သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သမၼတ ေရြးေကာက္ပဲြ ကိုယ္စားလွယ္မဲကို ကြန္ဂရက္ေရွ႕ေမွာက္ ေရတြက္မည္


အေမရိကန္သမၼတေရြးေကာက္ပြဲမွာ Joe Biden အႏုိင္ရေၾကာင္း မီဒီယာေတြက ေၾကညာလုိက္အၿပီး ေအာင္ပြဲခံေနသူအခ်ဳိ႕။ (ႏုိဝင္ဘာ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္သမၼတ ေရြးေကာက္တင္ေျမႇာက္တဲ့ေနရာမွာ ဖဲြ႔စည္းပုံအေျခခံဥပေဒအရ လုပ္ေဆာင္ရမယ့္ ေနာက္ဆုံးအဆင့္ကို လာမယ့္ ဗုဒၶဟူးေန႔ ဇန္နဝါရီ ၆ ရက္ေန႔မွာ ပုံမွန္အတုိင္း အခမ္းအနားနဲ႔ လုပ္သြားမွာျဖစ္ပါတယ္။ ဒါေပမယ့္ မဲမသမာမႈေတြ ရွိတယ္ဆုိတဲ့ စဲြခ်က္ေတြကို တရား႐ုံးက ပယ္ခ်ထားတာေၾကာင့္ ဒီအေပၚမွာ ျပင္ပကေနလည္း စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ေနၾကပါတယ္။ ဗြီအိုေအသတင္းေထာက္ Steve Redish သတင္းေပးပို႔ထားတာကို ကိုရန္ႏုိင္ တင္ျပေပးထားပါတယ္။

Joe Biden ဟာ သူ အေမရိကန္သမၼတအျဖစ္နဲ႔ က်မ္းသစၥာက်ိန္ဆုိမယ့္ လမ္းေၾကာင္းမွာ ေနာက္ ဘာျဖစ္မလဲဆုိတာကို သိေနပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အရင္ကလည္း သူ ၂ ႀကိမ္ ႀကဳံထားတာေၾကာင့္ပါ။ ပထမတႀကိမ္ကေတာ့ ၂၀၁၃ ဇန္နဝါရီက ျဖစ္ပါတယ္။ ေနာက္တႀကိမ္ကေတာ့ ေနာက္ ၄ ႏွစ္အၾကာ ၂၀၁၇ ဇန္နဝါရီလ ၆ ရက္ေန႔မွာ ျဖစ္ပါတယ္။ ဖဲြ႔စည္းပုံအေျခခံဥပေဒက ေပးထားတဲ့ ဒုသမၼတရဲ႕ လုပ္ပုိင္ခြင့္အာဏာအတုိင္း ကြန္ဂရက္လႊတ္ေတာ္ ၂ ရပ္ရဲ႕ သဘာပတိအျဖစ္နဲ႔ ျပည္နယ္ ၅၀ က ခ်ိတ္ပိတ္ၿပီး ေပးပို႔လိုက္တဲ့ ေကာ္မရွင္မဲေတြကို ဖြင့္ၿပီး ေရတြက္ရတာျဖစ္ပါတယ္။

“နယူးေယာက္ျပည္နယ္က Donald Trump က အေမရိကန္သမၼတေနရာအတြက္ ကိုယ္စားလွယ္မဲ ၃၀၄ မဲ ရရွိပါတယ္။”

အေမရိကန္ဖဲြ႔စည္းပုံအေျခခံဥပေဒရဲ႕ ျပင္ဆင္ခ်က္ အမွတ္ ၁၂ မွာေတာ့ လက္ရွိဒုသမၼတရဲ႕ တာဝန္ေတြကို ေဖာ္ျပထားပါတယ္။ အေမရိကန္ အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္ ၂ ရပ္ ပူးတဲြရွိေနခ်ိန္မွာ အထက္လႊတ္ေတာ္ရဲ႕ သဘာပတိအျဖစ္ရွိေနတဲ့ ဒု-သမၼတအေနနဲ႔ ကိုယ္စားလွယ္မဲေတြ အားလုံးကို ဖြင့္ၿပီးေတာ့ ေရတြက္ရတာ ျဖစ္ပါတယ္။

ဒါေတြကို ဘယ္အခ်ိန္မွာ ဘယ္လိုလုပ္မယ္ဆုိတာကို အေမရိကန္ျပည္ေထာင္စု ကိုဓဥပေဒ အခန္း ၃ ပုဒ္မခဲြ ၁၅ ကြန္ဂရက္လႊတ္ေတာ္မွာ ကိုယ္စားလွယ္မဲေတြကို ေရတြက္ျခင္းဆုိၿပီး ေဖာ္ျပထားပါတယ္။

ဒီဥပေဒက ၁၈၈၇ ခုႏွစ္ကတည္းက ရွိလာခဲ့တာျဖစ္ၿပီး ၁၉၄၈ မွာ ျပင္ဆင္ၿပီးေတာ့ စနစ္တက် စီစဥ္ေပါင္းစုထားတာ ျဖစ္ပါတယ္။ ဒီဥပေဒအရ ဇန္နဝါရီ ၆ ရက္ေန႔ ေန႔လယ္ ၁ နာရီမွာ အထက္လႊတ္ေတာ္ရဲ႕ ဥကၠ႒က ကြန္ဂရက္လႊတ္ေတာ္ ၂ ရပ္ကို သဘာပတိအျဖစ္ ဦးေဆာင္က်င္းပၿပီး ျပည္နယ္ ၅၀ က ကိုယ္စားလွယ္မဲေတြ ခ်ိတ္ပိတ္ထားတဲ့ စာအိတ္ေတြကို ဖြင့္ၿပီး အကၡရာစဥ္အလိုက္ ေရတြက္သြားဖို႔ ျဖစ္ပါတယ္။

အဲဒီဥပေဒပုဒ္မ အပိုဒ္ခြဲ ၁၅ အရေတာ့ အဖဲြ႔ဝင္ေတြအေနနဲ႔ ျပည္နယ္တခုခ်င္းစီရဲ႕ မဲေရတြက္မႈကို ကန္႔ကြက္ဖို႔ အခြင့္အေရးရမွာ ျဖစ္ပါတယ္။ တကယ္လို႔ ကန္႔ကြက္မယ္ဆုိရင္ စာေရးသားၿပီး ကန္႔ကြက္ရမွာျဖစ္ၿပီး အနည္းဆုံးေတာ့ အထက္လႊတ္ေတာ္အမတ္တေယာက္နဲ႔ ေအာက္လႊတ္ေတာ္အမတ္တေယာက္တုိ႔ လက္မွတ္ထုိးရမွာ ျဖစ္ပါတယ္။

Joe Biden - “ဒီကန္႔ကြက္မႈက စာေရးကန္႔ကြက္တာလား? ၿပီးေတာ့ ေအာက္လႊတ္ေတာ္အမတ္နဲ႔ အထက္လႊတ္ေတာ္အမတ္ေတြကေရာ လက္မွတ္ထုိးထားပါသလား။”

House Member - “သဘာပတိခင္ဗ်ား၊ ဒါက စာေရးကန႔္ကြက္တာ ျဖစ္ပါတယ္။ ေအာက္လႊတ္ေတာ္အမတ္က လက္မွတ္ထုိးထားေပမယ့္ အထက္လႊတ္ေတာ္အမတ္ကေတာ့ မထိုးထားရေသးပါဘူး။”

Joe Biden - “ဒါဆုိရင္ ဒီကန္႔ကြက္မႈ အထမေျမာက္ပါဘူး။”

၂၀၀၅ ခုႏွစ္တုန္းကေတာ့ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီမႈရွိတဲ့အတြက္ ေကာ္မရွင္မဲ ေရတြက္မႈကို ယာယီရပ္ဆုိင္းလိုက္ၿပီး ဒါဟာ သမိုင္းတေလွ်ာက္မွာ ဒုတိယအႀကိမ္ေျမာက္ ရပ္ဆုိင္းခဲ့တာျဖစ္ပါတယ္။

Cheney - “ဒီကန္႔ကြက္မႈကို အထက္လႊတ္ေတာ္အမတ္က လက္မွတ္ထုိးၿပီးၿပီလား။”

Tubbs - “ဒီကန္႔ကြက္လႊာကို အထက္လႊတ္ေတာ္အမတ္က လက္မွတ္ထုိးထားပါတယ္။”

Cheney - “ဒါက စာေရးကန္႔ကြက္တာျဖစ္ၿပီး ေအာက္လႊတ္ေတာ္နဲ႔ အထက္လႊတ္ေတာ္အမတ္ ၂ ေယာက္စလုံးကလည္း လက္မွတ္ထုိးထားတဲ့အတြက္ ဒါက အေမရိကန္ျပည္ေထာင္စု ကိုဓဥပေဒ အခန္း ၁ ပုဒ္မ ၃ နဲ႔ ကိုက္ညီမႈရွိပါတယ္။”

အဲဒီလိုဆုိရင္ လႊတ္ေတာ္ ၂ ရပ္စလုံးဟာ သူတုိ႔ရဲ႕ သက္ဆုိင္ရာ လႊတ္ေတာ္အသီးသီးကို ျပန္သြားၾကၿပီး ၂ နာရီထက္မပိုဘဲ အေခ်အတင္ ေဆြးေႏြးၾကၿပီး ကန္႔ကြက္မႈနဲ႔ပတ္သက္ၿပီး မဲခဲြၾကတာျဖစ္ပါတယ္။

အေမရိကန္သမၼတ Donald Trump က “က်ေနာ္တုိ႔ရဲ႕သမၼတေရြးေကာက္ပဲြကို သူတုိ႔ လိမ္ညာၿပီးေတာ့ မဲမသမာမႈေတြ လုပ္ခဲ့ပါတယ္။” လုိ႔ ေျပာပါတယ္။

မဲခိုးတယ္လို႔ သက္ေသအေထာက္အထား ခုိင္ခုိင္မာမာမရွိဘဲ သမၼတ Trump က ေျပာေနခ်ိန္မွာပဲ ဒီ ေကာ္မရွင္မဲ ေရတြက္မႈကို သဘာပတိအျဖစ္ လုပ္ရမွာက သူ႔ရဲ႕ ဒု-သမၼတ ျဖစ္ပါတယ္။ ေကာ္မရွင္မဲ ေရတြက္မႈအရေတာ့ ၂၀၂၀ သမၼတေရြးေကာက္ပဲြမွာ Joe Biden အႏုိင္ရတယ္လို႔ ေၾကညာထားတာ ျဖစ္ပါတယ္။

လာမယ့္ ဗုဒၶဟူးေန႔မွာလုပ္မယ့္ မဲေရတြက္မႈကိုေတာ့ လႊတ္ေတာ္တခုဆီက အနည္းဆုံး အမတ္ ၁ ေယာက္စီက ကန္႔ကြက္ဖို႔ ျပင္ဆင္ေနၿပီး အလာဘားမားျပည္နယ္ ရီပတ္ဘလစ္ကန္ ေအာက္လႊတ္ေတာ္အမတ္ Mo Brooks နဲ႔ မစ္ဇူရီျပည္နယ္က အထက္လႊတ္ေတာ္အမတ္ Josh Hawley တုို႔က သူတုိ႔အေနနဲ႔ ကန္႔ကြက္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။

ေအာက္လႊတ္ေတာ္မွာေတာ့ ဒီမုိကရက္ေတြက လူမ်ားစုျဖစ္တာေၾကာင့္ အဲဒီကန္႔ကြက္မႈ အဆုိကေတာ့ ႐ႈံးနိမ့္ဖို႔ အလားအလာ မ်ားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကန်သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်မဲကို ကွန်ဂရက်ရှေ့မှောက် ရေတွက်မည်

အမေရိကန်သမ္မတ ရွေးကောက်တင်မြှောက်တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ဆောင်ရမယ့် နောက်ဆုံးအဆင့်ကို လာမယ့် ဗုဒ္ဓဟူးနေ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ပုံမှန်အတိုင်း အခမ်းအနားနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်တွေကို တရားရုံးက ပယ်ချထားတာကြောင့် ဒီအပေါ်မှာ ပြင်ပကနေလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။ ဗွီအိုအေသတင်းထောက် Steve Redish သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

Joe Biden ဟာ သူ အမေရိကန်သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုမယ့် လမ်းကြောင်းမှာ နောက် ဘာဖြစ်မလဲဆိုတာကို သိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကလည်း သူ ၂ ကြိမ် ကြုံထားတာကြောင့်ပါ။ ပထမတကြိမ်ကတော့ ၂၀၁၃ ဇန်နဝါရီက ဖြစ်ပါတယ်။ နောက်တကြိမ်ကတော့ နောက် ၄ နှစ်အကြာ ၂၀၁၇ ဇန်နဝါရီလ ၆ ရက်နေ့မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ ဒုသမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာအတိုင်း ကွန်ဂရက်လွှတ်တော် ၂ ရပ်ရဲ့ သဘာပတိအဖြစ်နဲ့ ပြည်နယ် ၅၀ က ချိတ်ပိတ်ပြီး ပေးပို့လိုက်တဲ့ ကော်မရှင်မဲတွေကို ဖွင့်ပြီး ရေတွက်ရတာဖြစ်ပါတယ်။

“နယူးယောက်ပြည်နယ်က Donald Trump က အမေရိကန်သမ္မတနေရာအတွက် ကိုယ်စားလှယ်မဲ ၃၀၄ မဲ ရရှိပါတယ်။”

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြင်ဆင်ချက် အမှတ် ၁၂ မှာတော့ လက်ရှိဒုသမ္မတရဲ့ တာဝန်တွေကို ဖော်ပြထားပါတယ်။ အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ၂ ရပ် ပူးတွဲရှိနေချိန်မှာ အထက်လွှတ်တော်ရဲ့ သဘာပတိအဖြစ်ရှိနေတဲ့ ဒု-သမ္မတအနေနဲ့ ကိုယ်စားလှယ်မဲတွေ အားလုံးကို ဖွင့်ပြီးတော့ ရေတွက်ရတာ ဖြစ်ပါတယ်။

ဒါတွေကို ဘယ်အချိန်မှာ ဘယ်လိုလုပ်မယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု ကိုဓဥပဒေ အခန်း ၃ ပုဒ်မခွဲ ၁၅ ကွန်ဂရက်လွှတ်တော်မှာ ကိုယ်စားလှယ်မဲတွေကို ရေတွက်ခြင်းဆိုပြီး ဖော်ပြထားပါတယ်။

ဒီဥပဒေက ၁၈၈၇ ခုနှစ်ကတည်းက ရှိလာခဲ့တာဖြစ်ပြီး ၁၉၄၈ မှာ ပြင်ဆင်ပြီးတော့ စနစ်တကျ စီစဉ်ပေါင်းစုထားတာ ဖြစ်ပါတယ်။ ဒီဥပဒေအရ ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ် ၁ နာရီမှာ အထက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌက ကွန်ဂရက်လွှတ်တော် ၂ ရပ်ကို သဘာပတိအဖြစ် ဦးဆောင်ကျင်းပပြီး ပြည်နယ် ၅၀ က ကိုယ်စားလှယ်မဲတွေ ချိတ်ပိတ်ထားတဲ့ စာအိတ်တွေကို ဖွင့်ပြီး အက္ခရာစဉ်အလိုက် ရေတွက်သွားဖို့ ဖြစ်ပါတယ်။

အဲဒီဥပဒေပုဒ်မ အပိုဒ်ခွဲ ၁၅ အရတော့ အဖွဲ့ဝင်တွေအနေနဲ့ ပြည်နယ်တခုချင်းစီရဲ့ မဲရေတွက်မှုကို ကန့်ကွက်ဖို့ အခွင့်အရေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကန့်ကွက်မယ်ဆိုရင် စာရေးသားပြီး ကန့်ကွက်ရမှာဖြစ်ပြီး အနည်းဆုံးတော့ အထက်လွှတ်တော်အမတ်တယောက်နဲ့ အောက်လွှတ်တော်အမတ်တယောက်တို့ လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။

Joe Biden - “ဒီကန့်ကွက်မှုက စာရေးကန့်ကွက်တာလား? ပြီးတော့ အောက်လွှတ်တော်အမတ်နဲ့ အထက်လွှတ်တော်အမတ်တွေကရော လက်မှတ်ထိုးထားပါသလား။”

House Member - “သဘာပတိခင်ဗျား၊ ဒါက စာရေးကန့်ကွက်တာ ဖြစ်ပါတယ်။ အောက်လွှတ်တော်အမတ်က လက်မှတ်ထိုးထားပေမယ့် အထက်လွှတ်တော်အမတ်ကတော့ မထိုးထားရသေးပါဘူး။”

Joe Biden - “ဒါဆိုရင် ဒီကန့်ကွက်မှု အထမမြောက်ပါဘူး။”

၂၀၀၅ ခုနှစ်တုန်းကတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့အတွက် ကော်မရှင်မဲ ရေတွက်မှုကို ယာယီရပ်ဆိုင်းလိုက်ပြီး ဒါဟာ သမိုင်းတလျှောက်မှာ ဒုတိယအကြိမ်မြောက် ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

Cheney - “ဒီကန့်ကွက်မှုကို အထက်လွှတ်တော်အမတ်က လက်မှတ်ထိုးပြီးပြီလား။”

Tubbs - “ဒီကန့်ကွက်လွှာကို အထက်လွှတ်တော်အမတ်က လက်မှတ်ထိုးထားပါတယ်။”

Cheney - “ဒါက စာရေးကန့်ကွက်တာဖြစ်ပြီး အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်အမတ် ၂ ယောက်စလုံးကလည်း လက်မှတ်ထိုးထားတဲ့အတွက် ဒါက အမေရိကန်ပြည်ထောင်စု ကိုဓဥပဒေ အခန်း ၁ ပုဒ်မ ၃ နဲ့ ကိုက်ညီမှုရှိပါတယ်။”

အဲဒီလိုဆိုရင် လွှတ်တော် ၂ ရပ်စလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာ လွှတ်တော်အသီးသီးကို ပြန်သွားကြပြီး ၂ နာရီထက်မပိုဘဲ အချေအတင် ဆွေးနွေးကြပြီး ကန့်ကွက်မှုနဲ့ပတ်သက်ပြီး မဲခွဲကြတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump က “ကျနော်တို့ရဲ့သမ္မတရွေးကောက်ပွဲကို သူတို့ လိမ်ညာပြီးတော့ မဲမသမာမှုတွေ လုပ်ခဲ့ပါတယ်။” လို့ ပြောပါတယ်။

မဲခိုးတယ်လို့ သက်သေအထောက်အထား ခိုင်ခိုင်မာမာမရှိဘဲ သမ္မတ Trump က ပြောနေချိန်မှာပဲ ဒီ ကော်မရှင်မဲ ရေတွက်မှုကို သဘာပတိအဖြစ် လုပ်ရမှာက သူ့ရဲ့ ဒု-သမ္မတ ဖြစ်ပါတယ်။ ကော်မရှင်မဲ ရေတွက်မှုအရတော့ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ Joe Biden အနိုင်ရတယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာလုပ်မယ့် မဲရေတွက်မှုကိုတော့ လွှတ်တော်တခုဆီက အနည်းဆုံး အမတ် ၁ ယောက်စီက ကန့်ကွက်ဖို့ ပြင်ဆင်နေပြီး အလာဘားမားပြည်နယ် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Mo Brooks နဲ့ မစ်ဇူရီပြည်နယ်က အထက်လွှတ်တော်အမတ် Josh Hawley တို့က သူတို့အနေနဲ့ ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

အောက်လွှတ်တော်မှာတော့ ဒီမိုကရက်တွေက လူများစုဖြစ်တာကြောင့် အဲဒီကန့်ကွက်မှု အဆိုကတော့ ရှုံးနိမ့်ဖို့ အလားအလာ များနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG