သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြရလဒ္ေျပာင္းေရး ေဂ်ာ္ဂ်ီယာျပည္နယ္အရာရွိကို သမၼတ Trump တိုက္တြန္းခဲ့


သမၼတ Donald Trump။

[Zawgyi/Unicode]

အေမရိကန္သမၼတ Donald Trump က ၿပီးခဲ့တဲ့ေရြးေကာက္ပြဲတုန္းက Georgia ျပည္နယ္မွာ သူရံႈးနိမ္႔ခဲ့တာကို ျပန္ေျပာင္းႏိုင္ဖို႔ ျပည္နယ္အရာရွိေတြကို ေတာင္းဆိုခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံေတာင္ပိုင္းက ဒီ Georgia ျပည္နယ္ ေရြးေကာက္ပြဲအရာရွိေတြထံကို သမၼတ Trump က စေနေန႔က ထူးထူးျခားျခား ဖုန္းေခၚၿပီး၊ အဲဒီျပည္နယ္မွာ ေရြးေကာက္ခံသမၼတ Joe Biden အႏိုင္ရမႈကို ျပန္ေျပာင္းၿပီး သူအႏိုင္ရႏိုင္ဖို႔ မဲေတြ ရွာေဖြေပးဖို႔ ေတာင္းဆိုခဲ့တာပါ။

“က်ေနာ္ လုပ္ခ်င္တာအဓိကက ဒီလိုပါ။ မဲအေရအတြက္ ၁၁,၇၈၀ ကို ရွာေပးေစခ်င္တာပါ၊ တမဲပဲ သာမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီျပည္နယ္မွာ က်ေနာ္တို႔ ႏိုင္ခဲ့လို႔ပါ။” လို႔ ေျပာသြားတာပါ။

Georgia ျပည္နယ္ရဲ႕ ေရြးေကာက္ပြဲဆိုင္ရာ အဆင့္ျမင့္ဆံုးအရာရွိ၊ ရီပတ္ဘလစ္ကန္ ျပည္နယ္အတြင္းဝန္ Brad Raffensperger ကို သမၼတက ခုလိုေျပာခဲ့တဲ့ အသံဖိုင္ကို Washington Post သတင္းစာႀကီးက ရခဲ့ၿပီး၊ မေန႔ေန႔လယ္က သတင္းထုတ္ခဲ့တာပါ။

တစ္နာရီၾကာတဲ့ ဒီဖုန္းေခၚဆိုမႈထဲမွာ သမၼတ Trump အေနနဲ႔၊ အတြင္းဝန္ Raffensperger ကို ျပင္းျပင္းထန္ထန္တိုက္ခိုက္ေျပာဆိုတာ တခ်ိဳ႕ ရွိခဲ့သလို၊ အတြင္း၀န္ Raffensperger နဲ႔ သူ႕ေရွ႕ေန Ryan Germany တို႔ဘက္က လိုက္ေလ်ာလာေအာင္လည္း အပိုေတြ ခ်ီးေျမွာက္ေျပာဆိုခဲ့တာေတြလည္း ပါခဲ႔ပါတယ္။

တနဂၤေႏြေန႔တုန္းက သမၼတ Trump က သူ႕ တြစ္တာအေကာင့္ကေန သူ႔အေနနဲ႔ျပည္နယ္အတြင္းဝန္ Brad Raffensperger ကို Georgia ျပည္နယ္တြင္းက မဲမသာမႈေတြနဲ႔ ပတ္သက္လို႔ စကားေျပာခဲ့ပါတယ္။ ဒါေပမဲ့ မဲမသာမႈေတြနဲ႔ ပတ္သက္လို႔ သူေမးတာေတြကို ျပည္နယ္အတြင္း၀န္ဘက္က မေျဖႏိုင္ခဲ့ဘူး။ ေျဖဖို႔ လိုလိုလားလား မရွိခဲ့ဘူးလို႔ ေရးခဲ့ပါတယ္။ နာရီပိုင္းအၾကာမွာပဲ ျပည္နယ္အတြင္း၀င္ရဲ႕ တြစ္တာက တဆင့္ တုံ႔ျပန္ခ်က္ထဲမွာေတာ့ သမၼတရဲ႕ ဒီေရးသားေျပာဆိုခ်က္ေတြဟာ မမွန္ကန္ဘူး၊ မၾကာခင္ အမွန္တရားေပၚလာပါလိမ့္မယ္လို႔ သတိေပးေရးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ေရြးေကာက္ပဲြရလဒ္ေျပာင္းေရး ေဂ်ာ္ဂ်ီယာျပည္နယ္အရာရွိကို သမၼတ Trump တိုက္တြန္းခဲ့

အမေရိကန်သမ္မတ Donald Trump က ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက Georgia ပြည်နယ်မှာ သူရှုံးနိမ့်ခဲ့တာကို ပြန်ပြောင်းနိုင်ဖို့ ပြည်နယ်အရာရှိတွေကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံတောင်ပိုင်းက ဒီ Georgia ပြည်နယ် ရွေးကောက်ပွဲအရာရှိတွေထံကို သမ္မတ Trump က စနေနေ့က ထူးထူးခြားခြား ဖုန်းခေါ်ပြီး၊ အဲဒီပြည်နယ်မှာ ရွေးကောက်ခံသမ္မတ Joe Biden အနိုင်ရမှုကို ပြန်ပြောင်းပြီး သူအနိုင်ရနိုင်ဖို့ မဲတွေ ရှာဖွေပေးဖို့ တောင်းဆိုခဲ့တာပါ။

“ကျနော် လုပ်ချင်တာအဓိကက ဒီလိုပါ။ မဲအရေအတွက် ၁၁,၇၈၀ ကို ရှာပေးစေချင်တာပါ၊ တမဲပဲ သာမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီပြည်နယ်မှာ ကျနော်တို့ နိုင်ခဲ့လို့ပါ။” လို့ ပြောသွားတာပါ။

Georgia ပြည်နယ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အဆင့်မြင့်ဆုံးအရာရှိ၊ ရီပတ်ဘလစ်ကန် ပြည်နယ်အတွင်းဝန် Brad Raffensperger ကို သမ္မတက ခုလိုပြောခဲ့တဲ့ အသံဖိုင်ကို Washington Post သတင်းစာကြီးက ရခဲ့ပြီး၊ မနေ့နေ့လယ်က သတင်းထုတ်ခဲ့တာပါ။

တစ်နာရီကြာတဲ့ ဒီဖုန်းခေါ်ဆိုမှုထဲမှာ သမ္မတ Trump အနေနဲ့၊ အတွင်းဝန် Raffensperger ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြောဆိုတာ တချို့ ရှိခဲ့သလို၊ အတွင်းဝန် Raffensperger နဲ့ သူ့ရှေ့နေ Ryan Germany တို့ဘက်က လိုက်လျောလာအောင်လည်း အပိုတွေ ချီးမြှောက်ပြောဆိုခဲ့တာတွေလည်း ပါခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းက သမ္မတ Trump က သူ့ တွစ်တာအကောင့်ကနေ သူ့အနေနဲ့ပြည်နယ်အတွင်းဝန် Brad Raffensperger ကို Georgia ပြည်နယ်တွင်းက မဲမသာမှုတွေနဲ့ ပတ်သက်လို့ စကားပြောခဲ့ပါတယ်။ ဒါပေမဲ့ မဲမသာမှုတွေနဲ့ ပတ်သက်လို့ သူမေးတာတွေကို ပြည်နယ်အတွင်းဝန်ဘက်က မဖြေနိုင်ခဲ့ဘူး။ ဖြေဖို့ လိုလိုလားလား မရှိခဲ့ဘူးလို့ ရေးခဲ့ပါတယ်။ နာရီပိုင်းအကြာမှာပဲ ပြည်နယ်အတွင်းဝင်ရဲ့ တွစ်တာက တဆင့် တုံ့ပြန်ချက်ထဲမှာတော့ သမ္မတရဲ့ ဒီရေးသားပြောဆိုချက်တွေဟာ မမှန်ကန်ဘူး၊ မကြာခင် အမှန်တရားပေါ်လာပါလိမ့်မယ်လို့ သတိပေးရေးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG