သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေးအခြေခံ သဘောတူချက်ညီရ


(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား ၁၇ လကြာ တည်ရှိလာခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်စေမယ့် အခြေခံသဘောတူညီချက် ရလိုက်ပြီဖြစ်ကြောင်း ဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သဘောတူညီချက် တစုံတရာမရခဲ့ရင် လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အမေရိကန်က တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးမြင့်ကောက်ခံဖို့ ရှိနေပေမယ့် အဲဒီ အခွန်တိုး ကောက်မယ့်အစီအစဉ်ကို ရှောင်ရှားနိုင်ဖို့ သမ္မတ Donald Trump က ကြာသပတေးနေ့မှာ အဲဒီ အခြေခံသဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ပြီလို့ ဆိုပါတယ်။

သဘောတူညီချက်ပါ အသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းနေဆဲဖြစ်ပေမယ့် သဘောတူညီချက်တော့ ရထားပြီလို့ ဆိုပါတယ်။ ဒါပေမယ့် သဘောတူညီချက်ထဲမှာ ပါဝင်တဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

အခုလို သဘောတူညီချက်ရဖို့အတွက် အမေရိကန်ဘက်က လက်ရှိ တရုတ်သွင်းကုန်တွေအပေါ် ကောက်ခံနေတဲ့ အခွန်တွေကို ၅၀% လျော့ချပေးမှာဖြစ်တဲ့အပြင် လာမယ့် တနင်္ဂနွေနေ့မှာ စတင် အသက်ဝင်မယ့် သွင်းကုန်အခွန် တိုးမြင့်ကောက်ခံမယ့် အစီအစဉ်ကိုလည်း ဆိုင်းငံ့ထားပေးမှာဖြစ်တယ်လို့ ဆွေးနွေးပွဲတွေနဲ့နီစပ်သူတွေက ပြောပါတယ်။

တကယ်လို့ အမေရိကန်ဘက်က တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ့် အစီအစဉ်ကို ဆိုင်းငံ့မပေးဘူးဆိုရင် တရုတ်ဘက်ကလည်း အမေရိကန် သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ့်အပြင် အမေရိကန်နဲ့ ပြုလုပ်နေတဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေကိုလည်း ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲပြီးတဲ့အထိ ဆိုင်းငံ့ထားနိုင်တယ်လို့ ကုန်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)






XS
SM
MD
LG