သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဂ်ာ္ဂ်ီယာ ျပည္နယ္ကိုယ္စားျပဳ အထက္လြတ္ေတာ္ေ႐ြးေကာက္ပြဲ ဒီမိုကရက္ေတြ အေလးသာ


ဒီမိုကရက္ပါတီ ကိုယ္စားျပဳ ယွဥ္ၿပိင္သူ Raphael Warnock ႏွင့္ Jon Ossoff

(Zawgyi/Unicode)

ေဂ်ာ္ဂ်ီယာ ျပည္နယ္ကိုယ္စားျပဳ အေမရိကန္ အထက္လႊတ္ေတာ္ အမတ္ ႏွစ္ေနရာအတြက္ ေရြးေကာက္ပြဲေတြကို မေန႔ ဗုဒၶဟူး ေန႔က က်င္းပၿပီးတဲ့ေနာက္ ဒီမိုကရက္ပါတီ ကိုယ္စားျပဳ ယွဥ္ၿပိင္သူ Raphael Warnock က လက္ရွိ ရစ္ပတ္ဘလင္ကန္ အမတ္ Kelly Loeffler ကို အနိုင္ရလိုက္ၿပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ Raphael Warnock က ကၽြန္စနစ္ကို ေထာက္ခံခဲ့တဲ့ ေတာင္ပိုင္း ကြန္ဖက္ ဒရိတ္ျပည္နယ္ရဲ့ ပထမဆုံး လူမည္း အထက္လႊတ္ေတာ္ အမတ္တစ္ဦး ျဖစ္လာသလို႔ သူ႔ရဲ့ ဒီမိုကရက္ပါတီအေနနဲ႔လည္း ကြန္ဂရက္ လႊတ္ေတာ္တစ္ရပ္လုံးကို ထိန္းခ်ဳပ္ နိုင္ဖို႔ ပိုၿပီး နီးစပ္သြားၿပီ ျဖစ္ပါတယ္။

ေနာက္ထပ္ အထက္လႊတ္ေတာ္ အမတ္တစ္ေနရာအတြက္ ဒီမိုကရက္ ပါတီ ကိုယ္စားျပဳ ယွဥ္ၿပိဳင္ေနသူ Jon Ossoff ကလည္းလက္ရွိ ရစ္ပတ္ဘလင္ကန္ အမတ္ David Perdue ကို ပြတ္ကာသီကာနဲ႔ ဦးေဆာင္ေနပါတယ္။ Jon Ossoff က ဗုဒၶဟူးေန႔ အေစာပိုင္းတုန္း က သူ အနိုင္ရတယ္လို႔ ေၾကညာခဲ့ေပမယ့္ အႀကိတ္အနယ္ ရွိလြန္းတာေၾကာင့္ အနိုင္ရသူကို ေၾကညာဖို႔အခ်ိန္ေစာေနေသးတာ ျဖစ္ ပါတယ္။

Jon Ossoffအနိုင္ရရင္ ဒီမိုကရက္တစ္ပါတီက ကြန္ဂရက္ တစ္ခုလုံးကို ထိန္းခ်ဳပ္သြားနိုင္မွာ ျဖစ္ၿပီး ဆယ္ႏွစ္အၾကာမွာ ပါတီ တစ္ခုက အထက္နဲ႔ ေအာက္လႊတ္ေတာ္ ႏွစ္ရပ္လုံးကို ပထမဆုံး ထိန္းခ်ဳပ္ထားခြင့္ ရမွာ ျဖစ္ပါတယ္။

ဒါ့အျပင္၊ ေရြးေကာက္ခံ သမၼတ Joe Biden နဲ႔ ကြန္ဂရက္က ဒီမိုကရက္ အမတ္ေတြ အေနနဲ႔ လႊတ္ေတာ္မွာ ဥပေဒျပဳေရးကိစၥေတြ ေဆာင္ရြက္ရာမွာ လြယ္ကူမွာလည္း ျဖစ္ပါတယ္။

ေဂ်ာ္ဂ်ီယာ အထက္လႊတ္ေတာ္ ေရြးေကာက္ပြဲမွာ မဲေပးသူေတြ မႀကံစဖူး စံခ်ိန္တင္မ်ားျပားခဲ့တာပါ။ အစဥ္အလာအရ ရစ္ပတ္ ဘ လင္ကန္ ပါတီ ႀကီးစိုးတဲ့ ျပည္နယ္မွာ နိုဝင္ဘာ သမၼတ ေရြးေကာက္ပြဲတုန္းကလိုပဲ ဒီမိုကရက္တစ္ ကိုယ္စားလွယ္ေတြ အနိုင္ရဖို႔ အေျခအေနကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဂျော်ဂျီယာ ပြည်နယ်ကိုယ်စားပြု အထက်လွတ်တော်ရွေးကောက်ပွဲ ဒီမိုကရက်တွေ အလေးသာ

(Unicode)

ဂျော်ဂျီယာ ပြည်နယ်ကိုယ်စားပြု အမေရိကန် အထက်လွှတ်တော် အမတ် နှစ်နေရာအတွက် ရွေးကောက်ပွဲတွေကို မနေ့ ဗုဒ္ဓဟူး နေ့က ကျင်းပပြီးတဲ့နောက် ဒီမိုကရက်ပါတီ ကိုယ်စားပြု ယှဉ်ပြိင်သူ Raphael Warnock က လက်ရှိ ရစ်ပတ်ဘလင်ကန် အမတ် Kelly Loeffler ကို အနိုင်ရလိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် Raphael Warnock က ကျွန်စနစ်ကို ထောက်ခံခဲ့တဲ့ တောင်ပိုင်း ကွန်ဖက် ဒရိတ်ပြည်နယ်ရဲ့ ပထမဆုံး လူမည်း အထက်လွှတ်တော် အမတ်တစ်ဦး ဖြစ်လာသလို့ သူ့ရဲ့ ဒီမိုကရက်ပါတီအနေနဲ့လည်း ကွန်ဂရက် လွှတ်တော်တစ်ရပ်လုံးကို ထိန်းချုပ် နိုင်ဖို့ ပိုပြီး နီးစပ်သွားပြီ ဖြစ်ပါတယ်။

နောက်ထပ် အထက်လွှတ်တော် အမတ်တစ်နေရာအတွက် ဒီမိုကရက် ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်နေသူ Jon Ossoff ကလည်းလက်ရှိ ရစ်ပတ်ဘလင်ကန် အမတ် David Perdue ကို ပွတ်ကာသီကာနဲ့ ဦးဆောင်နေပါတယ်။ Jon Ossoff က ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်း က သူ အနိုင်ရတယ်လို့ ကြေညာခဲ့ပေမယ့် အကြိတ်အနယ် ရှိလွန်းတာကြောင့် အနိုင်ရသူကို ကြေညာဖို့အချိန်စောနေသေးတာ ဖြစ် ပါတယ်။

Jon Ossoffအနိုင်ရရင် ဒီမိုကရက်တစ်ပါတီက ကွန်ဂရက် တစ်ခုလုံးကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပြီး ဆယ်နှစ်အကြာမှာ ပါတီ တစ်ခုက အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးကို ပထမဆုံး ထိန်းချုပ်ထားခွင့် ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင်၊ ရွေးကောက်ခံ သမ္မတ Joe Biden နဲ့ ကွန်ဂရက်က ဒီမိုကရက် အမတ်တွေ အနေနဲ့ လွှတ်တော်မှာ ဥပဒေပြုရေးကိစ္စတွေ ဆောင်ရွက်ရာမှာ လွယ်ကူမှာလည်း ဖြစ်ပါတယ်။

ဂျော်ဂျီယာ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးသူတွေ မကြံစဖူး စံချိန်တင်များပြားခဲ့တာပါ။ အစဉ်အလာအရ ရစ်ပတ် ဘ လင်ကန် ပါတီ ကြီးစိုးတဲ့ ပြည်နယ်မှာ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲတုန်းကလိုပဲ ဒီမိုကရက်တစ် ကိုယ်စားလှယ်တွေ အနိုင်ရဖို့ အခြေအနေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG