖောက် ဖွဲ့စည်းပုံနဲ့ မညီတဲ့အဖြစ် ရောက်သွားစေနိုင်တယ်လို့ ဖြစ်သွားလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
ဒီစာထဲမှာ သမ္မတ Trump နာမည်ကို အတိအကျထည့်မပြောခဲ့ပေမဲ့၊ သမ္မတ Trump နဲ့ သူ့အပေါင်းပါတွေဘက်က၊ ဒီသမ္မတရွေးကောက်ပွဲရလဒ်ဟာ မဲမသမာမှုတွေကြောင့်ဖြစ်ခဲ့တာလို့ မှားယွင်းစွပ်စွဲနေတာကို ရည်ညွှန်းထားတဲ့သဘော ရှိပါတယ်။