(Zawgyi / Unicode)
အီရတ္မွာရွိတဲ့ အေမရိကန္တပ္ေတြကို တိုက္ခိုက္ၿပီး စစ္ျဖစ္ေအာင္ အစၥေရးက စီစဥ္ေနတယ္လို႔ စြပ္စြဲၿပီး အေမရိကန္သမၼတ Donald Trump အေနနဲ႔ အစၥေရးရဲ႕ ဒီေထာင္ေခ်ာက္ထဲ မဝင္မိေအာင္ လုပ္ဖို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Mohammad Javad Zarif က စေနေန႔မွာ တိုက္တြန္းလိုက္ပါတယ္။
အီရန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီး Qassem Soleimani ကို အေမရိကန္ေတြက အီရတ္မွာ ဒ႐ုန္းနဲ႔တိုက္ခိုက္ေသဆံုးေစခဲ့တဲ့ ႏွစ္ပတ္လည္ေန႔မွာ အခုလို အီရန္က သတိေပးလိုက္တာပါ။ အစၥေရးဘက္ကေတာ့ လတ္တေလာ တုံ႔ျပန္ေျပာဆိုတာ မရွိေသးပါဘူး။
အီရတ္က အေမရိကန္သံ႐ုံးနဲ႔ အေဆာက္အဦေတြကို အီရန္ေတြ ပံ့ပိုးေပးထားတဲ့ စစ္ေသြးႂကြေတြက ေရာ့ကက္နဲ႔ ပံုမွန္လိုလို တိုက္ခိုက္ေနတယ္လို႔ အေမရိကန္က စြပ္စြဲေနတာပါ။
အီရတ္ကလာတဲ့ ေထာက္လွမ္းေရးသတင္းအရ လႈံ႔ေဆာ္ေရးတာဝန္ယူထားတဲ့ အစၥေရးေတြဟာ အေမရိကန္ေတြကို တိုက္ခိုက္ဖို႔လုပ္ၿပီး သမၼတ Trump စစ္တိုက္လာေအာင္ လုပ္ေနတာေၾကာင့္ သမၼတ Trump သတိထားဖို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Zarif က တြစ္တာမွာ ေရးခဲ့တာ ျဖစ္ပါတယ္။
အီရန္ေတာ္လွန္ေရးအေစာင့္တပ္ရဲ႕ တပ္မွဴးႀကီး Hossein Salami ကေတာ့ အီရန္အေနနဲ႔ ရန္စမႈေတြကို ျပင္းထန္စြာ တုံ႔ျပန္မွာျဖစ္ေၾကာင္း ေျပာပါတယ္။
“ရန္သူရဲ႕လုပ္ေဆာင္မႈတိုင္းအတြက္ ပိုမိုျပင္းထန္တဲ့ တုံ႔ျပန္မႈေတြ လုပ္မွာျဖစ္ၿပီး အရင္ကလည္း ဒါကို အႀကိမ္မ်ားစြာ ျပသၿပီးျဖစ္သလို အခုလည္း ထပ္မံေျပာၾကားတာ ျဖစ္ေၾကာင္း” ေျပာသြားတာပါ။
Soleimani ေနရာမွာ ဆက္ခံသူ Esmail Ghaani ကလည္း အီရန္က တုံ႔ျပန္ဖို႔ အသင့္ရွိေနေၾကာင္း ေျပာပါတယ္။
----------------------
(Unicode)
အစ္စရေးထောင်ချောက်ဆင်တိုင်း စစ်ဖြစ်အောင် ရန်မစဖို့ ကန်ကို အီရန်သတိပေး
အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေကို တိုက်ခိုက်ပြီး စစ်ဖြစ်အောင် အစ္စရေးက စီစဉ်နေတယ်လို့ စွပ်စွဲပြီး အမေရိကန်သမ္မတ Donald Trump အနေနဲ့ အစ္စရေးရဲ့ ဒီထောင်ချောက်ထဲ မဝင်မိအောင် လုပ်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး Qassem Soleimani ကို အမေရိကန်တွေက အီရတ်မှာ ဒရုန်းနဲ့တိုက်ခိုက်သေဆုံးစေခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ အခုလို အီရန်က သတိပေးလိုက်တာပါ။ အစ္စရေးဘက်ကတော့ လတ်တလော တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
အီရတ်က အမေရိကန်သံရုံးနဲ့ အဆောက်အဦတွေကို အီရန်တွေ ပံ့ပိုးပေးထားတဲ့ စစ်သွေးကြွတွေက ရော့ကက်နဲ့ ပုံမှန်လိုလို တိုက်ခိုက်နေတယ်လို့ အမေရိကန်က စွပ်စွဲနေတာပါ။
အီရတ်ကလာတဲ့ ထောက်လှမ်းရေးသတင်းအရ လှုံ့ဆော်ရေးတာဝန်ယူထားတဲ့ အစ္စရေးတွေဟာ အမေရိကန်တွေကို တိုက်ခိုက်ဖို့လုပ်ပြီး သမ္မတ Trump စစ်တိုက်လာအောင် လုပ်နေတာကြောင့် သမ္မတ Trump သတိထားဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Zarif က တွစ်တာမှာ ရေးခဲ့တာ ဖြစ်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ တပ်မှူးကြီး Hossein Salami ကတော့ အီရန်အနေနဲ့ ရန်စမှုတွေကို ပြင်းထန်စွာ တုံ့ပြန်မှာဖြစ်ကြောင်း ပြောပါတယ်။
“ရန်သူရဲ့လုပ်ဆောင်မှုတိုင်းအတွက် ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်မှာဖြစ်ပြီး အရင်ကလည်း ဒါကို အကြိမ်များစွာ ပြသပြီးဖြစ်သလို အခုလည်း ထပ်မံပြောကြားတာ ဖြစ်ကြောင်း” ပြောသွားတာပါ။
Soleimani နေရာမှာ ဆက်ခံသူ Esmail Ghaani ကလည်း အီရန်က တုံ့ပြန်ဖို့ အသင့်ရှိနေကြောင်း ပြောပါတယ်။