သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဂ်ာ္ဂ်ီယာျပည္နယ္ တေက်ာ့ျပန္ေရြးေကာက္ပဲြ ေနာက္ဆံုးအေျခအေန


ဒီမိုကရက္အမတ္ေလာင္း Raphael Warnock။ (ဇန္နဝါရီ ၀၅၊ ၂၀၂၁

[Zawgyi/Unicode]

အေမရိကန္အထက္လႊတ္ေတာ္၊ ေဂ်ာ္ဂ်ီယာျပည္နယ္ကိုယ္စားျပဳ အမတ္ေနရာ ၂ ေနရာအတြက္ ေနာက္တေက်ာ့ေ႐ြးေကာက္ပြဲေတြကို အဂၤါေန႔ကက်င္းပခဲ့တာမွာ အမတ္ေနရာတေနရာကို ဒီမိုကရက္တစ္ပါတီကိုယ္စားျပဳ အမတ္ေလာင္းက အႏိုင္ရတဲ့အေၾကာင္း အေမရိကန္ သတင္းဌာနေတြက ခန႔္မွန္း ေၾကညာထားပါတယ္။

ရီပတ္ဘလီကန္ပါတီက လက္ရွိအထက္လႊတ္ေတာ္အမတ္ Kelly Loeffler ကို ဒီမိုကရက္အမတ္ေလာင္း Raphael Warnock က အႏိုင္ရတယ္လို႔ ကြန္ဆာေဗးတစ္ Fox သတင္းဌာနအပါအဝင္ တျခားသတင္းဌာနအသီးသီးက ခန႔္မွန္းေၾကညာထားတာပါ။

ေနာက္တေနရာအတြက္ ယွဥ္ၿပိဳင္ၾကတဲ့ ရီပတ္ဘလီကန္ပါတီက လက္ရွိအထက္လႊတ္ေတာ္အမတ္ David Perdue နဲ႔ ဒီမိုကရက္အမတ္ေလာင္း Jon Ossof တို႔ၾကားမွာေတာ့ ဘယ္သူအႏိုင္ရတယ္ဆိုတာ ျပတ္ျပတ္သားသား မရွိေသးဘဲ လက္ရွိေရတြက္ၿပီးသမ ွ် မဲရလဒ္အရ ဒီမုိကရက္ Jon Ossof က မဲအေရအတြက္ အနည္းငယ္အသာနဲ႔ ဦးေဆာင္ေနပါတယ္။ လက္ရွိမွာ မဲေရတြက္တာ မၿပီးျပတ္ေသးပါဘူး။

အဂၤါေန႔ မဲေပးပြဲမတိုင္ခင္ထိမွာ ရီပတ္ဘလီကန္ပါတီက အထက္လႊတ္ေတာ္အမတ္ေနရာ ၅၀ ကိုရထားၿပီး ဒီမိုကရက္ေတြက ၄၈ ေနရာရထားပါတယ္။ ရီပတ္ဘလီကန္ေတြအေနနဲ႔ ေနာက္ထပ္တေနရာကို အႏိုင္ရတာနဲ႔တင္ အထက္လႊတ္ေတာ္ကို ထိန္းခ်ဳပ္ႏိုင္မွာျဖစ္ပါတယ္။

ဒီမိုကရက္ေတြအေနနဲ႔ကေတာ့ လက္ရွိယွဥ္ၿပိဳင္ေနတဲ့ အမတ္ေနရာ ၂ ေနရာစလုံးကို အႏိုင္ရမွသာ အမတ္အေရအတြက္ ၅၀ စီ တူသြားမွာျဖစ္ပါတယ္။ အဲဒီအေျခအေနမွာဆိုရင္ေတာ့ အထက္လႊတ္ေတာ္ဥကၠ႒အျဖစ္ အစည္းအေဝးေတြ တက္ေရာက္ရမယ့္ လက္ရွိ ေ႐ြးေကာက္ခံ ဒုတိယသမၼတ Kamala Harris ရဲ႕ အဆုံးအျဖတ္မဲနဲ႔ ဒီမိုကရက္ေတြအေနနဲ႔ သူတို႔လိုခ်င္တဲ့ ဆုံးျဖတ္ခ်က္အမ်ားစုကို ခ်မွတ္ႏိုင္မွာျဖစ္ပါတယ္။

ေအာက္လႊတ္ေတာ္ကိုေတာ့ ဒီမိုကရက္ေတြက အမတ္အေရအတြက္ အနည္းငယ္အသာနဲ႔ ထိန္းခ်ဳပ္ထားၿပီးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂျော်ဂျီယာပြည်နယ် တကျော့ပြန်ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ

အမေရိကန်အထက်လွှတ်တော်၊ ဂျော်ဂျီယာပြည်နယ်ကိုယ်စားပြု အမတ်နေရာ ၂ နေရာအတွက် နောက်တကျော့ရွေးကောက်ပွဲတွေကို အင်္ဂါနေ့ကကျင်းပခဲ့တာမှာ အမတ်နေရာတနေရာကို ဒီမိုကရက်တစ်ပါတီကိုယ်စားပြု အမတ်လောင်းက အနိုင်ရတဲ့အကြောင်း အမေရိကန် သတင်းဌာနတွေက ခန့်မှန်း ကြေညာထားပါတယ်။

ရီပတ်ဘလီကန်ပါတီက လက်ရှိအထက်လွှတ်တော်အမတ် Kelly Loeffler ကို ဒီမိုကရက်အမတ်လောင်း Raphael Warnock က အနိုင်ရတယ်လို့ ကွန်ဆာဗေးတစ် Fox သတင်းဌာနအပါအဝင် တခြားသတင်းဌာနအသီးသီးက ခန့်မှန်းကြေညာထားတာပါ။

နောက်တနေရာအတွက် ယှဉ်ပြိုင်ကြတဲ့ ရီပတ်ဘလီကန်ပါတီက လက်ရှိအထက်လွှတ်တော်အမတ် David Perdue နဲ့ ဒီမိုကရက်အမတ်လောင်း Jon Ossof တို့ကြားမှာတော့ ဘယ်သူအနိုင်ရတယ်ဆိုတာ ပြတ်ပြတ်သားသား မရှိသေးဘဲ လက်ရှိရေတွက်ပြီးသမ ျှ မဲရလဒ်အရ ဒီမိုကရက် Jon Ossof က မဲအရေအတွက် အနည်းငယ်အသာနဲ့ ဦးဆောင်နေပါတယ်။ လက်ရှိမှာ မဲရေတွက်တာ မပြီးပြတ်သေးပါဘူး။

အင်္ဂါနေ့ မဲပေးပွဲမတိုင်ခင်ထိမှာ ရီပတ်ဘလီကန်ပါတီက အထက်လွှတ်တော်အမတ်နေရာ ၅၀ ကိုရထားပြီး ဒီမိုကရက်တွေက ၄၈ နေရာရထားပါတယ်။ ရီပတ်ဘလီကန်တွေအနေနဲ့ နောက်ထပ်တနေရာကို အနိုင်ရတာနဲ့တင် အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ဒီမိုကရက်တွေအနေနဲ့ကတော့ လက်ရှိယှဉ်ပြိုင်နေတဲ့ အမတ်နေရာ ၂ နေရာစလုံးကို အနိုင်ရမှသာ အမတ်အရေအတွက် ၅၀ စီ တူသွားမှာဖြစ်ပါတယ်။ အဲဒီအခြေအနေမှာဆိုရင်တော့ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အစည်းအဝေးတွေ တက်ရောက်ရမယ့် လက်ရှိ ရွေးကောက်ခံ ဒုတိယသမ္မတ Kamala Harris ရဲ့ အဆုံးအဖြတ်မဲနဲ့ ဒီမိုကရက်တွေအနေနဲ့ သူတို့လိုချင်တဲ့ ဆုံးဖြတ်ချက်အများစုကို ချမှတ်နိုင်မှာဖြစ်ပါတယ်။

အောက်လွှတ်တော်ကိုတော့ ဒီမိုကရက်တွေက အမတ်အရေအတွက် အနည်းငယ်အသာနဲ့ ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

XS
SM
MD
LG