သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လုပ္ႀကံခံရတဲ့ အီရန္ႏ်ဴးကလီးယား ပညာရွင္ရဲ႕ ဈာပန က်င္းပ


(Zawgyi/Unicode)

အီရန္ႏုိင္ငံမွာ ၿပီးခဲ႔တဲ႔ ေသာၾကာေန႔က အသတ္ခံရတဲ႔ ႏ်ဴးကလီးယား သိပၸံပညာရွင္ Mohsen Fakhrizadeh ရဲ႕ စ်ာပန အခမ္းအနားကို တနလာၤေန႔မွာ ျပဳလုပ္ပါတယ္။ သူ သတ္ျဖတ္ခံရမႈေၾကာင့္ အီရန္ ေခါင္းေဆာင္ေတြဘက္က လက္စားေခ် တုံ႔ျပန္မယ္ဆိုတဲ႔ ၿခိမ္းေျခာက္မႈေတြလည္း ထြက္ေပၚလာခဲ႔တာပါ။

ၿမိဳ႕ေတာ္ Tehran က ကာကြယ္ေရး ၀န္ႀကီးဌာနမွာ က်င္းပတဲ႔ စ်ာပန အခမ္းအနားမွာ ကာကြယ္ေရး ၀န္ႀကီး ဗိုလ္ခ်ဳပ္ႀကီး Ami Hatami က အခု Fakhrizadeh ေသဆံုးရမႈေၾကာင့္ အီရန္ေတြ ပိုၿပီး ခိုင္မာ ျပတ္သား စည္းလံုးသြားေစေၾကာင္း၊ ႏုိင္ငံ အေနနဲ႔ ကိုယ့္အလုပ္ကို ပိုၿပီး အင္တိုက္ အားတိုက္ အရွိန္ျမွင့္ ဆက္လက္ ေဆာင္ရြက္မယ္လို႔ ေျပာဆုိခဲ႔ပါတယ္။

Absard ၿမိဳ႕အနီးကို ခရီးသြားခဲ႔တဲ႔ Fakhrizadeh ရဲ႕ ကားကို ၿပီးခဲ႔တဲ႔ ေသာၾကာေန႔က ေသနတ္သမားေတြက ပစ္ခတ္ တိုက္ခုိက္ခဲ႔တာ ျဖစ္ပါတယ္။ ဒီသတ္ျဖတ္မႈဟာ အစၥေရးလ္း လက္ခ်က္လို႔ အီရန္က အျပစ္ဖို႔ ထားပါတယ္။ အစၥေရးလ္း ေထာက္လွမ္းေရး ဌာန ၀န္ႀကီး Eli Cohen ကေတာ့ တနလာၤေန႔တုန္းက အစၥေရးလ္ အသံလႊင့္ဌာန တခုကို ေျဖၾကားတာမွာေတာ့ ဘယ္သူ႔မွာ တာ၀န္ရွိသလဲ ဆိုတာ သူမသိဘူးလို႔ ေျပာဆိုသြားပါတယ္။

ဒီ တိုက္ခုိက္မႈကို တုံ႔ျပန္ခ်က္ အေနနဲ႔ အီရန္ လႊတ္ေတာ္က ႏုိင္ငံတကာ အႏုျမဴစြမ္းအင္ ေအဂ်င္စီ IAEA ရဲ႕ စံုစမ္းစစ္ေဆးမႈေတြကို ရပ္ဆိုင္းမယ့္ ဥပေဒၾကမ္း တခုကို စၿပီး ေဆြးေႏြးေနၾကပါတယ္။

အီရန္ဘက္က ႏ်ဴးကလီးယား လုပ္ငန္းေတြကို ကန္႔သတ္ျပီး အျပန္အလွန္ အားျဖင့္ ဒဏ္ခတ္ပိတ္ဆို႔မႈ ေျဖေလွ်ာ့ေပးထားတဲ႔ ၂၀၁၅ ခုႏွစ္ သေဘာတူညီခ်က္ကို ျပန္လည္ ပါ၀င္ဖို႔ ရည္မွန္းထားတဲ႔ အေမရိကန္ ေရြးေကာက္ခံ သမၼတ Joe Biden ရာထူး တာ၀န္ လႊဲေျပာင္းယူဖို႔ ၂ လ ေလာက္ဘဲ လိုေတာ့တဲ႔ အခ်ိန္မွာ အခု အျဖစ္ အပ်က္ေတြ ျဖစ္လာတာပါ။

အီရန္နဲ႔ ကမၻာ့ အင္အားႀကီး ၆ ႏုိင္ငံၾကား သေဘာတူညီခ်က္ကေတာ့ အီရန္ အေနနဲ႔ ႏ်ဴးကလီးယား လက္္နက္ မစမ္းသပ္ႏုိင္ဖို႔ ရည္ရြယ္တာပါ။ အီရန္ဘက္ကေတာ့ သူ႔ရဲဲ႕ ႏ်ဴးကလီးယား အစီအစဥ္က ၿငိမ္းခ်မ္းတဲ႔ ရည္ရြယ္ခ်က္နဲ႔ လုပ္ေနတာလို႔ ခုခံ ေျပာဆိုထားတာပါ။

တိုက္႐ိုက္ လင့္ခ္


.............

လုပ်ကြံခံရတဲ့ အီရန်နျူးကလီးယား ပညာရှင်ရဲ့ ဈာပန ကျင်းပ

(Unicode)

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က အသတ်ခံရတဲ့ နျူးကလီးယား သိပ္ပံပညာရှင် Mohsen Fakhrizadeh ရဲ့ ဈာပန အခမ်းအနားကို တနလာၤနေ့မှာ ပြုလုပ်ပါတယ်။ သူ သတ်ဖြတ်ခံရမှုကြောင့် အီရန် ခေါင်းဆောင်တွေဘက်က လက်စားချေ တုံ့ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

မြို့တော် Tehran က ကာကွယ်ရေး ဝန်ကြီးဌာနမှာ ကျင်းပတဲ့ ဈာပန အခမ်းအနားမှာ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Ami Hatami က အခု Fakhrizadeh သေဆုံးရမှုကြောင့် အီရန်တွေ ပိုပြီး ခိုင်မာ ပြတ်သား စည်းလုံးသွားစေကြောင်း၊ နိုင်ငံ အနေနဲ့ ကိုယ့်အလုပ်ကို ပိုပြီး အင်တိုက် အားတိုက် အရှိန်မြှင့် ဆက်လက် ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Absard မြို့အနီးကို ခရီးသွားခဲ့တဲ့ Fakhrizadeh ရဲ့ ကားကို ပြီးခဲ့တဲ့ သောကြာနေ့က သေနတ်သမားတွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်မှုဟာ အစ္စရေးလ်း လက်ချက်လို့ အီရန်က အပြစ်ဖို့ ထားပါတယ်။ အစ္စရေးလ်း ထောက်လှမ်းရေး ဌာန ဝန်ကြီး Eli Cohen ကတော့ တနလာၤနေ့တုန်းက အစ္စရေးလ် အသံလွှင့်ဌာန တခုကို ဖြေကြားတာမှာတော့ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာ သူမသိဘူးလို့ ပြောဆိုသွားပါတယ်။

ဒီ တိုက်ခိုက်မှုကို တုံ့ပြန်ချက် အနေနဲ့ အီရန် လွှတ်တော်က နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရပ်ဆိုင်းမယ့် ဥပဒေကြမ်း တခုကို စပြီး ဆွေးနွေးနေကြပါတယ်။

အီရန်ဘက်က နျူးကလီးယား လုပ်ငန်းတွေကို ကန့်သတ်ပြီး အပြန်အလှန် အားဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ပေးထားတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို ပြန်လည် ပါဝင်ဖို့ ရည်မှန်းထားတဲ့ အမေရိကန် ရွေးကောက်ခံ သမ္မတ Joe Biden ရာထူး တာဝန် လွှဲပြောင်းယူဖို့ ၂ လ လောက်ဘဲ လိုတော့တဲ့ အချိန်မှာ အခု အဖြစ် အပျက်တွေ ဖြစ်လာတာပါ။

အီရန်နဲ့ ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံကြား သဘောတူညီချက်ကတော့ အီရန် အနေနဲ့ နျူးကလီးယား လက်နက် မစမ်းသပ်နိုင်ဖို့ ရည်ရွယ်တာပါ။ အီရန်ဘက်ကတော့ သူ့ရဲ့ နျူးကလီးယား အစီအစဉ်က ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ ခုခံ ပြောဆိုထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG