သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားပညာရှင် သေဆုံးမှုအပေါ် အီရန်ဘက်က တုံ့ပြန်နိုင်ခြေ


လုပ်ကြံခံရတဲ့ အီရန် နျူကလီးယားသိပ္ပံပညာရှင် Mohsen Fakhrizadeh ရဲ့ ဈာပနအခမ်းအနား။ (နိုဝင်ဘာ ၂၉၊ ၂၀၂၀)
လုပ်ကြံခံရတဲ့ အီရန် နျူကလီးယားသိပ္ပံပညာရှင် Mohsen Fakhrizadeh ရဲ့ ဈာပနအခမ်းအနား။ (နိုဝင်ဘာ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အီရန် နျူကလီးယား သိပ္ပံပညာရှင် Mohsen Fakhrizadeh လုပ်ကြံခံရတာကို တုံ့ပြန် လက်စားချေမယ်လို့ အီရန်သမ္မတ Hassan Rouhani က ပြောပေမယ့်လည်း အီရန်တို့ လတ်တလော လက်တုံ့ပြန်နိုင်ခြေ မရှိဘူးလို့ လေ့လာသုံးသပ်နေကြပါတယ်။

အီရန်က အကြမ်းဖက်လက်တုံ့ပြန်ရင် ရာထူးဆင်းရတော့မယ့် အမေရိကန်သမ္မတ Donald Trump က စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်ခြေ ရှိတာအပြင် ရွေးကောက်ခံသမ္မတ Joe Biden ရဲ့ အီရန်အပေါ်ထားရှိတဲ့ သံတမန်ရေး ချဉ်းကပ်မှုနဲ့ မူဝါဒအပေါ်မှာ သက်ရောက်နိုင်ခြေ ရှိတာကြောင့်လို့ ဆိုပါတယ်။

အီရန်တို့ လက်တုံ့ပြန်နိုင်ပေမယ့် ၁ နှစ်၊ ၂ နှစ်ကြာလောက်မှ တုံ့ပြန် လက်စားချေလိမ့်မယ်လို့ GlobalStrat အဖွဲ့က ဦးဆောင်ညွှန်ကြားရေးမှူး Olivier Guitta က ဗွီအိုအေကို ပြောပါတယ်။

Foundation for Defense Democracies အဖွဲ့က Jonathan Schanzer ကတော့ အီရန်တို့အနေနဲ့ လက်တုံ့ပြန်ရင် Joe Biden အစိုးရနဲ့ ဆက်ဆံရေးအပေါ် အကြီးအကျယ် မှားယွင်းတွက်ချက်လိုက်သလို ဖြစ်သွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။

အမေရိကန်တို့ အီရန်နဲ့ ရရှိထားတဲ့ ၂၀၁၅ ခုနှစ် သဘောတူစာချုပ်ကနေ သမ္မတ Trump က တဖက်သတ် နုတ်ထွက်ခဲ့တာဖြစ်ပေမယ့် အဲဒီစာချုပ်ကို ပြန်လည် အသက်သွင်းလိုတယ်လို့ ရွေးကောက်ခံသမ္မတ Joe Biden က ပြောနေခဲ့တာပါ။

Joe Biden ရဲ့ အစိုးရအတွက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူ Tony Blinken ကလည်း အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ကို ပိုပြီး ခိုင်မာအောင်နဲ့ တာရှည်ခံအောင် လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဩဂုတ်လက ကျင်းပခဲ့တဲ့ ညီလာခံတခုမှာ ပြောထားခဲ့ပါတယ်။

အီရန်ခေါင်းဆောင်ပိုင်းကတော့ အသက် ၅၉ နှစ်အရွယ် အီရန် နျူကလီးယား သိပ္ပံပညာရှင် Mohsen Fakhrizadeh သောကြာနေ့က လုပ်ကြံခံရအပြီးမှာ အစ္စရေးနိုင်ငံကို အပြစ်တင်ထားပါတယ်။ သူဟာ ဒီနှစ်ထဲ ဒုတိယမြောက် လုပ်ကြံခံရတဲ့ အီရန်စစ်ဘက်က အဆင့်မြင့် အရာရှိတဦးလည်း ဖြစ်ပါတယ်။

အစ္စရေးလ်နိုင်ငံက သူ့လက်ချက်ဖြစ်တယ်လို့ မပြောသလို လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတယ် ဆိုတာကိုလည်း ငြင်းဆိုခြင်း မရှိပါဘူး။

အမေရိကန်အစိုးရ တာဝန်ရှိသူတွေကတော့ သောကြာနေ့က လုပ်ကြံမှုမှာ အမေရိကန်တို့ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)











XS
SM
MD
LG