သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္အထက္လႊတ္ေတာ္ထိန္းခ်ဳပ္ေရး အဆံုးအျဖတ္အတြက္ ေဂ်ာ္ဂ်ီယာျပည္နယ္လူထု ထပ္မံ မဲေပးၾကၿပီ


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု အထက္လႊတ္ေတာ္ႏွစ္ေနရာအတြက္ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ မေန႔ အဂၤါေန႔က ျပန္ၿပီး က်င္းပတဲ့ေ႐ြးေကာက္ပြဲမွာ လူေတြ မဲ႐ုံေတြမွာ နံနက္အေစာကတည္းက တန္းစီးၿပီး မဲေပးခဲ့ၾကပါတယ္။

အခုလို ေဂ်ာ္ဂ်ီယာ ျပည္သူေတြ မဲ႐ုံေတြမွာ မဲေပးၾကဖို႔လည္း သမၼတ Trump ရဲ႕စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လို႔ တနလၤာေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေဂ်ာ္ဂ်ီယာ မဲဆႏၵစနစ္ အေကာင္အထည္ေဖာ္ေရးစီမံခန႔္ခြဲေရး မန္ေနဂ်ာ Gabriel Sterling က တိုက္တြန္းခဲ့ပါတယ္။

”အခုအခ်ိန္မွာ သမၼတရဲ႕ ေၾကညာခ်က္ေတြနဲ႔ သူ႔ရဲ႕ စြပ္စဲြခ်က္ေတြကို ေထာက္ခံတဲ့ သမၼတနဲ႔ အကြ်မ္းတ၀င္ရွိခဲ့သူေတြရဲ႕ သေဘာထားေတြအရ ဆႏၵျပၾကဖို႔၊ မဲမထည့္ၾကဖို႔ ဆိုတဲ့ တိုက္တြန္းခ်က္ေတြရွိေနပါတယ္။ က်ေနာ္တို႔ အထူးသျဖင့္ ေတာင္းဆိုခ်င္တာက အဂၤါေန႔မွာ ထြက္ၿပီး မဲေတြ ေပးၾကဖို႔ျဖစ္ပါတယ္။” လို႔ ေျပာသြားတာပါ။

ေဂ်ာ္ဂ်ီယာ ေရြးေကာက္ပဲြဟာ အထက္လႊတ္ေတာ္မွာ ရီပါပလင္ကန္ သို႔မဟုတ္ ဒီမိုကရက္ က လႊမ္းမိုးထိန္းခ်ဳပ္မလဲဆိုတာ အဆံုးအျဖတ္ေပးမွာျဖစ္ပါတယ္။

အထက္လႊတ္ေတာ္ႏွစ္ေနရာအတြက္ ရီပတ္ဘလီကန္အထက္လႊတ္ေတာ္အမတ္ David Perdue နဲ႔ဒီမိုကရက္ပါတီကရုပ္သံမွတ္တမ္း ထုတ္လုပ္သူ Jon Ossoff တို႔ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး၊ လက္ရွိ ရီပါပလင္ကန္အထက္လႊတ္ေတာ္ အမ်ဳိးသမီအမတ္ ၾကြယ္၀ခ်မ္းသာသူ Kelly Loeffler နဲ႔ ဒီမိုကရက္ဘက္က ခရစ္ယာန္ တရားေဟာဆရာ Raphael Warnock တို႔ ယွဥ္ၿပိဳင္ေနၾကတာျဖစ္ပါတယ္။ ဒီေရြးေကာက္႔ြအတြက္ ႀကိဳတင္မဲေပးသူေပါင္း ၃ သန္းေက်ာ္ရွိခဲ့ပါတယ္။

တနလၤာေန႔ကေတာ့ ေရြးေကာက္ခံသမၼတ ဂ်ဳိးဘိုင္ဒန္ေရာ၊ သမၼတ Trump ပါ ေဂ်ာ္ဂ်ီယာျပည္နယ္ကို သြားေရာက္ၿပီး မဲဆြယ္စည္းရံုးေပးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကန်အထက်လွှတ်တော်ထိန်းချုပ်ရေး အဆုံးအဖြတ်အတွက် ဂျော်ဂျီယာပြည်နယ်လူထု ထပ်မံ မဲပေးကြပြီ

(Unicode)

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်နှစ်နေရာအတွက် ဂျော်ဂျီယာပြည်နယ်မှာ မနေ့ အင်္ဂါနေ့က ပြန်ပြီး ကျင်းပတဲ့ရွေးကောက်ပွဲမှာ လူတွေ မဲရုံတွေမှာ နံနက်အစောကတည်းက တန်းစီးပြီး မဲပေးခဲ့ကြပါတယ်။ အခုလို ဂျော်ဂျီယာ ပြည်သူတွေ မဲရုံတွေမှာ မဲပေးကြဖို့လည်း သမ္မတ Trump ရဲ့စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂျော်ဂျီယာ မဲဆန္ဒစနစ် အကောင်အထည်ဖော်ရေးစီမံခန့်ခွဲရေး မန်နေဂျာ Gabriel Sterling က တိုက်တွန်းခဲ့ပါတယ်။

”အခုအချိန်မှာ သမ္မတရဲ့ ကြေညာချက်တွေနဲ့ သူ့ရဲ့ စွပ်စွဲချက်တွေကို ထောက်ခံတဲ့ သမ္မတနဲ့ အကျွမ်းတဝင်ရှိခဲ့သူတွေရဲ့ သဘောထားတွေအရ ဆန္ဒပြကြဖို့၊ မဲမထည့်ကြဖို့ ဆိုတဲ့ တိုက်တွန်းချက်တွေရှိနေပါတယ်။ ကျနော်တို့ အထူးသဖြင့် တောင်းဆိုချင်တာက အင်္ဂါနေ့မှာ ထွက်ပြီး မဲတွေ ပေးကြဖို့ဖြစ်ပါတယ်။” လို့ ပြောသွားတာပါ။

ဂျော်ဂျီယာ ရွေးကောက်ပွဲဟာ အထက်လွှတ်တော်မှာ ရီပါပလင်ကန် သို့မဟုတ် ဒီမိုကရက် က လွှမ်းမိုးထိန်းချုပ်မလဲဆိုတာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

အထက်လွှတ်တော်နှစ်နေရာအတွက် ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် David Perdue နဲ့ဒီမိုကရက်ပါတီကရုပ်သံမှတ်တမ်း ထုတ်လုပ်သူ Jon Ossoff တို့ယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ လက်ရှိ ရီပါပလင်ကန်အထက်လွှတ်တော် အမျိုးသမီအမတ် ကြွယ်ဝချမ်းသာသူ Kelly Loeffler နဲ့ ဒီမိုကရက်ဘက်က ခရစ်ယာန် တရားဟောဆရာ Raphael Warnock တို့ ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။ ဒီရွေးကောက့်ွအတွက် ကြိုတင်မဲပေးသူပေါင်း ၃ သန်းကျော်ရှိခဲ့ပါတယ်။

တနင်္လာနေ့ကတော့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရော၊ သမ္မတ Trump ပါ ဂျော်ဂျီယာပြည်နယ်ကို သွားရောက်ပြီး မဲဆွယ်စည်းရုံးပေးခဲ့ကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG