သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သိပၸံပညာရွင္ လုပ္ႀကံခံရမႈ အီရန္ လက္စားေခ်မည္


အီရန္သိပၸံပညာရွင္ Mohsen Fakhrizadeh လုပ္ႀကံခံရမႈအေပၚ တီဟီရန္ၿမိဳ႕မွာ ဆႏၵျပေနသူမ်ား။ (ႏိုဝင္ဘာ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

အီရန္အစိုးရရဲ႕ ဖ်က္သိမ္းထားတဲ့ စစ္တပ္ ႏ်ဴကလီးယား အစီအစဥ္နဲ႔ ဆက္ႏႊယ္တဲ့ သိပၸံပညာရွင္ အသတ္ခံရမႈရဲ႕ ေနာက္ကြယ္က စီစဥ္သူေတြကို ျပတ္ျပတ္သားသား ျပစ္ဒဏ္ခတ္ဖို႔ အီရန္ ဘာသာေရးေခါင္းေဆာင္ Ayatollah Ali Khamenei က စေနေန႔မွာ ေျပာဆိုလုိက္ပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔က သိပၸံပညာရွင္ Mohsen Fakhrizadeh သတ္ျဖတ္ခံရမႈအတြက္ အစၥေရးလ္ကို အျပစ္ဖို႔ထားတာပါ။

အီရန္အစိုးရရဲ႕ ႏ်ဴကလီးယား အစီအစဥ္အေပၚ တင္းမာမႈေတြၾကား ၿပီးခဲ့တဲ့ ၁၀ ႏွစ္တုန္းကလည္း အီရန္သိပၸံပညာရွင္ေတြကို သတ္ျဖတ္တယ္လို႔ သံသယရွိခံထားရတဲ့ အစၥေရးလ္ဘက္ကေတာ့ မွတ္ခ်က္ေပး ေျပာဆိုမႈ မရွိေသးပါဘူး။

ၿပီးခဲ့တဲ့ ေသာၾကာေန႔ တိုက္ခုိက္မႈကေတာ့ စစ္တပ္ပံုစံ ေခ်ာင္းေျမာင္းတိုက္ခုုိက္မႈ ျဖစ္တဲ့ အေသအခ်ာ အကြက္ခ်စီစဥ္ထားတဲ့ လကၡဏာေတြ ေတြ႔ရပါတယ္။

အေမရိကန္သမၼတ Donald Trump လက္ထက္ အေမရိကန္နဲ႔ အီရန္ၾကား ဆက္ဆံေရး အဆင္မေျပျဖစ္ေနခ်ိန္ အခုလို အီရန္သိပၸံပညာရွင္တဦး သတ္ျဖတ္ခံရမႈဟာဆိုရင္ တင္းမာမႈ ထပ္ျဖစ္လာႏိုင္တဲ့ ၿခိမ္းေျခာက္မႈ ျဖစ္ပါတယ္။

သမၼတ Trump ႏုတ္ထြက္ထားတဲ့ အီရန္ ႏ်ဴကလီးယား သေဘာတူညီခ်က္ကို ျပန္လည္ပါဝင္ႏုိင္တယ္ဆိုတဲ့ သေဘာမ်ိဳး အေမရိကန္ ေရြးေကာက္ခံသမၼတ Joe Biden ဘက္က ေျပာဆိုထားခ်ိန္လည္း ျဖစ္ပါတယ္။

အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ကေတာ့ USS Nimitz ေလယာဥ္တင္သေဘၤာကို အေရွ႕အလယ္ပိုင္းကို လႊတ္ထားေၾကာင္း စေနေန႔ အေစာပိုင္းက ေျပာပါတယ္။

အီရန္သမၼတ Hassan Rouhani ကလည္း ဒီသတ္ျဖတ္မႈအတြက္ အစၥေရးလ္ကို အျပစ္ဖို႔ထားပါတယ္။ ဘာသာေရးေခါင္းေဆာင္ Khamenei ေျပာဆိုခ်က္အတိုင္းပဲ သမၼတ Rouhani ကလည္း Fakhrizadeh ေသဆံုးမႈေၾကာင့္ အီရန္ရဲ႕ ႏ်ဴကလီးယား အစီအစဥ္ ရပ္သြားမွာမဟုတ္ဘူးလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

သိပ္ပံပညာရှင် လုပ်ကြံခံရမှု အီရန် လက်စားချေမည်

အီရန်အစိုးရရဲ့ ဖျက်သိမ်းထားတဲ့ စစ်တပ် နျူကလီးယား အစီအစဉ်နဲ့ ဆက်နွှယ်တဲ့ သိပ္ပံပညာရှင် အသတ်ခံရမှုရဲ့ နောက်ကွယ်က စီစဉ်သူတွေကို ပြတ်ပြတ်သားသား ပြစ်ဒဏ်ခတ်ဖို့ အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က သိပ္ပံပညာရှင် Mohsen Fakhrizadeh သတ်ဖြတ်ခံရမှုအတွက် အစ္စရေးလ်ကို အပြစ်ဖို့ထားတာပါ။

အီရန်အစိုးရရဲ့ နျူကလီးယား အစီအစဉ်အပေါ် တင်းမာမှုတွေကြား ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းကလည်း အီရန်သိပ္ပံပညာရှင်တွေကို သတ်ဖြတ်တယ်လို့ သံသယရှိခံထားရတဲ့ အစ္စရေးလ်ဘက်ကတော့ မှတ်ချက်ပေး ပြောဆိုမှု မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့ တိုက်ခိုက်မှုကတော့ စစ်တပ်ပုံစံ ချောင်းမြောင်းတိုက်ခိုက်မှု ဖြစ်တဲ့ အသေအချာ အကွက်ချစီစဉ်ထားတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။

အမေရိကန်သမ္မတ Donald Trump လက်ထက် အမေရိကန်နဲ့ အီရန်ကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေချိန် အခုလို အီရန်သိပ္ပံပညာရှင်တဦး သတ်ဖြတ်ခံရမှုဟာဆိုရင် တင်းမာမှု ထပ်ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှု ဖြစ်ပါတယ်။

သမ္မတ Trump နုတ်ထွက်ထားတဲ့ အီရန် နျူကလီးယား သဘောတူညီချက်ကို ပြန်လည်ပါဝင်နိုင်တယ်ဆိုတဲ့ သဘောမျိုး အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden ဘက်က ပြောဆိုထားချိန်လည်း ဖြစ်ပါတယ်။

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ကတော့ USS Nimitz လေယာဉ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းကို လွှတ်ထားကြောင်း စနေနေ့ အစောပိုင်းက ပြောပါတယ်။

အီရန်သမ္မတ Hassan Rouhani ကလည်း ဒီသတ်ဖြတ်မှုအတွက် အစ္စရေးလ်ကို အပြစ်ဖို့ထားပါတယ်။ ဘာသာရေးခေါင်းဆောင် Khamenei ပြောဆိုချက်အတိုင်းပဲ သမ္မတ Rouhani ကလည်း Fakhrizadeh သေဆုံးမှုကြောင့် အီရန်ရဲ့ နျူကလီးယား အစီအစဉ် ရပ်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

XS
SM
MD
LG