သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ ေျမေအာက္ျႏဴကလီးယားစက္ရုံ တည္ေဆာက္ေန


အီရန္ Fordo က ေျမေအာက္ႏ်ဴကလီယား စက္ရံု( ဒီဇင္ဘာလ၊၁၈၊၂၀၂၀)

{{Zawgyi/Unicode}}

အီရန္ရဲ့ ႏ်ဴကလီယား အစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီ အေမရိကန္နဲ႔ အီရန္ၾကား တင္းမာမႈေတြရွိေနခ်ိန္မွာပဲ အီရန္က ၿမိဳ႕ေတာ္တဟီရန္ အေနာက္ေတာင္ဘက္ ကီလိုမီတာ ၉ ၀ ေလာက္အကြာမွာရွိတဲ့ Fordo က ေျမေအာက္ႏ်ဴကလီယား စက္ရံုမွာ တည္ေဆာက္ေရးေတြ စတင္လုပ္ေဆာင္ေနပါတယ္။

အဲဒီ တည္ေဆာက္ေရးလုပ္ငန္းေတြကို စက္တင္ဘာေႏွာင္းပိုင္းေလာက္မွာ စတင္ခဲ့တာျဖစ္ၿပီး တည္ေဆာက္ေရးလုပ္ေနတာကိုျပတဲ့ ေကာင္းကင္ၿဂိဳဟ္တု ဓါတ္ပံုေတြကို ေသာၾကာေန႔မွာ AP သတင္းက ေဖၚျပခဲ့ပါတယ္။ Maxar နည္းပညာဌာန ရဲ့ ေကာင္းကင္ၿဂိဳဟ္တု ဓါတ္ပံုေတြမွာ Fordo စက္ရံုရဲ့ အေနာက္ေျမာက္ဖက္ ေဒါင့္မွာ ေျမတူးထုတ္ေနတာကို ရွင္းရွင္းလင္းလင္း ေတြ႔ေနရပါတယ္။

အီရန္အတြက္ သုေတသနနဲ႔ ဖြ႔ံၿဖိဳးေရးဆိုင္ရာ အကူညီေတြ ေပးေနရာကေန အီရန္အေရး ဆန္းစစ္ေလ့လာ သူေတြက အဲဒီေနရာမွာ အေဆာက္အဦးေတြ အမ်ားအျပား ကို ေတြ႔ရွိခဲ့တာပါ။

ဒီစက္ရံုမွာ အသစ္တည္ေဆာက္မႈနဲ႔ ပတ္သက္ၿပီး အီရန္ဘက္က လူသိရွင္ၾကား ေျပာဆိုတာ မ်ိဳးေတာ့ မရွိပါဘူး။

အခုလို ေတြ႔ရွိခ်က္နဲ႔ ပတ္သက္ၿပီးကုသမဂၢဆိုင္ရာ အီရန္သံရံုးကေရာ IAEA ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ဆိုင္ရာ အဖြဲ႔ကပါ မွတ္ခ်က္တစံုတရာေပး တုန္႔ျပန္တာ မရွိေသးပါဘူး။

................................

အီရန္ ေျမေအာက္ျႏဴကလီးယားစက္ရုံ တည္ေဆာက္ေန
please wait

No media source currently available

0:00 0:00:50 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အီရန်ရဲ့ နျူကလီယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေရှိနေချိန်မှာပဲ အီရန်က မြို့တော်တဟီရန် အနောက်တောင်ဘက် ကီလိုမီတာ ၉ ၀ လောက်အကွာမှာရှိတဲ့ Fordo က မြေအောက်နျူကလီယား စက်ရုံမှာ တည်ဆောက်ရေးတွေ စတင်လုပ်ဆောင်နေပါတယ်။

အဲဒီ တည်ဆောက်ရေးလုပ်ငန်းတွေကို စက်တင်ဘာနှောင်းပိုင်းလောက်မှာ စတင်ခဲ့တာဖြစ်ပြီး တည်ဆောက်ရေးလုပ်နေတာကိုပြတဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေကို သောကြာနေ့မှာ AP သတင်းက ဖေါ်ပြခဲ့ပါတယ်။ Maxar နည်းပညာဌာန ရဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ Fordo စက်ရုံရဲ့ အနောက်မြောက်ဖက် ဒေါင့်မှာ မြေတူးထုတ်နေတာကို ရှင်းရှင်းလင်းလင်း တွေ့နေရပါတယ်။

အီရန်အတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကူညီတွေ ပေးနေရာကနေ အီရန်အရေး ဆန်းစစ်လေ့လာ သူတွေက အဲဒီနေရာမှာ အဆောက်အဦးတွေ အများအပြား ကို တွေ့ရှိခဲ့တာပါ။

ဒီစက်ရုံမှာ အသစ်တည်ဆောက်မှုနဲ့ ပတ်သက်ပြီး အီရန်ဘက်က လူသိရှင်ကြား ပြောဆိုတာ မျိုးတော့ မရှိပါဘူး။

အခုလို တွေ့ရှိချက်နဲ့ ပတ်သက်ပြီးကုသမဂ္ဂဆိုင်ရာ အီရန်သံရုံးကရော IAEA နိုင်ငံတကာ အနုမြူစွမ်းအင်ဆိုင်ရာ အဖွဲ့ကပါ မှတ်ချက်တစုံတရာပေး တုန့်ပြန်တာ မရှိသေးပါဘူး။


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG