သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးကိစ္စ အမေရိကန်ရဲ့ နိုင်ငံရေး မူဝါဒချမှတ်မှု တရုတ် ဆန့်ကျင်


(Zawgyi/Unicode)

တရုတ် စစ်တပ်နဲ့ ဆက်စပ်တယ်လို့ အမေရိကန်က ပြောဆိုပြီး တရုတ် ဆက်သွယ်ရေး နည်းပညာ လုပ်ငန်း ၃ ခုကို New York Stock Exchange ကနေ စတင် ဖယ်ရှာခဲ့ပြီးနောက်မှာတော့ ကုန်သွယ်ရေး ကိစ္စကို နိုင်ငံရေးဇာတ်သွင်းတဲ့ အမေရိကန် အစိုးရရဲ့ အပြုအမူကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ဇန်နဝါရီလ ၄ ရက် တနလာၤနေ့မှာ တရုတ်က ပြောဆိုလိုက်ပါတယ်။

တရုတ် ကုမ္ပဏီတွေရဲ့ တရားဝင် အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ရေး တရုတ် အစိုးရဘက်က လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Hua Chunying က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု တည်ငြိမ်ရေး၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ တရားဝင် အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ ကမ္ဘာတဝန်း ဘဏ္ဍာရေး ဈေးကွက် စနစ်ကို ထိန်းသိမ်းထားနိုင်ရေး အတွက် ဈေးကွက်နဲ့ တရားဥပဒေ စိုးမိုးရေးကို အမေရိကန်ဘက်က လေးစားဖို့ မျှော်လင့်ကြောင်း၊ တရုတ် ကုမ္ပဏီတွေရဲ့ တရားဝင် အခွင့်အရေးတွေကို ခိုင်ခိုင်မာမာ ကာကွယ်နိုင်ရေး အတွက် တရုတ် အစိုးရဘက်က လိုအပ်သလို ဆောင်ရွက်သွားမယ့် အကြောင်း ပြောခွင့်ရ Hua Chunying က မန်ဒရင်း တရုတ်ဘာသာ စကားနဲ့ ပြောဆိုသွားတာပါ။

တရုတ် စစ်တပ် ပိုင်ဆိုင်တဲ့ ဒါမှမဟုတ်လည်း ထိန်းချုပ်ထားတဲ့ လုပ်ငန်းကြီးတွေမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကို တားမြစ်တဲ့ အမေရိကန် သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်ကို ကိုင်တွယ်ဆောင်ရွက်တဲ့ အနေနဲ့ China Mobile၊ China Unicom နဲ့ China Telecom တို့ကို စာရင်းကနေ စတင် ပယ်ဖျက်နေပြီ ဖြစ်ကြောင်း New York Stock Exchange NYSE က ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)





XS
SM
MD
LG