သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယားသေဘာတူစာခ်ဳပ္ပါ စည္းကမ္းခ်က္ေတြ လုိက္နာဖုိ႔ အီရန္အသင့္ရွိေန


(Zawgyi/Unicode)

အီရန္နိုင္ငံအေနနဲ႔ ၂၀၁၅ ခုႏွစ္က ခ်ဳပ္ဆိုခဲ့တ အီရန္ ႏ်ဴးကလီးယားဆိုင္ရာ သေဘာတူစာခ်ဳပ္ပါ အခ်က္ေတြကို အျပည့္အဝ ျပန္လည္ လိုက္နာဖို႔ အသင့္ပဲလို႔ အီရ​န္ သမၼတ Hassan Rouhani က ဗုဒၶဟူးေန႔က ေျပာပါတယ္။

"စာခ်ဳပ္မွာ ပါဝင္ လက္မွတ္ထိုးထားတဲ့ နိုင္ငံႀကီး ၅ နိုင္ငံက ဒါမွမဟုတ္ အေမရိကန္မပါတဲ့ တျခား ၄ နိုင္ငံက စာခ်ဳပ္ပါ ကတိကဝတ္ ေတြကို ျပန္ၿပီး လိုက္နာမယ္ဆိုရင္ အီရန္တို႔ကလည္း ေပးထားတဲ့ ကတိေတြကို လိုက္နာသြားပါမယ္။” လို႔ အီရန္ သမၼတ Hassan Rouhani က ေျပာပါတယ္။

အီရန္နဲ႔ အင္အားႀကီး နိုင္ငံ ၅ နိုင္ငံအၾကား ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္က အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ကတစ္ဖက္သတ္ ႏုတ္ထြက္အၿပီးမွာ ပ်က္ျပယ္လုနီးပါး ရွိေနတာပါ။

ေရြးေကာက္ခံ သမၼတ Joe Biden ကေတာ့ စာခ်ဳပ္ထဲ ျပန္ဝင္မယ္လို႔ ေျပာထားပါတယ္။

အီရန္က ေရွးရိုးစြဲ သေဘာထား တင္းမာသူေတြကို ဆန္႔က်င္ၿပီး အီရန္ သမၼတက ေရွ႕ႏွစ္ ဇန္နဝါရီလ အေမရိကန္မွာ သမၼတ အေျပာင္းအလဲေၾကာင့္ ထြက္ေပၚလာမယ့္ အခြင့္အေရးကို အရယူမယ္လို႔လည္း ထပ္မံ ေျပာဆိုခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ အေမရိကန္တို႔ရဲ႕ ပိတ္ဆို႔ အေရးယူမႈေတြေၾကာင့္ COVID 19 ကာကြယ္ေဆး အပါအဝင္ လိုအပ္တဲ့ ေဆးဝါးနဲ႔ က်န္းမာေရး ပစၥည္းေတြကို ဝယ္ယူရာမွာ အီရန္တို႔ အေနနဲ႔ အခက္အခဲေတြ႕ေနရတယ္လို႔ အီရန္ သမၼတ Rouhani က ေျပာပါတယ္။

၂၀၁၅ ခုႏွစ္ အီရန္ ႏ်ဴးကလီးယား သေဘာတူစာခ်ဳပ္ကေန ႏုတ္ထြက္ၿပီးေနာက္ပိုင္းမွာ အေမရိကန္ အစိုးရက အီရန္တို႔ရဲ႕ ဘဏ္ လုပ္ငန္းနဲ႔ အေရးႀကီးတဲ့ ေရနံနဲ႔ ဓါတ္ေငြ႕ လုပ္ငန္းေတြအေပၚမွာ တင္းတင္းက်ပ္က်ပ္ ပိတ္ဆိုမႈေတြ ခ်မွတ္ထားခဲ့တာပါ။ဒါေပမဲ့ အေမရိကန္တို႔ကေတာ့ ေဆးဝါးနဲ႔ လူသားခ်င္း စာနာေထာက္ထားမႈ ကုန္ပစၥည္းေတြ အေပၚ ပိတ္ဆို႔မႈကေန ကင္းလြတ္ခြင့္ေပးထား တယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

နျူကလီးယားသဘောတူစာချုပ်ပါ စည်းကမ်းချက်တွေ လိုက်နာဖို့ အီရန်အသင့်ရှိနေ

(Unicode)

အီရန်နိုင်ငံအနေနဲ့ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တ အီရန် နျူးကလီးယားဆိုင်ရာ သဘောတူစာချုပ်ပါ အချက်တွေကို အပြည့်အဝ ပြန်လည် လိုက်နာဖို့ အသင့်ပဲလို့ အီရန် သမ္မတ Hassan Rouhani က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

"စာချုပ်မှာ ပါဝင် လက်မှတ်ထိုးထားတဲ့ နိုင်ငံကြီး ၅ နိုင်ငံက ဒါမှမဟုတ် အမေရိကန်မပါတဲ့ တခြား ၄ နိုင်ငံက စာချုပ်ပါ ကတိကဝတ် တွေကို ပြန်ပြီး လိုက်နာမယ်ဆိုရင် အီရန်တို့ကလည်း ပေးထားတဲ့ ကတိတွေကို လိုက်နာသွားပါမယ်။” လို့ အီရန် သမ္မတ Hassan Rouhani က ပြောပါတယ်။

အီရန်နဲ့ အင်အားကြီး နိုင်ငံ ၅ နိုင်ငံအကြား ချုပ်ဆိုခဲ့တဲ့ စာချုပ်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတစ်ဖက်သတ် နုတ်ထွက်အပြီးမှာ ပျက်ပြယ်လုနီးပါး ရှိနေတာပါ။

ရွေးကောက်ခံ သမ္မတ Joe Biden ကတော့ စာချုပ်ထဲ ပြန်ဝင်မယ်လို့ ပြောထားပါတယ်။

အီရန်က ရှေးရိုးစွဲ သဘောထား တင်းမာသူတွေကို ဆန့်ကျင်ပြီး အီရန် သမ္မတက ရှေ့နှစ် ဇန်နဝါရီလ အမေရိကန်မှာ သမ္မတ အပြောင်းအလဲကြောင့် ထွက်ပေါ်လာမယ့် အခွင့်အရေးကို အရယူမယ်လို့လည်း ထပ်မံ ပြောဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်တို့ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် COVID 19 ကာကွယ်ဆေး အပါအဝင် လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေး ပစ္စည်းတွေကို ဝယ်ယူရာမှာ အီရန်တို့ အနေနဲ့ အခက်အခဲတွေ့နေရတယ်လို့ အီရန် သမ္မတ Rouhani က ပြောပါတယ်။

၂၀၁၅ ခုနှစ် အီရန် နျူးကလီးယား သဘောတူစာချုပ်ကနေ နုတ်ထွက်ပြီးနောက်ပိုင်းမှာ အမေရိကန် အစိုးရက အီရန်တို့ရဲ့ ဘဏ် လုပ်ငန်းနဲ့ အရေးကြီးတဲ့ ရေနံနဲ့ ဓါတ်ငွေ့ လုပ်ငန်းတွေအပေါ်မှာ တင်းတင်းကျပ်ကျပ် ပိတ်ဆိုမှုတွေ ချမှတ်ထားခဲ့တာပါ။ဒါပေမဲ့ အမေရိကန်တို့ကတော့ ဆေးဝါးနဲ့ လူသားချင်း စာနာထောက်ထားမှု ကုန်ပစ္စည်းတွေ အပေါ် ပိတ်ဆို့မှုကနေ ကင်းလွတ်ခွင့်ပေးထား တယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG